Entertainment

ကြောင်လေး အန်ဂျူးကြောင့် ခင်ပွန်းကို မကွာရှင်းနိုင်တာပါလို့ မင်းသမီး Ku Hye Sun ပြော

Want create site? Find Free WordPress Themes and plugins.

မင်းသမီး Ku Hye Sun ဟာ သူ့ရဲ့ ကြောင်လေး အန်ဂျူးကြောင့် ခင်ပွန်းဖြစ်သူ မင်းသား Ahn Jae Hyun နဲ့ မကွာရှင်းနိုင်ဖြစ်နေတာလို့ ထုတ်ပြောလိုက်ပါတယ်။ ၂၀၁၄ ခုနှစ်အထိ မင်းသား Ahn ရဲ့ ကြောင်လေး ဖြစ်ခဲ့တဲ့ အန်ဂျူးဟာ ၂၀၁၆ ခုနှစ်မှာ သူတို့နှစ်ယောက် လက်ထပ်ခဲ့ပြီးတဲ့နောက် သူတိုရဲ့ မိသားစုပိုင် အိမ်မွေးတိရစ္ဆာန်တကောင် ဖြစ်လာခဲ့ပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့မှာ မင်းသမီး Ku ဟာ Instagram မှာ ဓာတ်ပုံတပုံ တင်ခဲ့ပြီး အဲဒီပုံမှာ “ကြောင်လေးအန်ဂျူးက ကျမနဲ့အတူ အချိန်အကြာကြီး ဖြတ်သန်းခဲ့တာပါ။ ကျမရဲ့ ကြောင်လေးပါ။ သူက အစာကျွေးတာ၊ မစင်စွန့်ပြီးရင် သန့်ရှင်းရေးလုပ်ပေးတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကျမတို့ ကွာရှင်းတော့မယ်လို့ ကြေညာပြီးတဲ့နောက် သူက ကြောင်လေးကို ယူသွားခဲ့တယ်။ ဒါကြောင့် ကျမတို့ မကွာရှင်းနိုင်တာ”လို့ ရေးသားထားပါတယ်။

နောက်တော့ မင်းသမီး Ku က သူတို့နှစ်ယောက် လက်မထပ်ခင်ကတည်းက အဲ့ဒီကြောင်လေးကို မွေးခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ စက်တင်ဘာလ ၄ ရက်နေ့မှာတော့ မင်းသား Ahn နဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံတွေကို ဖျက်လိုက်တဲ့အထဲမှာ အခု ကြောင်လေးအကြောင်း တင်ထားတဲ့ပို့စ်လည်း ပါသွားခဲ့တာကို တွေ့ရပါတယ်။

မင်းသမီး Ku ဟာ သူတို့ အိမ်ထောင်ကျစဉ်ကာလက မင်းသား Ahn အပေါ် ချမှတ်ထားတဲ့ အိမ်တွင်းရေး စည်းကမ်းတွေကိုလည်း စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြခဲ့ပါတယ်။

အဲ့ဒီ စည်းကမ်းတွေထဲမှာ “ည ၁၁ နာရီအထိသာ အပြင်မှာ အရက်သောက်ဖို့”၊ “အဝတ်တွေချွတ်ပြီးရင် နေရာတကျ ပြန်ထားဖို့”၊ “ထမင်းစားပြီးတဲ့အခါ ပန်းကန်ဆေး ဇလုံထဲ မထည့်ဘဲ အစားအသောက်တွေနဲ့ ပန်းကန်တွေကို ရှင်းလင်းဖို့”၊ “ရိုက်ကူးရေးရှိတဲ့ အချိန်ကလွဲလို့ အိမ်ကို ည ၁၂ နာရီရောက်ပြန်လာဖို့”၊ “တပတ်တခါ ကြောင်လေးကို သန့်ရှင်းရေး လုပ်ပေးဖို့” စတဲ့အချက်တွေ ပါဝင်ပါတယ်။

အခုနောက်ဆုံး ထွက်ရှိလာတဲ့ သတင်းအရ မင်းသမီး Ku ဟာ ခင်ပွန်းနဲ့ ကွာရှင်းရမယ်ဆိုရင် နစ်နာကြေးအနေနဲ့ ပိုတောင်းနေတဲ့ မက်ဆေ့ချ်တွေ ထွက်ပေါ်လာခဲ့တာပါ။ သူတို့ အခုနေတဲ့ တိုက်ခန်းကနေ ခင်ပွန်း ပြောင်းရွှေ့သွားမယ်ဆိုရင် တိုက်ခန်းအမည်ပေါက်ကို မင်းသမီးက သူ့နာမည်နဲ့ လွှဲပြောင်းပေးဖို့ တောင်းဆိုနေတာပဲ ဖြစ်ပါတယ်။

Ref. Soompi

You may also like these stories:

အနုပညာလောကကနေ အနားယူပြီး တက္ကသိုလ် ပြန်တက်မယ့် F4 မင်းသမီး Ku Hye Sun

Did you find apk for android? You can find new Free Android Games and apps.
Loading