Entertainment

အနုပညာလောကကနေ အနားယူပြီး တက္ကသိုလ် ပြန်တက်မယ့် F4 မင်းသမီး Ku Hye Sun

Want create site? Find Free WordPress Themes and plugins.

၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံမှာ လူကြိုက်များခဲ့တဲ့ “Boys Over Flowers” (F4 ချစ်သူ) ရုပ်သံဇာတ်လမ်းတွဲထဲက မင်းသမီး Ku Hye Sun ဟာ မကြာခင်မှာ တက္ကသိုလ် ပြန်တက်ဖို့အတွက် အနုပညာ လှုပ်ရှားမှုတွေ ရပ်နားတော့မယ်လို့ သိရပါတယ်။

ဒီကနေ့မှာပဲ “မင်းသမီး Ku ဟာ လက်ရှိ လုပ်ဆောင်နေတဲ့ ‘I Am Your Pet’ အက်ဆေး စာအုပ် ဖြန့်ချိပြီးရင် အနုပညာလှုပ်ရှားမှုတွေ ယာယီ ရပ်နားသွားမှာ ဖြစ်ပါတယ်”လို့ မင်းသမီး Ku Hye Sun ရဲ့ ဥပဒေရေးရာ ကိုယ်စားလှယ် Jung Kyung Suk က Sports Donga မီဒီယာကို ပြောကြားခဲ့ပါတယ်။

မင်းသမီးရဲ့ အနာဂတ် အစီအစဉ်တွေနဲ့ ပတ်သက်လို့ ရှေ့နေ Jung က “မင်းသမီးဟာ တက္ကသိုလ် ပြန်တက်ဖို့ ပြင်ဆင်နေပါပြီ”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်တွေတုန်းကတော့ မင်းသမီး Ku ဟာ သူ့ရဲ့ အက်ဆေးစာအုပ် မထွက်ခင် နောက်ဆုံး “နှုတ်ဆက်တာပါ”လို့ Instagram မှာ ပို့စ်တခုအတူ ဒီသတင်းကို အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။

အိမ်မွေး တိရစ္ဆာန်တွေအကြောင်း ရေးသားထားတဲ့ အဲ့ဒီ အက်ဆေးစာအုပ်ရဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့ပြီး ပုံစာမှာတော့ မင်းသမီးဟာ အိမ်ထောင်ရေးပြိုကွဲမယ့် ပြဿနာတွေ ဖြစ်ပြီးတဲ့နောက်ပိုင်း အနုပညာလောက ကနေ အနားယူမယ့်အကြောင်း ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

မင်းသမီးက “ကျမရဲ့ အက်ဆေး စုစည်းမှုဖြစ်တဲ့ “I Am Your Pet” ကို မဖြန့်ချိခင် နောက်ဆုံးအကြိမ် နှုတ်ဆက်လိုက်ပါတယ်။ ရှင်တို့ ကျမကို စိတ်ဝင်စားနေကြတာတွေနဲ့ ဒီလိုအချိန်မှာ ချစ်ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ရှင်တို့ ကျေးဇူးကြောင့် ကျမရဲ့ အိပ်မက်တွေကို ဖြည့်ဆည်းနိုင်ခဲ့ပါပြီ။ ရှေ့လျှောက် ပျော်ရွှင် ကျန်းမာကြပါစေ။ ချစ်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

“F4 မင်းသမီး”လု့ိ လူသိများတဲ့ မင်းသမီး Ku ဟာ အိမ်ထောင်သက်တမ်း ၃ နှစ်လောက်ရှိပြီဖြစ်တဲ့ ခင်ပွန်း မင်းသား Ahn Jae Hyun နဲ့ အိမ်ထောင်ရေး ပြိုကွဲမယ့် အခြေအနေတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ F4 ဇာတ်လမ်းတွဲ ထွက်ရှိခဲ့တာ ဆယ်စုနှစ်ကျော်ပြီ ဖြစ်ပေမယ့်လည်း နိုင်ငံတကာမှ ပရိသတ်တွေကတော့ မင်းသမီးကို လက်ရှိ အချိန်ထိ ချစ်ခင် အားပေးနေကြဆဲပါပဲ။

မင်းသမီး Ku ဟာ ၂၀၁၇ ခုနှစ်တုန်းကလည်း “You Are Too Much” ဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

Ref. Soompi

You may also like these stories:

ဇာတ်ကားအတူရိုက်ရင်း နီးစပ်သွားကြတဲ့ ကိုရီးယားအနုပညာရှင်စုံတွဲများ

Did you find apk for android? You can find new Free Android Games and apps.
Loading