Entertainment

ဇနီးနဲ့ မိသားစု တည်ဆောက်ဖို့ အချိန် ၁ နှစ်ခွဲလောက် ဖျော်ဖြေပွဲတွေ ရပ်နားမယ့် Ed Sheeran

Want create site? Find Free WordPress Themes and plugins.

အဆိုတော် Ed Sheeran ဟာ ၁၈ လလောက် နယ်လှည့်ဖျော်ဖြေပွဲကနေ အနားယူမယ်လို့ ဆိုပါတယ်။ အသက် ၂၈ နှစ်အရွယ် အဆိုတော် Ed ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့မှာပဲ အချိန်ကာလ အတော်ကြာ ပြုလုပ်ခဲ့တဲ့ Divide နယ်လှည့်ဖျော်ဖြေပွဲကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး လာမယ့် တနှစ်ခွဲလောက်အထိ အနားယူမှာ ဖြစ်တဲ့အတွက် နောက်ဆုံးပြုလုပ်တဲ့ ဖျော်ဖြေပွဲ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

စင်ပေါ်မှာ သူက “ခင်ဗျားတို့ သိချင်ရင်လည်း သိမယ်၊ သိချင်မှလည်း သိမယ်။ ကျနော်က အခုအထိ အချိန် ၂ နှစ်ကျော်လောက် Divide နယ်လှည့်ပွဲကို လုပ်ခဲ့တာပါ။ ဒီနေ့ကတော့ အားလုံးအတွက် နောက်ဆုံးနေ့ပါ။ အဲ့ဒါနဲ့ ပတ်သက်လို့ ချိုမြိန်တဲ့ ခါးသက်မှု ရှိနိုင်ပါတယ်။ ခင်ဗျားတို့တွေ ဒီမှာရှိနေပြီးအဆုံးသတ်နိုင်ခဲ့တာကို ကျနော် သဘောကျပါတယ်။ ဒါဟာ နောက်ထပ် ၁၈ လအထိ ကျနော့်အတွက် နောက်ဆုံးပွဲလည်း ဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

Ed Sheeran က သူ့ရဲ့ဖျော်ဖြေပွဲ တလျှောက်လုံးမှာ ပရိသတ်ပေါင်း ၉ သန်းဝန်းကျင်ခန့်ကို ဖျော်ဖြေနိုင်ခဲ့ပြီး အခုလိုမျိုး အားပေးခဲ့ကြတဲ့ ဖျော်ဖြေပွဲကို အဆုံးသတ်လိုက်ရတာဟာ သူ့ရဲ့ ချစ်သူ မိန်းကလေးနဲ့ လမ်းခွဲလိုက်သလိုမျိုးပဲလို့ ဆိုပါတယ်။

“ကျနော်တို့ ကမ္ဘာတဝန်းမှာ ဖျော်ဖြေခဲ့ပါတယ်။ Wembley အားကစားကွင်း၊ အမေရိကန်၊ နယူးဇီလန်၊ သြစတြေးလျ၊ အာရှနဲ့ တောင်အမေရိကတို့မှာ ကျင်းပခဲ့ပါတယ်။ ဒီနေ့ကတော့ စင်နောက်ကွယ်မှာ ရှိတဲ့သူ တော်တော်များများအတွက် ခံစားရတဲ့ နေ့တနေ့ပါ။ ဘာနဲ့တူသလဲဆိုတော့ နှစ်ပေါင်း တော်တော်များများကြာတွဲခဲ့တဲ့ ချစ်သူ မိန်းကလေးနဲ့ လမ်းခွဲလိုက်ရသလိုမျိုးပါပဲ”လို့ အဆိုတော် Ed က ဆိုပါတယ်။

အခုလိုမျိုး အနားယူဖို့ အခွင့်အရေးပေးတဲ့အတွက် ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ Ed က ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့နောက်ဆုံးသီချင်းကို ဖျော်ဖြေခဲ့ပြီးတဲ့နောက် “ဒီနယ်လှည့်ဖျော်ဖြေပွဲမှာ လူတိုင်းကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ အခွင့်အရေးပေးလို့လည်း လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ဒါကတော့ ကျနော့်ရဲ့ နောက်ဆုံးသီချင်းပါ။ ကျနော် အသက် ၁၅ နှစ်လောက်ကတည်းက ဒီသီချင်းကို ရေးခဲ့တာပါ။ နောက်နှစ်အနည်းငယ်အကြာမှာ ပြန်တွေ့ပါမယ်။ ကျေးဇူးတင်ပါတယ်”လို့ Ed က ပြောဆိုခဲ့ပါတယ်။

အခုလိုမျိုး နယ်လှည့်ဖျော်ဖြေပွဲကို ခေတ္တ အဆုံးသတ်လိုက်ရတာဟာ ဇနီး Cherry Seaborn နဲ့အတူ မိသားစု ဘဝကို စတင်ချင်တာကြောင့် ပြောဆိုခဲ့ဖူးပါတယ်။ Ed ရဲ့ “Divide Tour” ဖျော်ဖြေပွဲဟာ ၂၀၁၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ U2 အဖွဲ့ရဲ့ ပရိသတ် အများဆုံးနဲ့ ငွေရရှိမှု အများဆုံး စံချိန်ကို အခုလ အစောပိုင်းမှာပဲ ချိုးဖျက်လိုက်ကြောင်း ကြေညာထားပါတယ်။

Ref. asiaone 

You may also like these stories:

Ed Sheeran ကို “Bond 25” ရုပ်ရှင်ဇာတ်ဝင်တေး ဆိုစေချင်တဲ့ မင်းသား Daniel Craig

Ed Sheeran နဲ့ Justin Bieber တို့ရဲ့ “I Don’t Care” အမည်ရှိ သီချင်းအသစ် ထွက်ရှိလာ

ဝင်ငွေအများဆုံး ရရှိနေဆဲဖြစ်တဲ့ ကမ္ဘာကျော်အဆိုတော်များ

Did you find apk for android? You can find new Free Android Games and apps.
Loading