Entertainment

Incheon Single-Media Festival မှာ မြန်မာဝတ်စုံကို သေချာ ဝတ်ဆင်ပြခဲ့တဲ့ ဟန်တီနဲ့ ထွန်းကိုကို 

Want create site? Find Free WordPress Themes and plugins.

တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Incheon Single-Media Festival ကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ တက်ရောက်ခဲ့တဲ့ အလှမယ် ဟန်တီက Traditional Show အတွက် မြန်မာဝတ်စုံကို သေသေချာချာ ဖန်တီးပြင်ဆင်ခဲ့တဲ့အကြောင်း အခုလိုပဲ ပြောပါတယ်။

“ဟန်တီ ကိုရီးယားနိုင်ငံမှာ Incheon Media Festival ပွဲကို တက်ရောက်ခဲ့တယ်။ အဲ့ Traditional  Show မှာလည်း ပါဝင်ခဲ့တယ်။ ဒီတခေါက်က ကိုထွန်းကိုကိုနဲ့ ဟန်တီ ပါဝင်ခွင့် ရခဲ့တယ်။ ကိုထွန်းကိုကိုနဲ့လည်း တိုင်ပင်တယ်။ ဘယ်လိုလေး ဝတ်ရင် ကောင်းမလဲပေါ့။ မြန်မာအငွေ့အသက် ပါချင်လို့ သေချာလေး လုပ်သွားခဲ့တယ်”

“စင်ပေါ် တက်လိုက်တဲ့အချိန်မှာ သူတို့ အကုန်လုံးက ဝါးခနဲဖြစ်ပြီး မျက်လုံးတွေ ပြူးပြီး ကြည့်နေတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာဝတ်စုံကို သူတို့ ကြိုက်ကြတယ်။ မြန်မာဝတ်စုံဝတ်ပြီး ဘယ်လို လမ်းလျှောက်လဲလို့တောင် လာမေးကြတယ်”လို့ ဟန်တီက ပြောပါတယ်။

ဆက်လက်ပြီး ဟန်တီက အခုလို မြန်မာဝတ်စုံနဲ့ သေသေချာချာ ဒီဇိုင်း လုပ်ပြနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူတယ်လို့လည်း ဆိုပါတယ်။

“မြန်မာဝတ်စုံက လက်မှုနဲ့ သေသေချာချာ ဒီလိုလေး လုပ်ထားတာပါလား ဆိုတာကို သူတို့ သိသွားတယ်။ ဟန်တီရဲ့ နာမည်နဲ့ကို သေသေချာချာ ဒီဇိုင်းလုပ်သွားခဲ့တယ်။ အဲဒီအတွက်လည်း အရမ်း ဂုဏ်ယူပါတယ်” လို့ ဟန်တီက ဆိုပါတယ်။

ဒီပွဲမှာ မြန်မာ မိန်းကလေးတယောက်အနေနဲ့ အစွမ်းအစ ရှိတယ်ဆိုတာ နိုင်ငံတကာကို ပြသချင်တဲ့အတွက် ပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့တယ်လို့ ဟန်တီက ပြောပါတယ်။

“ကိုယ့်ရဲ့ မြန်မာတနိုင်ငံတည်း မဟုတ်ဘဲ International မှာပါ မြန်မာ မိန်းကလေး တယောက်က လုပ်ပြနိုင်ပါလား၊  လုပ်နိုင်တယ်ဆိုတဲ့ စွမ်းရည်လေး တခုကို ပြချင်တယ်။ အဲဒီလို ပြနိုင်အောင်လည်း အများကြီး ကြိုးစားရဦးမှာပါ။ ဒါပေမဲ့ အခု ပြင်ဆင်မှုတွေ အများကြီး လုပ်နေပါတယ်။ ဟန်တီ ဒီတခေါက်မှာ မြန်မာနိုင်ငံအတွက်ကို အများကြီး လုပ်ဆောင်ခွင့် ရနိုင်ခဲ့တယ်လို့ ထင်တယ်”

“မြန်မာနိုင်ငံသူ တယောက်အနေနဲ့ သူတို့ရဲ့ Media Festival မှာ သူတို့မီဒီယာတွေနဲ့ အဆက်အသွယ် ရပြီး အင်တာဗျူးတွေလည်း အများကြီး မြန်မာနိုင်ငံအတွက် လုပ်ဆောင်ခွင့်ရခဲ့တယ်”လို့ ဟန်တီက ဆိုပါတယ်။

အလှမယ် ဟန်တီကတော့ ၂၀၁၂ ခုနှစ်မှ စတင်ကာ Miss လောကထဲ ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းပြည်ပ ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကာ ဆုများစွာ ရရှိထားသူပါ။ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia Model Festival 2019 ပွဲကြီးမှာလည်း အကဲဖြတ် ဒိုင်တယောက်အဖြစ် ပါဝင်ခဲ့ပြီး Asia Star Award ဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။

You may also like these stories:

တောင်ကိုးရီးယားမှာ ကျင်းပတဲ့ Asia Model Awards ဆုပေးပွဲမှာ ဆုရရှိခဲ့ကြတဲ့ ဝတ်မှုံရွှေရည်နဲ့ ဟန်တီ

နိုင်ငံရေး မလုပ်ပေမယ့် နိုင်ငံနဲ့ဆိုင်တဲ့ အရေးတွေမှာ ကူညီပေးနေတဲ့ ထွန်းကိုကို

အချစ်ရေးကို မတွေးနိုင်သေးတဲ့ အလှမယ် ဟန်တီ

Miss World ပြိုင်ပွဲမှာ ဆုမရခဲ့လို့ ပရိသတ်ကို တောင်းပန်တဲ့ အလှမယ်ဟန်တီ

Did you find apk for android? You can find new Free Android Games and apps.
Loading