“ဆုံစည်းခွင့်” ဇာတ်လမ်းတွဲမှာ အိချောပိုရဲ့ညီမနေရာက ပါဝင်သရုပ်ဆောင်သွားမယ့် အလှမယ်ဇွန်သံစဉ်က ဒီဇာတ်ကားမှာ ချူစားရတဲ့ ကာရိုက်တာကို သရုပ်ဆောင်ရမှာဖြစ်တာကြောင့် တာဝန်ကြီးတယ်လို့ဆိုပါတယ်။
“ဒီဇာတ်လမ်းတွဲထဲက ကာရိုက်တာကတော့ မအိချောပိုရဲ့ ညီမ၊ ကိုယ့်အစ်မနဲ့မတည့်တဲ့သူတယောက်ကို ကိုယ်ကချူစား နေတဲ့ ကာရိုက်တာအဖြစ် မြင်တွေ့ရမှာပါ။ ကိုယ်ရတဲ့ကာရိုက်တာက ဇာတ်ကားထဲမှာဆိုရင် တာဝန်လည်းကြီး တယ်။ ကိုယ်မလုပ်ဖူးတဲ့ကာရိုက်တာကို လုပ်ရမှာကြောင့်လည်း ကျေနပ်တယ်”
“ ပြင်ဆင်မှုအပိုင်းတွေကတော့ အဝတ်အစား ပိုင်းတွေပြင် ဆင်တယ်။ လိုအပ်တဲ့ အိုက်တင် ပိုင်းတွေကိုတော့ ဒါရိုက်တာရဲ့သင်ကြားမှုတွေကို အခုကတည်းက လုပ်နေပါ တယ်။ မအိချောပိုနဲ့က အရင်တုန်းက ဗီဒီယိုဇာတ်ကား တကားမှာ တွဲပြီးတော့ရိုက်ဖူးပါတယ်။ အဲဒီ တုန်းက ဇာတ်ကားမှာ ကိုနေတိုးရယ်၊ မအိချောပိုရယ်၊ ညီမရယ် တွဲပြီးသရုပ်ဆောင်ရတာပါ” လို့ ဇွန်သံစဉ်က ပြောပါတယ်။
ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ဖြစ်တာနဲ့ပတ်သက်ပြီးလည်း ဇွန်သံစဉ်က အခုလိုဆိုပါတယ်။
“မအိချောပိုနဲ့ရင်းနှီးပြီး သားဆိုတော့ အခုဇာတ်ကားမှာတော့ အဆင်ပြေမယ်လို့ ယုံကြည် တယ်။ နောက်အစ်မက အနုပညာနဲ့ပတ်သက်ရင်လည်း သင်ပေးပါတယ်။ ကြားထဲမှာ ဘာမှမရိုက်ဖြစ်ဘူး။ အခုဇာတ်လမ်းတွဲမှာ ကာရိုက်တာလေးကလည်း ကိုယ်လည်းကြိုက်လို့ ရိုက်ဖြစ်ခဲ့တာပေါ့”
“ဇာတ်လမ်းတွဲက လွန်ခဲ့တဲ့ ၂နှစ်လောက်က ၁ကားရိုက်တယ်။ ဒါကတော့ ဇာတ်လမ်းတွဲ ရိုက်တာ ဒုတိယအကြိမ် မြောက်ဖြစ်ပါတယ်။ အလုပ်တွေကတော့ လုပ်ရမယ်။ ကိုယ့်ပရိသတ်တွေက ကိုယ့်ကို ဘာတွေ လုပ်နေလည်း ဘာတွေ ဝတ်မလည်း ဆိုတာကိုစောင့်ကြည့်ကြ တာဖြစ်တဲ့အတွက် ငြိမ်နေလို့တော့ မရဘူး။ သေချာလေးရွေးချယ် လုပ်ကိုင်နေပါတယ်”လို့ ဇွန်သံစဉ်ကပြောပါတယ်။
အဆိုပိုင်းကိုလည်း စိတ်ဝင်စားတဲ့ ဇွန်သံစဉ်က အနုပညာဝမ်းစာပြည့်လာပြီဆိုရင်တော့ တခုချင်းစီ သေသေချာချာ လုပ်သွားမယ်လို့တော့ စဉ်းစားထားလို့ဆိုပါတယ်။
“အဆိုပိုင်းကို စိတ်ဝင်စားပေမယ့်အခုအချိန်မှာ အချိန်ရယ်၊ ပြင်ဆင်စရာတွေလည်း အများကြီးရှိသေးတော့ မလုပ်ဖြစ် သေးဘူး။ လက်ရှိသရုပ်ဆောင်အလုပ်ကလည်း ကိုယ်က ပထမပိုင်းတုန်းက သရုပ်ဆောင်တာကို အခြေခံလေးနည်း နည်းရှိထားတော့ ဒါလေးကိုပဲ ဆက်လုပ်ဖြစ်မယ်။ အဲဒီလိုလုပ် နေရင်းနဲ့မှ ကိုယ့်မှာ အနုပညာဝမ်းစာပြည့်လာပြီဆိုရင်တော့ တခုချင်းစီသေသေချာချာလုပ်သွားမယ်လို့တော့ စဉ်းစားထား ပါတယ်”လို့ ဇွန်သံစဉ်ကပြောပါတယ်။
ဇွန်သံစဉ်ဟာ Miss Universe Myanmar 2017 ဆုရရှိထားသူဖြစ်ပြီး အခု ပါဝင်မယ့် “ဆုံစည်းခွင့်” ဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာ စွမ်းပိုင် ရိုက်ကူးမှာ ဖြစ်ပြီး သရုပ်ဆောင်များ အနေနဲ့ အကယ်ဒမီ ခန့်စည်သူ၊ ထက်ယံ၊ အိချောပို၊ သဇင်ထူးမြင့်၊ ဇွန်သံစဉ်နဲ့ အခြား သရုပ်ဆောင်များစွာ ပါဝင်မယ်လို့ သိရပါတယ်။