“Deadpool မင်းသား”လို့ လူသိများတဲ့ မင်းသား Ryan Reynolds နဲ့ ဇနီးဖြစ်သူ Blake Lively တို့ရဲ့ အိမ်ထောင်ရေးဟာ ပျော်စရာ အရမ်းကောင်းပြီး စနောက်မှုတွေနဲ့ ပြည့်နေတယ်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ အင်တာဗျူးတွေဖြေရင်လည်း မင်းသား Ryan ဟာ ဇနီးသည်အကြောင်းတွေကို စနောက်ပြီး ဖြေလေ့ ရှိပါတယ်။
ချစ်သူများနေ့တုန်းကလည်း မင်းသားက ဇနီးဖြစ်သူကို ကိတ်မုန့်လုပ်ကျွေးတဲ့ အကြောင်း “ကိတ်မုန့်တော့ လုပ်ကျွေးလိုက်တယ်။ ကျနော်လည်း သိပ္ပံပညာရှင် မဟုတ်တော့ ကော်တွေနဲ့ပဲ ကပ်လိုက်တယ်”သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ခဲ့ပါသေးတယ်။
ဒီလို လူမှုကွန်ရက်မှာ စနောက်တဲ့ ကိစ္စတွေဟာ မနှစ်က ဇနီးသည်ရဲ့ မွေးနေ့မှာ Ryan Reynolds က သူ့ဓာတ်ပုံကို သူတင်ပြီး ဆုတောင်းပေးရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဇနီးသည်ဖြစ်တဲ့ Blake Lively ကလည်း Ryan Reynolds ရဲ့ မွေးနေ့မှာ ပရိသတ်တွေ Ryan Reynolds နဲ့ အမြဲမှားလေ့ ရှိတဲ့ မင်းသား Ryan Gosling ရဲ့ ပုံကို တင်ပြီး ပြန်လည် ဆုတောင်းပေးခဲ့ပါတယ်။
ဒါကြောင့် မင်းသား Ryan Reynolds က ကလဲ့စားချေတဲ့ အနေနဲ့ ဇနီးဖြစ်သူရဲ့ မွေးနေ့မှာ ချစ်သူသက်တမ်း တလျှောက်လုံး ရိုက်ခဲ့သမျှ ဓာတ်ပုံတွေထဲက ဇနီးဖြစ်သူ ဖရိုဖရဲ ဖြစ်နေတဲ့ ပုံတွေကို ရှာဖွေပြီး ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ မင်းသမီး Blake Lively ရဲ့ အသက် ၃၂ နှစ်ပြည့် မွေးနေ့အတွက် Ryan Reynolds တင်ထားတဲ့ ပုံတွေကို သူတို့ နှစ်ဦးရဲ့ Instagram က Follower တွေ သဘောကျခဲ့ကြပြီး Like လုပ်သူ ၅ သန်းကျော် ရှိခဲ့ပါတယ်။
Gigi Hadid, Finn Wolfhard နဲ့ Millie Bobby Brown စတဲ့ နာမည်ကျော် သရုပ်ဆောင်တွေကလည်း “သူက ဒီလိုပုံတွေမှာပါ လှနေဆဲပဲ”လို့ Ryan Reynolds ရဲ့ ဇနီးအပေါ် ချီးကျူးစကားတွေ ပြောခဲ့ကြတာ တွေ့ရပါတယ်။
Ref. Brightside
You may also like these stories:
ကိုရီးယား ရုပ်သံ အစီအစဉ်တခုမှာ ပရိသတ်ကို အံ့အားသင့်စေခဲ့တဲ့ မင်းသား Ryan Reynolds
Marvel မှာ Deadpool ပါဝင်လာမယ်လို့ မင်းသား Ryan Reynolds အရိပ်အမြွက် ပြော
ဟောလိဝုဒ်ရဲ့ အနုပညာကြေးအများဆုံး မင်းသားအဖြစ် Ryan Reynolds ထိပ်ဆုံးမှာ ရပ်တည်
‘Deadpool 2’ ရုပ်ရှင် ပရိုမိုးရှင်းလုပ်ဖို့ ခွဲစိတ်ကုသမှုကို ရွှေ့ဆိုင်းလိုက်တဲ့ Ryan Reynolds
“The Hitman’s Bodyguard” ရုပ်ရှင်မှာ မြင်ရဦးမယ့် Ryan Reynolds နဲ့ Samuel L. Jackson