ဒီနှစ် ဆောင်းဦးပေါက်ချိန်က စပြီး မင်းသား Matthew McConaughey ဟာ တက္ကဆက် တက္ကသိုလ်မှာ အချိန်ပြည့်ပါမောက္ခအဖြစ် စတင်ပြီး တာဝန်ထမ်းဆောင်တော့မယ်လို့ သိရပါတယ်။
၁၉၉၃ ခုနှစ်က အဲဒီတက္ကသိုလ်မှာပဲ ဘွဲ့ရခဲ့တဲ့ မင်းသား Matthew McConaughey ဟာ ရုပ်ရှင်၊ရေဒီယိုနဲ့ ရုပ်သံ ဌာနမှာ ၂၀၁၅ ခုနှစ်ကတည်းက ဧည့်ပါမောက္ခအဖြစ် စာသင်နေတာ ဖြစ်ပြီး အခုနှစ်က စပြီး တရားဝင် အချိန်ပြည့် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ တက္ကသိုလ်က ထုတ်ပြန်ထားတဲ့ သတင်းတွေက ဆိုပါတယ်။
Matthew McConaugheyဟာ ကျောင်းက ပါမောက္ခတဦးနဲ့ အတူ ဇာတ်ညွှန်းရေးသားခြင်းမှတဆင့် ရုပ်သံထုတ်လုပ်ခြင်း သင်ခန်းစာတွေကို သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။
” ကျနော်အခု သင်ဖို့ လုပ်ထားတဲ့ အတန်းက ကျနော်ကိုယ်တိုင် အနုပညာကျောင်းတက်တုန်းက ရှိစေချင်ခဲ့တဲ့ အတန်းမျိုးပါ။ အခု သူတို့ကို သင်နေရင်းနဲ့ ဒီ အတန်းအတွက် ပြင်ဆင်နိုင်ခဲ့တာ ဖြစ်ပါတယ် ” လို့ မင်းသားကြီး Matthew McConaughey ကပြောပါတယ်။
Matthew McConaughey ဟာ ရုပ်ရှင်ပေါင်း ၅၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အကယ်ဒမီဆုလည်း ရရှိဖူးသူ ဖြစ်ပါတယ်။ ဒါကြောင့် သူကိုယ်တိုင် အချိန်ပြည့်ပါမောက္ခအဖြစ် ထမ်းဆောင်မယ့် အတန်းကို တက်ရတာဟာ ဝမ်းသာစရာ ဖြစ်တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။
Ref;CNN
You may also like these stories:
မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ‘The Predator’ ရုပ်ရှင် ထိပ်ဆုံးရောက်နေ
“Matrix 4” ရုပ်ရှင်မှာ Neo အဖြစ် မင်းသား Keanu Reeves ပြန်လည် ပါဝင်လာမည်
ဟာသဗီဒီယိုနဲ့ Youtube မှာ နာမည်ကြီးတဲ့ အာဖရိက ကလေးငယ် ငှက်ဖျားရောဂါနဲ့ သေဆုံး