Entertainment

စကားလက် ဂျိုဟန်ဆန်ရဲ့ အိမ်ထောင်ကွဲ ဇာတ်လမ်းတွေကို မြင်ရမယ့် "Marriage Story" ရုပ်ရှင်

Want create site? Find Free WordPress Themes and plugins.

မင်းသမီး စကားလက် ဂျိုဟန်ဆန် (Scarlett Johansson) ဟာ ဒါရိုက်တာ Noah Baumbach နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် သူကြုံတွေ့ခဲ့ရတဲ့ အိမ်ထောင်ရေး အကွဲအပြဲ ဇာတ်လမ်းတွေကို ဇာတ်အိမ်တည်ပြီး ရုပ်ရှင်ရိုက်ဖို့ အကြံပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒါရိုက်တာ Noah ကတော့ မင်းသမီးရဲ့ ဒုတိယ အိမ်ထောင်ဖြစ်တဲ့ ပြင်သစ် စီးပွားရေးလုပ်ငန်းရှင် Romain Dauriac နဲ့ အိမ်ထောင်ရေး ကိစ္စတွေ ဖြေရှင်းနေချိန်ဖြစ်တာကြောင့် အချိန်မတန်သေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

မင်းသမီးဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ မင်းသား Ryan Renolds နဲ့ လက်ထပ်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၄ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းရှင် Romain နဲ့ လက်ထပ်ခဲ့ပြီး Rose ဆိုတဲ့ သမီးတယောက် ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ မင်းသမီးဟာ “Saturday Night Live” အစီအစဉ်ကို တင်ဆက်နေတဲ့ ဟာသ သရုပ်ဆောင် Colin Jost နဲ့ လူသိရှင်ကြား တွဲနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ မင်းသမီး Johansson က “ကံစီမံရာ အတိုင်း ဖြစ်သွားတယ်လု့ိ ခံစားရပါတယ်။ အခုတော့ ဒါတွေကို ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ပြောပြဖို့ အချိန်ကျလာပြီလို့ ထင်ပါတယ်” လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် မင်းသမီးဟာ “Marriage Story” လို့ခေါ်တဲ့ Netflix ရုပ်ရှင်မှာ မင်းသား Adam Driver နဲ့အတူ ပါဝင်ထားတာဖြစ်ပါတယ်။ မင်းသမီးကတော့ အဲ့ဒီရုပ်ရှင်ထဲမှာ သရုပ်ဆောင်တယောက်အနေနဲ့ ပါဝင်ထားပြီး မင်းသား Adam ကတော့ ပြဇာတ် ဒါရိုက်တာတဦးအနေနဲ့  သရုပ်ဆောင်ထားပါတယ်။

သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ အိမ်ခွဲနေတာနဲ့ အဆုံးသတ်ပြီး ကွာရှင်းဖို့ ပြင်ဆင်နေပေမယ့် သူတို့ဆီမှာ အသက် ၈ နှစ်အရွယ် သားတယောက်လည်း ရှိနေပြန်ပါတယ်။ အဲ့ဒီအကြောင်း ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့တုန်းက ကျင်းပခဲ့တဲ့ ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပြီး ရွှေခြင်္သေ့ဆုအတွက်လည်း ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အခုလိုမျိုး ရုပ်ရှင်ကားမှာ ကိုယ်ပိုင် အတွေ့အကြုံတွေကို ထည့်သွင်းထားပေမယ့် ဒီရုပ်ရှင်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေနဲ့ သရုပ်ဆောင်တိုင်းဟာ တကယ့်ကိုပဲ ရိုးသားကြပါတယ်လို့ မင်းသမီး Johansson က ပြောဆိုထားပါတယ်။

ဒါရိုက်တာ Noah က မင်းသား Adam နဲ့ မင်းသမီး Johansson တို့ စုံတွဲအနေနဲ့ သရုပ်ဆောင်ဖို့အတွက် ဇာတ်ညွှန်းကို ရေးသားပေးထားတာလို့လည်း ဆိုပါတယ်။ အခုလိုမျိုး ကွာရှင်းပြတ်ဆဲမှုကနေ အိမ်ထောင်တခုရဲ့ အသွင်အပြင်ကို ဖော်ထုတ်နိုင်မယ်လို့လည်း ဆိုပါတယ်။

ဒါရိုက်တာက “သူတို့နှစ်ယောက်က လမ်းခွဲလိုက်ပေမယ့် အချစ်ကတော့ အမြဲတမ်း တည်ရှိနေပါတယ်” လို့ ဆိုပါတယ်။ “Marriage Story” ရုပ်ရှင်ကိုတော့ Telluride နဲ့ Toronto နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပြသပြီးရင် ရုပ်ရှင်ရုံတွေမှာ လာမယ့် နိုဝင်ဘာလ ၆ ရက်နေ့မှာ စတင် ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ဒီဇင်ဘာလ ၆ ရက်နေ့မှာ Netflix ကနေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Ref. Foxnews

You may also like these stories:

တတိယမြောက် အိမ်ထောင်ပြုဖို့ ပြင်ဆင်နေတဲ့ မင်းသမီး စကားလက် ဂျိုဟန်ဆန်

စေ့စပ်လိုက်ပြီ ဖြစ်တဲ့ Marvel သရုပ်ဆောင် Elizabeth Olsen

ကိုရီးယားရုပ်ရှင် “Battle of Jangsari” မှာ မြင်တွေ့ရမယ့် အမေရိကန်မင်းသမီး Megan Fox

Did you find apk for android? You can find new Free Android Games and apps.
Loading