• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

တရုတ် K-pop အဆိုတော် Zhang Yixing ရဲ့ မိသားစု အွန်လိုင်းမှာ အနိုင်ကျင့် စော်ကားခံရ

by မစ်ကီ
30 August 2019
in Entertainment
A A
တရုတ် K-pop အဆိုတော် Zhang Yixing

တရုတ် K-pop အဆိုတော် Zhang Yixing

6.8k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံက K-pop စတားတယောက်ဖြစ်တဲ့ Zhang Yixing နဲ့ သူရဲ့ မိသားစုဟာ အွန်လိုင်းပေါ်မှာ အနိုင်ကျင့် စော်ကားခံနေရပြီး သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အွန်လိုင်းပေါ်မှာ ဖွင့်ချခံလိုက်ရတယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ အဆိုတော် Zhang ရဲ့ မိခင်က သူတို့ မိသားစုဝင်တွေ ခြိမ်းခြောက်ခံနေရတယ်လို့ သူ့ရဲ့ Weibo အကောင့်မှာ သြဂုတ်လ ၂၇ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

“ကျမ ရှင်တို့ကို သတိပေးတယ်။ ကျမ ရှင်တို့ကို မကြောက်ဘူး။ ဒီလိုမျိုး တရားမဝင် လုပ်ရပ်ကို ဥပဒေက အပြစ်ပေးလိမ့်မယ်။ ကိုယ့်နိုင်ငံကို ကိုယ်ချစ်တာ၊ ကိုယ့်အမိမြေကို ကိုယ်ချစ်တာက တရုတ်လူမျိုးတိုင်းအတွက် အခြေခံစည်းမျဉ်းပဲ။ ကျမတို့က ကျမတို့လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာ။ ကျမတို့ ချီးမွမ်း မခံချင်ဘူး။ ဒါပေမဲ့ ကျမတို့ကို ခြောက်လှန့်ဖို့တော့ မကြိုးစားပါနဲ့”လို့ Zhang ရဲ့ မိခင်ဖြစ်သူက ဆိုပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
408
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
829
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

ဟောင်ကောင်အခြေစိုက် Orange News ရဲ့အဆိုအရ အဆိုတော် Zhang မိသားစုဝင်တွေရဲ့ ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေကို ဆိုရှယ် မီဒီယာမှာ လူတချို့က ဖွင့်ချလိုက်တယ်လို့် သိရပါတယ်။ အဲ့ဒီသတင်းရဲ့အဆိုအရ အဆိုတော် Zhang ရဲ့ ID ကို ကိုယ်တွင်းအင်္ဂါလှူဒါန်းဖို့ မှတ်ပုံတင်လိုက်ပြီလို့ သိရပါတယ်။

အခုလိုမျိုး အနိုင်ကျင့် နှောင့်ယှက်မှုကို ဘယ်သူက လုပ်ဆောင်ခဲ့တယ်ဆိုတာ အသေးစိတ်တော့ မသိရသေးပေမယ့် Orange News သတင်းရဲ့အဆိုအရ EXO အဖွဲ့ဝင် Zhang ဟာ ဟောင်ကောင်ရဲတပ်ဖွဲ့ကို ထောက်ခံခဲ့တာကြောင့် အခုလို ပစ်မှတ်ထားခံခဲ့ရတာလို့ ဆိုပါတယ်။

သူက ဟောင်ကောင်အစိုးရကို ဆန့်ကျင် ဆန္ဒပြသူတွေအပေါ် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဟူနန်ပြည်နယ်၊ ချန်းဆာမြို့မှာ မွေးဖွားခဲ့တဲ့ အဆိုတော် Zhang ဟာ Weibo ၊ Instagram နဲ့ Twitter တို့ အပါအဝင် လူမှုကွန်ရက် မီဒီယာတွေမှာ ဟောင်ကောင် ရဲတပ်ဖွဲ့ကို ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

