Entertainment

ချစ်သူနဲ့ ပြန်တွဲဖို့ အစီအစဉ်မရှိတော့ဘူးလို့ ဆိုလိုက်တဲ့ နေခြည်ဦး

Want create site? Find Free WordPress Themes and plugins.

မကြာသေးခင်ကမှ ချစ်သူနဲ့ လမ်းခွဲခဲ့တဲ့ နေခြည်ဦးက ချစ်သူကို ပြန်တွဲဖို့ အစီအစဉ်မရှိတော့ဘဲ လက်ရှိစိတ်ခံစားချက်က အဆင်ပြေပါတယ်လို့ မီဒီယာကိုဆိုလိုက်ပါတယ်။

“အချစ်ရေးနဲ့ ပတ်သက်ပြီး ခံစားချက်က အဆင်ပြေပါတယ်။ Relationship တခုက ပျက်သွားတာဖြစ်တဲ့အတွက် သာယာနေတဲ့ ဘဝတော့ မဟုတ်သေးဘူးပေါ့။ ဒါပေမယ့်အဆင်ပြေပါတယ်။ သူတင်တဲ့ပိုစ့်တွေ့လိုက်ရတဲ့အတွက် နေခြည်က စိတ်တမျိုးဖြစ်သွားသေးတယ်။ နေခြည်လုံးဝ Strong ဖြစ်မှရမှာလေ။ နေခြည့် Fan တွေက သူ့ဘက်ပါနေတာ။ ဘာကိစ္စမှန်းမသိသေးပေမယ့် Relationship တခုကို မပျက်စေချင်ဘူးဆိုတာ နေခြည်သိတယ်”

“နောက်ကွယ်က အကြောင်းအရာ သူတို့မှမသိတာ။ ကဲ အလျော့ပေးလိုက်မယ်ဆိုပြီး နေခြည်လုပ်ပေးလို့ရတယ်။ ဒီအခြေအနေမှာ နေခြည် “No” ဖြစ်တဲ့ အတွက် ပျက်ဖို့သေချာပါတယ်။ ခွင့်လွှတ်ဖို့ အစီအစဉ်မရှိပါဘူး။ သူပိုစ့်တင်လိုက်ချိန်မှာတော့ “သြော်”လို့တော့ ဖြစ်မိတယ်။ ပိုစ့်တင်လိုက်တာနဲ့တော့ ပြန်အဆင်ပြေကြမယ့်သူတွေတော့ မဟုတ်ပါဘူး” လို့ နေခြည်ဦးက ဆိုပါတယ်။

ချစ်သူရေးနဲ့ ပတ်သက်ပြီး ချစ်သူအပေါ် အရမ်းမှီခိုခဲ့တယ်လို့လည်း နေခြည်ဦးက ဆိုပါတယ်။

“နေခြည်က တဖက်လူကို အရမ်းမှီခိုတယ်။ အားတာနဲ့ ဘယ်သွားမလဲ ဘာလုပ်မလဲ နဲ့ အရမ်းမှီခိုခဲ့တော့ တယောက်တည်း ဖြစ်တဲ့အချိန်မှာ ဘာလုပ်လို့လုပ်ရမှန်း မသိဘူး။ ဝါမဝင်ဘူးဆို သေချာတယ်။ နေခြည် ဘားတွေ ၊ ကလပ်တွေ ရောက်နေပြီ။ အခုက ဝါလည်းဝင်နေတယ်။ ရှုတင်လည်းရှိနေတော့ ဘာလုပ်ရမှန်းမသိတာနဲ့ တခါတလေ အထီးကျန်ပါတယ်။ အထီးကျန်တော့ တခြားကိုယ် ကြိုက် တဲ့ရုပ်ရှင်ကြည့်တာတို့ သီချင်းနားထောင်တာတို့ လုပ်ဖြစ်ပါတယ်”

“ လူတိုင်းက အမှားမကင်းဘူး အမှားလုပ်မိတယ်။ အဲ့အမှားကို ၃ကြိမ်ထိခွင့်လွှတ်တယ်။ ထပ်ခါထပ်ခါလုပ်ရင်တော့ လက်မခံနိုင်တော့ဘူး။ ဘဝမှာလည်း သစ္စာဖောက် ခံရတာတွေလည်း အရမ်းများလာတော့ နောက်ပိုင်းအချစ်ဆိုရင်တော့ သေချာတယ် အရှေ့ဆုံးမှာ နေခြည်ကို ထားပေးရင် အဆင်ပြေပြီ ”လို့ နေခြည်ဦးကပြောပါတယ်။

ချစ်သူနဲ့ လမ်းခွဲပြီးနောက် ကိုယ့်ကိုယ်ကို ပိုလှအောင်နေတယ်လို့ဆိုတဲ့ နေခြည်ဦးက အသည်းကွဲတာကို အလုပ်တွေ၊ အချိန်တွေနဲ့ ကုစားသွားမယ်လို့ဆိုပါတယ်။

“နေခြည့် Fan တွေနေခြည်ကို ချစ်ပေးပါ သူ့ဘက်ပါနေတယ်။ စိတ်မပူပါနဲ့ အသည်းတွေ ကွဲလို့ လျှောက်လုပ်မှာလည်း စိတ်မပူပါနဲ့။ အလုပ်ရယ် အချိန်ရယ်က ကုစားသွားမယ်လို့ ထင်ပါတယ်။ အသည်းကွဲပြီး သေတဲ့ မသာလည်း မရှိပါဘူး။ နေခြည်လည်း ဘာမှမဖြစ်ပါဘူး”

“အခု ကိုယ့်ကိုယ်ကို ပိုပြီးလှအောင်နေတယ်။ ပွဲတွေဆိုလည်း စိတ်တက်တက်ကြွကြွ တက်ဖြစ်တယ်။ ချပြချင်တဲ့ အနုပညာတွေလည်း လွတ်လွတ်လပ်လပ်ချပြလို့ရတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်တွေ ကိုယ့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် တွေ အခုမှပိုပြီး ချပြခွင့်ရှိတယ်လို့ထင်ပါတယ်”လို့ နေခြည်ဦးကပြောပါတယ်။

Beauty Blogger နေခြည်ဦးဟာ အချိန်တိုအတွင်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိလာသူတဦးဖြစ်သလို ရုပ်ရှင်ကားကြီးတွေရိုက်လာရတဲ့ သရုပ်ဆောင်တဦးလည်းဖြစ်နေပါပြီ။

You may also like these stories:

ချစ်သူသက်တမ်း ၂နှစ်ပြည့်ခါနီးမှာ ချစ်သူနဲ့လမ်းခွဲခဲ့တဲ့ နေခြည်ဦး

နေခြည်ဦးနဲ့အတူ ထိုင်းမှာ Method Acting ပိုင်း သွားသင်ခဲ့တဲ့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်

“နေခြည်ဦးနဲ့ အတူတွဲပြီး သရုပ်ဆောင်ရမှာကို စိတ်ခုန်နေတယ်” လို့ ဆိုလိုက်တဲ့ မိုရီဆာကီဝင်း

Did you find apk for android? You can find new Free Android Games and apps.
Loading