ရုပ်ရှင်ချစ်သူတိုင်း ကြည့်ရှုသင့်တဲ့ ၂၀၁၈ခုနှစ်ရဲ့ အကောင်းဆုံး ဘောလိဝုဒ်ရုပ်ရှင်များ
၂၀၁၈ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဘောလိဝုဒ် ရုပ်ရှင်တွေထဲမှာ အရင့်အရင်နှစ်တွေလိုပဲ အမျိုးအစားစုံလင်တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ အဲဒီထဲကမှ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ စိတ်ထဲမှာ စွဲစွဲထင်ထင် ကျန်ရစ်စေမယ့် ရုပ်ရှင်ဇာတ်ကား တချို့ကို ပြန်လည်ညွှန်းဆိုဖော်ပြပေးလိုက်ရပါတယ်။
(၁) Manmarziyaan
Manmarziyaan ဟာ Drama အမျိုးအစား ရုပ်ရှင်တကားဖြစ်ပြီး Gangs of Wasseypur ၊ Sacred Games စတဲ့ ရုပ်ရှင်တွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Anurag Kashyap ရဲ့ လက်ရာလည်းဖြစ်ပါတယ်။ မင်းသား Vicky Kaushal မင်းသမီး Taapsee Pannu တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ အချစ်ဒရာမာ ဇာတ်ကားကောင်းတကားပဲဖြစ်ပါတယ်။
(၂) Pari
Horror ရုပ်ရှင်တွေအထွက်ကျဲတဲ့ ဘောလိဝုဒ်မှာတော့ Pari ရုပ်ရှင်ဟာ ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားစေနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။ PK ရုပ်ရှင် မင်းသမီး Anushka Sharma နဲ့ မင်းသား Parambrata Chattpadhyay တို့ အဓိကထား ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။
(၃) Manto
ဒီဇာတ်ကားမှာဆိုရင်တော့ Mountain Man မင်းသားအဖြစ် နာမည်ကျော်ကြားခဲ့တဲ့ Nawazuddin Siddiqui အဓိက ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ တခေတ်တခါက အောင်မြင်ခဲ့ဖူးတဲ့ စာရေးဆရာတယောက်ရဲ့ ဘဝကို ပြန်လည်ဖော်ကျူး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
(၄) Tumbbad
Drama , Horror အမျိုးအစားရုပ်ရှင်တကားဖြစ်တဲ့ Tumbbad ရုပ်ရှင်ဟာဆိုရင်တော့ အံ့သြထိတ်လန့်ဖွယ် ဒဏ္ဍာရီလာအကြောင်းအရာကို အခြေခံကာ ပြန်လည် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတကားပဲဖြစ်ပါတယ်။
(၅) Andhadhun
Crime , Thriller ရုပ်ရှင်အမျိုးအစားဖြစ်တာကြောင့် မှုခင်းဇာတ်လမ်းကြိုက်သူတွေ အကြိုက်တွေ့ကြမယ့် ဇာတ်ကားကောင်းတကားဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ မင်းသမီးကြီး Tabu , Radhika Apte နဲ့ မင်းသား Ayushmann Khurrana တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
Ref. www.highonfilms.com
You may also like these stories:
ဟောလိဝုဒ် ရုပ်ရှင်လောကအထိပါ အောင်မြင်မှု ရရှိကြတဲ့ ဘောလိဝုဒ် သရုပ်ဆောင်များ
ဘောလိဝုဒ်ရုပ်ရှင်လောကထဲဝင်ဖို့ ပြင်ဆင်နေတဲ့ ရှာရွတ်ခန်ရဲ့ သမီးလေး Suhana
အိန္ဒိယရုပ်ရှင်တွေမှာ ကတဲ့ဇာတ်ဝင်ခန်းတွေ ဘာကြောင့် ပါဝင်ရသလဲ
မွမ်ဘိုင်းမြို့ရဲ့ မျက်နှာတခြမ်း (သို့မဟုတ်) Love Sonia (2018)