သြဂုတ်လ ၁၃ ရက်နေ့တုန်းက ဟောင်ကောင်လေဆိပ်မှာ Global Times သတင်းထောက် Fu Guohao ဟာ ဆန္ဒပြသူတွေရဲ့ ရိုက်နှက်မှုကို ခံခဲ့ရပြီးနောက် အဆိုတော် Zhang က “ကျနော် ဟောင်ကောင်ရဲတပ်ဖွဲ့ကို ထောက်ခံပါတယ်။ ခင်ဗျားတို့ အခု ကျနော့်ကို ရိုက်နိုင်ပါပြီ။ ဟောင်ကောင်အစား ရှက်လိုက်တာ”လို့ ရေးသားခဲ့ပါတယ်။ ပရိသတ်တွေက အဆိုတော် Zhang နဲ့ သူရဲ့မိခင် ပြောဆိုချက်တွေကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

အင်တာနက် အသုံးပြုသူတဦးကတော့ “သူ့ရဲ့နိုင်ငံအတွက် ထုတ်ဖော် ပြောဆိုတဲ့သူကို ဒီလိုမျိုး ခြိမ်းခြောက်တယ်ဆိုတာ ရှက်ဖို့ကောင်းပါတယ်။ Zhang Yixing ငြိမ်းချမ်း၊ ကျန်းမာ၊ ပျော်ရွှင်ပါစေ”လို့ ရေးသားခဲ့ပါတယ်။ ထောက်ခံသူတချို့ကတော့ ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ပြီး သူဘေးကင်းလုံခြုံစေဖို့ ဆုတောင်းပေးခဲ့တာတွေလည်း ရှိပါတယ်။

Ref: Asiaone

You may also like these stories:

တရုတ် ဘီလီယံနာ သူဌေးထံကနေ လန်ဘိုဂီနီကား မရခဲ့ဖူးကြောင်း အဆိုတော် Hyomin ငြင်းဆို

အွန်လိုင်းပေါ်က အနိုင်ကျင့်မှုတွေကို ပြန်တုံ့ပြန်ကြရအောင်

Your Thoughts …
Tags: Zhang Yixingတရုတ် K-popအနိုင်ကျင့် စော်ကားခံရအွန်လိုင်း
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

စစ်ကောင်စီ အင်တာနက် ထိန်းချုပ်မှုက မြန်မာလူထု လုံခြုံရေးကို ခြိမ်းခြောက်နေ

စစ်ကောင်စီ အင်တာနက် ထိန်းချုပ်မှုက မြန်မာလူထု လုံခြုံရေးကို ခြိမ်းခြောက်နေ

by Surachanee Sriyai
10 August 2024
1.8k

၂၀၂၃ ခုနှစ်က မြန်မာတွင် အင်တာနက်ပေါ်ရောက်ရှိမှု ၄၄ ရာခိုင်နှုန်းရှိပြီး လူမှုကွန်ရက်အသုံးပြုသူ ၁၅ သန်းရှိသည်။

အွန်လိုင်းဈေးရောင်းသူများ အောက်တိုဘာ ၂ ရက်မှစ၍ မှတ်ပုံတင်ရမည်

အွန်လိုင်းဈေးရောင်းသူများ အောက်တိုဘာ ၂ ရက်မှစ၍ မှတ်ပုံတင်ရမည်

by ဧရာဝတီ
28 September 2023
1.6k

ယင်းဥပဒေပါ ပြစ်မှု ပြစ်ဒဏ်အားလုံးသည် ရဲက အရေးယူပိုင်ခွင့်ရှိကြောင်း ဖော်ပြထား၍ တနိုင်တပိုင် လူမှုကွန်ရက်မှ Online Shop လုပ်ကိုင်နေသူများမှာ စိုးရိမ်မှုများ ရှိနေကြောင်း

