Entertainment

"Myanmar Idol မှာ ဒီနှစ်ပြိုင်တဲ့ မိန်းကလေးတွေ အဆို အရမ်းကောင်းတယ်"လို့ အောင်ကိုလတ် ပြော

Want create site? Find Free WordPress Themes and plugins.

မကြာခင် ပြသတော့မယ့် Myanmar Idol Season 4 မှာ အကဲဖြတ် ဒိုင်တယောက်အနေနဲ့ ပါဝင်ထားတဲ့ ဒါရိုက်တာ၊ အဆိုတော်၊ တေးရေးဆရာ အောင်ကိုလတ်ကတော့ ဒီအစီအစဉ်မှာ အကဲဖြတ် ဒိုင် ၃ ယောက်ကို သေချာ ရွေးချယ်ထားတဲ့အတွက် ဒီနှစ် အဆိုကောင်းတဲ့သူတွေ ထွက်ပေါ်လာလိမ့်မယ်လို့ ပြောပါတယ်။

“Myanmar Idol Season 4 မှာ ကျနော်ရယ်၊ ဖြူဖြူကျော်သိန်းရယ်၊ တင်ဇာမော်ရယ် ဒိုင်အဖြစ် ပါမှာပါ။ ပြီးခဲ့တဲ့ ၃ လလောက်ကတည်းက လှုပ်ရှားရပါတယ်။ နေ့တိုင်း မိုးလင်းတယ်။ တနေ့ လူပေါင်း ၇၀ လောက်ကို ကျနော်တို့ အကဲဖြတ်ရပါတယ်”

“ဒီနှစ်မှာ ဘာထူးခြားလဲဆိုရင် ကိုယ်တိုင် ထိုင်ကြည့်ချိန်မှာ ဂီတမှူးတယောက် အနေနဲ့သော်လည်းကောင်း၊ Musician (ဂီတပညာရှင်) တယောက် အနေနဲ့သော် လည်းကောင်း၊ အဆိုတော် တယောက် အနေနဲ့သော် လည်းကောင်း၊ ရုပ်သံ ဒါရိုက်တာတယောက် အနေနဲ့ သော်လည်းကောင်း ထိုင်ကြည့်ချင်မှာ။ မြန်မာပြည်မှာ Talent ဖြစ်တဲ့ လူငယ်တွေ ကြောက်ခမန်းလိလိ များတယ်။ အဲ့ဒါက အားရစရာကြီး”

“မကြာခင်လည်း Top Ten ကြေညာတော့မှာပါ။ ကျနော်တို့လည်း Top Ten ကို ဒီနှစ်တော်တော် ကြိုက်တယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ ၃ ယောက်လည်း ခေါင်းဆိုင်ပြီး ရွေးထားကြတယ်။ နည်းနည်း ကြမ်းတယ်။ အကောင်းဆုံးတယောက် Winner ဖြစ်ပြီး ထွက်ပေါ်လာလိမ့်လို့တော့ ယုံကြည်တယ်။ မိန်းကလေးတွေလည်း အဆို တအားကောင်းတယ်”လို့ ဒါရိုက်တာ အောင်ကိုလတ်က ပြောပါတယ်။

ဒီနှစ်ပြိုင်ပွဲကို စောင့်ကြည့်ကြမယ့် ပရိသတ်တွေအနေနဲ့လည်း Voting ပေးတဲ့အခါ အနုပညာကိုလည်း ကြည့်ပြီး ပေးကြဖို့ သူက တောင်းဆိုလိုက်ပါတယ်။

“ကျနော်တို့ကို ဝေဖန်ချင်လည်း ဝေဖန်၊ မဝေဖန်ချင်လည်းနေပေါ့။ ကျနော် ဒိုင်တယောက်အနေနဲ့ မျှော်လင့်တာကတော့ အကောင်းဆုံး သားသမီးကောင်း တယောက် မွေးထုတ်ပေးနိုင်လိမ့်မယ်။ အကောင်းဆုံး Vocalist (အဆိုတော်) ကို ရွေးထုတ်ပေးနိုင် ရင်တော့ ဝမ်းသာရတာပေါ့”

“ Myanmar Idol က ရွေးနိုင်လိမ့်မယ် ထင်တယ်။ Voting မှာတော့ ကြင်နာမှုတွေ၊ ခင်တွယ်မှုတွေ၊ သနားတာတွေ ပါတယ်။ အဲ့ဒါတွေပါပြီး Vote တာကိုလည်း လက်ခံပါတယ်။ Art (အနုပညာ) ကိုလည်း ဦးစားပေးကြပါ”လို့ အောင်ကိုလတ်က ပြောပါတယ်။

ဒါရိုက်တာ တယောက်အနေနဲ့ လူသိများတဲ့ ဒါရိုက်တာ အောင်ကိုလတ်ကတော့ တေးရေးဆရာ၊ အဆိုတော်တဦး ဖြစ်ပါတယ်။ အောင်ကိုလတ် ဒိုင်လူကြီးအနေနဲ့ ပါဝင်ဆောင်ရွက်ထားတဲ့ Myanmar Idol Season 4 ကိုတော့ စက်တင်ဘာ ၆ ရက်နေ့မှ စတင်တာ အပတ်စဉ် MNTV နဲ့ Channel 9 ကနေ ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။

You may also like these stories:

အဆိုပြိုင်ပွဲတွေကနေတဆင့် အောင်မြင်လာကြတဲ့ နာမည်ကျော်အဆိုတော်များ

“သီချင်းဆို ပြိုင်ပွဲတွေထဲမှာ Myanmar Idol က ပွဲအဆူဆုံးပြိုင်ပွဲ”လို့ ဖြူဖြူကျော်သိန်း ပြော

“Myanmar Idol မှာ အန်ကယ် မပါတော့ အန်ကယ့်ကို လွမ်းနေပါတယ်”လို့ တင်ဇာမော် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading