Entertainment

tvN ရုပ်သံလိုင်းကနေ “Forest of Secrets” ဒရာမာ Season 2 ထုတ်လွှင့်မယ်လို့ အတည်ပြု

Want create site? Find Free WordPress Themes and plugins.

tvN ရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့ “Forest of Secrets” ဇာတ်လမ်းတွဲဟာ အခုဆိုရင် ဒုတိယမြောက် Season အနေနဲ့ ပြန်လည် ပြသတော့မှာ ဖြစ်ပါတယ်။

အဲ့ဒီ ဒရာမာဟာ ဒုတိယမြောက် Season အနေနဲ့ ပြသနိုင်ဖို့ ထုတ်လုပ်ရေး လုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီး လာမယ့်နှစ် ပထမနှစ်ဝက် ကာလမှာ ပြသဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း ယနေ့၊ စက်တင်ဘာလ ၃ ရက်နေ့မှာ Ilgan Sports မီဒီယာကနေ ဖော်ပြခဲ့ပါတယ်။

အဲ့ဒီ သတင်းတွေကို တုံ့ပြန်တဲ့အနေနဲ့ tvN ရုပ်သံမှ သတင်းရင်းမြစ်တခုက ဒီဒရာမာဟာ ပထမ Season တုန်းက စာရေးဆရာ Lee Soo Yeon နဲ့အတူ ပြန်လာတော့မှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ “ဒုတိယ Season ကိုဘယ်တော့ ထုတ်လွှင့်ဖြစ်မယ်ဆိုတာကို မဆုံးဖြတ်ရသေးပါဘူး” လို့ အဆိုပါ သတင်းရင်းမြစ်က ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့အဆိုအရ ဒါရိုက်တာအနေနဲ့ အရင်တာဝန်ယူခဲ့တဲ့ Ahn Gil Ho အစား KBS2 ရဲ့ “Uncontrollably Fond” နဲ့ “The Princess’s Man” ဒရာမာတွေကို ရိုက်ကူးခဲ့တဲ့ Park Hyun Seok က ရိုက်ကူးမှာဖြစ်ပါတယ်။

မူရင်း ပထမ Season မှာ ပါဝင်ခဲ့တဲ့ မင်းသမီး Bae Doona ကတော့ အခု ဒုတိယမြောက် Season မှာ ပါဝင်ဖို့ ဆွေးနွေးနေပါတယ်။ မင်းသား Cho Seung Woo ကတော့ ပြန်လည် ပါဝင်လာမယ်လို့ အတည်ပြုထားပါတယ်။ တခြားသရုပ်ဆောင်တွေလည်း ပြန်လည် ပါဝင်လာနိုင်ချေ ရှိတယ်လို့လည်း ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ဇွန်လမှာ ပထမဆုံးထုတ်လွှင့်ခဲ့ချိန်တုန်း “Forest of Secrets” ရဲ့ ပထမ Season ဟာ တော်တော်လေးကို အောင်မြင်မှုရခဲ့တာ တွေ့ရပါတယ်။

အထီးကျန်ဆန်ပြီး စိတ်ခံစားချက် မဲ့နေတဲ့ အမှုလိုက် Hwang Si Mok နဲ့ နွေးထွေးတဲ့ ထောက်လှမ်းရေးမှူး Han Yeo Jin တို့ အတူလက်တွဲပြီး ကွင်းဆက် လူသတ်သမားတဦးကို ဖမ်းဆီးဖို့ လုပ်ရင်း အစိုးရအမှုလိုက် ရှေ့နေရုံးမှာ ဖြစ်ပေါ်နေတဲ့ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ လုပ်ဆောင်ကြတဲ့အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ Season 1 ကတည်းက ကိုရီးယားဒရာမာ ကြိုက်တဲ့ မြန်မာ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပြီး Season 2 ကိုလည်း ရင်ခုန်စွာနဲ့ ပရိသတ်တွေ စောင့်မျှော် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Ref. Soompi

You may also like these stories:

မင်းသား ဆောင်းဆန်ဟွန်းရဲ့ ဒရာမာအသစ်ကို အချိန်စောပြီး ပြသမှာဖြစ်

တောင်ကိုရီးယားနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအကြောင်း မြင်တွေ့ရမယ့် စီးရီးအသစ်များ

သြဂုတ်လအတွင်း ကြည့်ရှုသူအများဆုံးဖြစ်ခဲ့တဲ့ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများ

လီဒေါင်ဝုခ်နဲ့ ယူအင်နာတို့အတွဲကို ထပ်မံမြင်တွေ့ရတော့မယ့် “Touch Your Heart”

Did you find apk for android? You can find new Free Android Games and apps.
Loading