Entertainment

အဝတ်ဗလာနဲ့ ကြော်ငြာကြောင့် အမေ စိတ်ဆိုးနေတယ်လို့ သင်ဇာဝင့်ကျော် ပြော 

သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ခန္ဓာကိုယ်အလှကို အသားပေးတဲ့ ဓာတ်ပုံ တော်တော်များများကို ဆိုရှယ် မီဒီယာမှာ တင်လေ့ရှိပါတယ်။ ကြော်ငြာတခုအတွက် ခန္ဓာကိုယ် အဝတ်ဗလာနဲ့ ပုံတွေကို Facebook မှာ တင်ခဲ့ရာ မိခင်ဖြစ်သူက စိတ်ဆိုးနေတယ်လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

“အွန်လိုင်းမှာ တင်ဖြစ်တဲ့ပုံတွေက The Queen Clinic က သူတို့ Hair Removal လေဆာစက် အသစ် မှာ ထားတာ၊ စက်ကလည်း အရမ်းဈေးကြီးတယ်။ အရမ်းလည်း ကောင်းတယ်။ သင်ဇာနဲ့ ကြော်ငြာချင်တာ ခန္ဓာကိုယ်မှာ ရှိတဲ့ ဘယ်အမွေးမဆို ဒီစက်နဲ့ လေဆာပစ်လို့ ရတယ်ပေါ့”

ကြော်ငြာမှာ တွေ့ရတဲ့ သင်ဇာဝင့်ကျော် (ဓာတ်ပုံ – Thinzar Wint Kyaw’s Facebook)

“ဘာအမွေးအမျှင်မှ မရှိဘဲ ပြောင်ရှင်းနေတာကို ပြချင်တာဆိုတော့ သူတို့ မရိုင်းအောင်တော့ ရိုက်ထားတယ်တော့ ထင်တာပဲ။ ဘာမှ အမွေးမှ မရှိဘဲ ပြောင်ရှင်းနေတာကို လိုချင်တော့ အဲ့ပုံလေး ရိုက်ဖြစ်သွားတာပါ။ ဒီလို ပုံရိုက်လိုက်လို့ အမေက စိတ်ဆိုးနေတယ်၊ စကားမပြောဘူး။ စိတ်တောင် မကောင်းဘူးပေါ့။ ဖြစ်ပြီးသားဆိုတော့လည်း မတတ်နိုင်ဘူးပေါ့။ နောက်ကို ဆင်ခြင်ရမှာပေါ့”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

ပရိသတ်တွေက သင်ဇာဝင့်ကျော် နာမည်ကို တက်တူးတဲ့အထိ အားပေးမှုတွေ ရှိလာပြီး ဒီအပေါ်ကိုလည်း သင်ဇာဝင့်ကျော်က ပျော်ရွှင်မိကြောင်း ဆိုပါတယ်။

“သင်ဇာ တက်တူး အရမ်းကြိုက်တာသိလို့လား မသိဘူး။ Fan တွေလည်း တက်တူးတွေ ကြိုက်လာကြတာလား မသိပါဘူး။ ဘာပဲဖြစ်ဖြစ် အရမ်း ဝမ်းသာတယ်။ သင်ဇာက တက်တူးထိုးရတာလည်း ကြိုက်တယ်။ တက်တူးထိုးထားတဲ့သူတွေလည်း ကြိုက်တယ်။ သူတို့ ကိုယ့်နာမည်ကို တက်တူး ထိုးထားတော့ အသားနာတဲ့အတွက် စိတ်တော့ မကောင်းဘူး”

“ဒါပေမဲ့လည်း ကိုယ့်ကို အလေးထားပြီး ကိုယ့်နာမည်ကို တက်တူးထိုးရဲတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် အရမ်းကို ချစ်တယ်။ ကိုယ့်ထားခဲ့တဲ့ ဘဲတွေတောင် အဲ့လို မထိုးပေးခဲ့ကြဘူး။ ကိုယ့် Fan (ပရိသတ်) တွေက ထိုးပေးတာ အရမ်း Amazing ပဲ။ ပုံတွေ့တုန်းက အရမ်းအံ့သြပြီး သူတို့ လုပ်တာမြင်ရတော့ အရမ်းဝမ်းသာတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

ပွဲတက်တွေမှာ တွေ့ရများတဲ့ သင်ဇာဝင့်ကျော်ကို ပရိသတ် အချို့ကတော့ ပွဲမတက်စေချင်ပဲ ဇာတ်ကား များများ ရိုက်စေချင်တယ်လို့လည်း ဆိုပါတယ်။

“တချို့ Fan တွေက ဇာတ်ကားများများ ရိုက်စေချင်တယ်။ ပွဲမတက်စေချင်ဘူး။ ဒါပေမဲ့လည်း ပွဲတက်တွေ ပဲ လာနေတော့ မတတ်နိုင်ဘူးလေ။ သင်ဇာကလည်း အနုပညာပဲ လုပ်တတ်တော့ လောလောဆယ် ပွဲတွေ တက်ပြီးပဲ ရပ်တည်ရမှာပေါ့”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ပွဲတက်ဖက်ရှင်တွေမှာ အမြဲ Sexy ကျကျ ဝတ်ဆင်လေ့ရှိပြီး ခန္ဓာကိုယ် အလှအပကို အသားပေးကာ ဝတ်ဆင်တတ်ပါတယ်။ နိုင်ငံခြားသား တဦးနဲ့ ချစ်ကြိုက်ခဲ့တဲ့ အချစ်ရေးကိုလည်း ပရိသတ်ထံ ပွင့်ပွင့်လင်းလင်း ချပြခဲ့ပြီး အခုချိန်မှာတော့ အဲဒီ ချစ်သူနဲ့ လမ်းခွဲခဲ့ပြီး ဖြစ်ပါတယ်။

You may also like these stories:

“တယောက်တည်းကိုပဲ ဆင်ဆာဖြတ်တယ်ဆိုရင် ဝမ်းနည်းမိမှာ”လို့ သင်ဇာဝင့်ကျော် ပြော

“ပရိသတ်တွေ တောင်းဆိုကြလို့ ဖက်ရှင်တွေ သိပ်မဖော်ဖြစ်ဘူး”လို့ သင်ဇာဝင့်ကျော် ပြော

“ရည်းစားနဲ့ ပြတ်သွားတာ အတွေ့အကြုံ ရတယ်”လို့ ပြောတဲ့ သင်ဇာဝင့်ကျော်

Loading