ကိုယ့်ချစ်သူနဲ့ လိုင်းပေါ်မှာ အဖော်အချွတ်စကားတွေ ပြောသင့်သလား

ကိုယ့်ချစ်သူနဲ့ လိုင်းပေါ်မှာ အဖော်အချွတ်စကားတွေ ပြောသင့်သလား

by ချစ်ဖေ (တောင်တွင်းမြေ)
12 February 2018
20.8k

လေ့လာချက်အရတော့ စာတွေ၊ ပုံတွေနဲ့ ပြောဆိုသူတွေက ပိုပြီး လူသိ မခံလိုကြဘူးလို့ ဆိုပါတယ်။ ပြီးတော့ သူတို့ဟာ ကာလသားကြိုက် ရုပ်သံတွေလည်း ပိုကြည့်လေ့ရှိတယ်လို့ သိရပါတယ်။

ချစ်ခင်ရသူတွေကို လက်ဆောင်ခြင်းတွေ ပေးပို့ကာ သီတင်းကျွတ်မှာ ဂါရဝပြု ကန်တော့နိုင်ပါတယ်။

သီတင်းကျွတ်မှာ လူကြီးမိဘတွေကို ဂါရဝပြု ကန်တော့ကြမယ်

by ယုဖြူဟန်
31 October 2020
26.3k

သီတင်းကျွတ်ချိန်ခါမှာ လူကြီးမိဘတွေကို ကျန်းမာရေးနဲ့ ညီညွှတ်အောင် သစ်သီးတွေနဲ့ ကန်တော့နိုင်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ နေရာတွေလည်း ရှိပါတယ်။

Cyber bullying က ယောင်္ကျားလေးတွေလည်း ခံရနိုင်ပါတယ်။ ဒါပေမယ့် မိန်းကလေးတွေက ပိုပြီး ခံရတာ များနေပါတယ် / Reuters

အွန်လိုင်းပေါ်က အနိုင်ကျင့်မှုတွေကို ပြန်တုံ့ပြန်ကြရအောင်

by လဲ့လဲ့
7 August 2019
6.5k

Cyber bullying က ယောင်္ကျားလေးတွေလည်း ခံရနိုင်ပါတယ်။ ဒါပေမယ့် မိန်းကလေးတွေက ပိုပြီး ခံရတာ များနေပါတယ်။

သံဃာတော်များကို ပစ်မှတ်ထား၍ အွန်လိုင်းမှတဆင့် ငွေလိမ်တောင်းမှုဖြင့် ဖမ်းဆီးထားသူများ  / ဧရာဝတီ

သံဃာတော်များ ပစ်မှတ်ထား၍ အွန်လိုင်းမှ ငွေလိမ်သည့်အဖွဲ့ ပုသိမ်၌ ဖမ်းမိ

by ဆလိုင်းသန့်စင်
1 June 2020
62k

ဆရာတော် ဦးသောဘိတအား ဆက်သွယ်ကာ မိမိမှာ ထိုင်းနိုင်ငံတွင် ဆေးကျောင်းတက်နေသူဖြစ်ကြောင်း၊ မိဘများက ချမ်းသာသော်လည်း မိမိအား ပစ်ပယ်ထားသည့်အတွက် မိမိကိုယ်ကို သတ်သေချင်လောက်အောင် ငွေကြေး အခက်အခဲ ဖြစ်နေသဖြင့် ငွေချေးငှားရန် ပြောဆိုကာ ဆရာတော်ထံမှ ငွေများ လိမ်လည်တောင်းခံခဲ့ခြင်း...

Next Post
ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ သားဖြစ်သူ မင်းသန့်မောင်မောင် / ထက်ဝေ / ဧရာဝတီ

ချင်းတောင်မှာ ရုပ်ရှင် ရိုက်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြတဲ့ မင်းသန့်မောင်မောင်

အသက် ၅ နှစ်သမီးလေးရဲ့ ကျောင်းမသွားခင်နဲ့ ကျောင်းက ပြန်လာတဲ့ပုံ

အသက် ၅ နှစ်သမီးလေးရဲ့ ကျောင်းသွားကျောင်းပြန် ဓာတ်ပုံကို အွန်လိုင်းမှာ လူအများ သဘောကျနေ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate