Entertainment

အဆိုတော် Shakira ရဲ့ “El Dorado World Tour” ဖျော်ဖြေပွဲကို ကမ္ဘာတဝန်းရှိရုပ်ရှင်ရုံများမှာ ပြသမှာဖြစ်

အဆိုတော် Shakira ဟာ သူရဲ့ကြီးမားတဲ့ “El Dorado World Tour” နယ်လှည့်ဖျော်ဖြေပွဲကို ရုပ်ရှင်အဖြစ် ပြသတော့ မှာဖြစ်ပါတယ်။

သူဟာ အဲ့ဒီစိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းကိုပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပြီး လော့စ်အင်ဂျလိစ်မြို့ The Forum မှာ ရိုက်ကူးခဲ့တဲ့ “Shakira in Concert: El Dorado World Tour” ဖျော်ဖြေပွဲကို နိုင်ငံပေါင်း ၆၀ ကျော်မှာရှိတဲ့ ရုပ်ရှင်ရုံပေါင်း ၂၀၀၀ ကျော်မှာ ပြသမှာလည်း ဖြစ်ပါတယ်။

Trafalgar Releasing, Sony Music နဲ့ Shakira Entertainment တို့ကနေ တင်ဆက်တဲ့ အဲ့ဒီရုပ်ရှင်ကို လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့ကနေစလို့ ပြသသွားမှာလည်း ဖြစ်ပါတယ်။

အသံပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ၇ လလောက်ဖျော်ဖြေပွဲတွေကို ရွှေ့ဆိုင်းခဲ့ရတဲ့ Shakira က “ကျမရဲ့ ဂီတသက်တမ်းတလျှောက်လုံးမှာ အမှတ်ရစရာအကောင်းဆုံး ဖျော်ဖြေပွဲဖြစ်ပါတယ်။ ကျမရဲ့အသံ ပြန်ကောင်းခဲ့ပြီးတဲ့ နောက် ကျမရဲ့ ပရိသတ်တွေက သူတို့ပြောနေကျအတိုင်း စင်ပေါ်ကို ပြန်တက်ပါဆိုပြီး အားပေးကြတယ်။ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ နိုင်ငံပေါင်း ၆၀ ကျော်မှာ သူတို့တွေနဲ့အတူ ပြန်လည်ရှင်သန်ရမယ်ဆိုတာ အိပ်မက်ဆန်ပါတယ်” လို့ Billboard မီဒီယာကို ပြောကြားခဲ့ပါတယ်။

ဖျော်ဖြေပွဲကို ရုပ်ရှင်အဖြစ် ပြန်လည်တင်ဆက်ဖို့ ပရိသတ်တွေက တောင်းဆိုကြလို့ နောက်ဆုံးမှာတော့ အဆင်သင့် ဖြစ်လာခဲ့ပြီလို့ လည်း ဆိုပါတယ်။

Trafalgar Releasing ရဲ့စီအီးအို Marc Allenby က “Trafalgar Releasing ဟာ ကမ္ဘာတဝန်းမှာရှိတဲ့ ပရိသတ်ပေါင်း ၁ သန်းနီးပါးကို Shakira ရဲ့ ‘El Dorado’ ဖျော်ဖြေပွဲကို ဆောင်ယူလာဖို့အတွက် အသံကြိုးထိခိုက်မှုကနေ ဘယ်လို ဆုံးဖြတ်ချက်ချခဲ့တယ်ဆိုတာကို ပုံဖော်ထားတဲ့ ထူးခြားတဲ့ဇာတ်လမ်း ရုပ်ရှင်ရုံတွေမှာ ပြသရာမှာ တကယ့်ကိုပဲ စိတ်လှုပ်ရှားနေပါပြီ” လို့ဆိုပါတယ်။

နှစ်ပေါင်း ၂၀ ကျော်ကြားခဲ့ပြီဖြစ်တဲ့ Shakira ရဲ့ အနုပညာသက်တမ်းကို ဂုဏ်ပြုနိုင်ဖို့အတွက် သူ့ရဲ့ပြောစကားတွေနဲ့ ဖျော်ဖြေပွဲတွေကို စင်နောက်ကွယ်က ဖြစ်ရပ်တွေနဲ့ပါ ပေါင်းစပ်ပြီး ရုပ်ရှင်အဖြစ် ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

Ref: etcanada

You may also like these stories:

ရှာကီရာရဲ့ ကိုယ်ပိုင်အွန်လိုင်း ဝက်ဘ်ဆိုက်ကနေ နာဇီသင်္ကေတနဲ့ ဆင်တဲ့ လည်ဆွဲကို ဖယ်ရှား

အဆိုတော် ရှကီရာ ရဲ့ ၁၁ ခွေမြောက် တေးအယ်လ်ဘမ်သစ် ထွက်ရှိ

Loading