ပျားတွေဟာ ဂေဟစနစ်ရဲ့ အစာအာဟာရ ထောက်ပံ့မှုအတွက် အရေးကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်နေတာဖြစ်ပြီး ၂ ရာခိုင်နှုန်းသာရှိတဲ့ ပျားတွေကြောင့်သာ ထွန်ယက် စိုက်ပျိုးမှုကနေ ရရှိလာတဲ့ ၈၀ ရာခိုင်နှုန်းသော (အသီးအနှံ) အစားအစာတွေကို ရရှိနေတာ ဖြစ်ပါတယ်။
အကယ်လို့ ၂ ရာခိုင်နှုန်းသော ပျားတွေသာ မျိုးသုဉ်းပျောက်ကွယ် ကုန်မယ်ဆိုရင် ရရှိနေတဲ့ (အသီးအနှံ) အစားအစာ ၈၀ ရာခိုင်နှုန်းဟာ ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။
ပျားတွေဟာ သဘာဝပတ်ဝန်းကျင် တခုလုံးနဲ့ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်ရဲ့ ကျန်းမာရေး အခြေအနေမှာ မရှိမဖြစ် သတ္တဝါတွေဖြစ်ပြီး ပျားတွေသာ မရှိတော့ဘူးဆိုရင်တော့ အစားအစာ အရင်းအမြစ်တွေနဲ့ အခြားသော တိရစ္ဆာန်တွေကိုပါ ဆုံးရှုံးကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ အနာဂတ်ကာလမှာ ဖြစ်ပေါ်လာမယ့် သဘာဝ ပတ်ဝန်းကျင်အတွက် ပြဿနာတွေကို လူတော်တော်များများ အာရုံစိုက်လာကြပြီး အဲဒီလူတွေထဲမှာ ရုပ်ရှင်သရုပ်ဆောင် နာမည်ကျော် မင်းသားကြီး Morgan Freeman ကိုယ်တိုင်ကပါ အားသွန်ခွန်စိုက် ပါဝင်လာနေတာ ဖြစ်ပါတယ်။
ပျားအကောင်ရေ လျော့နည်းလာမှုဟာ လွန်ခဲ့တဲ့နှစ်တွေမှာ ပိုမို သိသာလာခဲ့တာဖြစ်ပြီး ၂၀၁၅၊၂၀၁၆ ခုနှစ် အမေရိကန်နိုင်ငံ တနိုင်ငံတည်းမှာတင် ပျားအကောင်ရေ ပျောက်ကွယ်သွားမှုဟာ ၄၄ ရာခိုင်နှုန်းရှိတယ်လို့ စစ်တမ်းတွေက ဖော်ပြထားပါတယ်။ ဒီလို အခြေအနေတွေကြောင့်ပဲ သဘာဝပတ်ဝန်းကျင်ရဲ့ ဂေဟစနစ်ဟာ ထိခိုက်မှုတွေ ရှိလာပြီး ဆိုးရွားတဲ့ ဘေးအန္တရာယ်တွေ တွေ့ကြုံ ရင်ဆိုင်နေကြရပါတယ်။
ပျားအကောင်ရေ လျော့နည်းလာမှုကို ကာကွယ်ဖို့ ကမ္ဘာအနှံ့အပြားမှာ ပျားတွေအတွက် ပန်းပင်တွေ ပိုမိုစိုက်ပျိုးတာ ၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပျားတွေကို ဆုံးရှုံးစေနိုင်တဲ့ ပိုးသတ်ဆေးတွေ အသုံးမပြုတော့တာတွေ လုပ်ဆောင်လာကြပြီပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်တွေတုန်းက Morgan Freeman နဲ့ အင်တာဗျူးတခုမှာ သူက “လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကျနော် ပျားအုံ ၂၆ ခု ရခဲ့တယ်ဗျ။ ပျားတွေကို စောင့်ရှောက်ရတာနဲ့တင် ကျနော်လည်း မအားနိုင်ပါဘူး။ သူတို့ကို ဒီကမ္ဘာမြေဆီ ပြန်ခေါ်ရမယ်၊ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ကျနော်တို့ ကမ္ဘာကြီးအတွက် အုတ်မြစ်သဘောပဲ” လို့ ဖြေဆိုခဲ့ပါတယ်။
Ref. www.intelligent.co
You may also like these stories:
အသက်ကြီးမှ အောင်မြင်ခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ
ထူးထူးဆန်းဆန်း ကမ္ဘာ့အံ့ဖွယ် လူသားများ
တက္ကဆက် တက္ကသိုလ်မှာ အချိန်ပြည့် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်တော့မယ့် Matthew McConaughey