Entertainment

ဆယ်ကျော်သက်တုန်းက မူးယစ်ဆေး အများအပြား သုံးခဲ့ဖူးတယ်လို့ ဂျက်စတင်ဘီဘာ ဝန်ခံ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာကျော် အဆိုတော် ဂျက်စတင်ဘီဘာ (Justin Bieber) က သူအသက် ၁၃ နှစ်အရွယ်မှာ ကမ္ဘာတဝန်း လူကြိုက်များခဲ့စဉ်က စလို့ ကြုံတွေ့ခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေအကြောင်း ပြောဆိုခဲ့ပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့မှာ အသက် ၂၅ နှစ်အရွယ် အဆိုတော် ဘီဘာဟာ သူ့ရဲ့ နာမည်ကျော်ကြားမှုကို ဘယ်လို ထိန်းသိမ်းခဲ့ရတယ်ဆိုတာနဲ့ ဆယ်ကျော်သက် တဦးအနေနဲ့ မူးယစ်ဆေးဝါးတွေကို အများအပြားသုံးစွဲခဲ့ဖူးတယ်လို့ ဖော်ပြထားတဲ့ စာအရှည်ကြီးကို တင်ခဲ့တာဖြစ်ပါတယ်။

ဘီဘာက “အတိတ်၊ အလုပ်၊ တာဝန်ယူမှု၊ စိတ်ခံစားချက်၊ မိသားစု၊ ငွေကြေးကိစ္စနဲ့ အချစ်ရေးအကြောင်းတွေ လွှမ်းမိုးခဲ့နေရတဲ့ စိတ်နဲ့ တမနက်တာကို နိုးထဖို့ဆိုတာ တော်တော်လေး ခက်ခဲတဲ့ ကိစ္စပါ။ တပူပေါ် နှစ်ပူဆင့်သလိုမျိုး ဒုက္ခတွေ ဆင့်ကဲ ရောက်ရှိလာတဲ့အခါ အဲ့ဒီနေ့ဟာ ကြောက်ရွံ့မှုတွေနဲ့အတူ တော်တော်လေး ဆိုးတဲ့နေ့ ဖြစ်ခဲ့ရတယ်”လို့ Instagram မှာ ရေးသားထားပါတယ်။

အတိတ်ကာလတုန်းက သူဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ အတွေးတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ “ကျနော့်ကို ဘဝမှာ ဆက်ပြီး ခွန်အားပေးတဲ့သူတွေကို ပိုင်ဆိုင်ထားကို ကျနော် ကံကောင်းပါတယ်” လို့ ဘီဘာက ဆိုပါတယ်။

အဲ့ဒီနောက် ဂျက်စတင်ဘီဘာဟာ သူ့အနေနဲ့ ဟိုးလေတကျော် အောင်မြင်နေတဲ့အချိန်မှာ ဆယ်ကျော်သက်အရွယ်သာ ဖြစ်တာကြောင့် မူးယစ်ဆေးဝါးဘက်ကို ခြေဦးလှည့်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်လို့လည်း အခုလို ပြောဆိုခဲ့ပါတယ်။

“ကျနော့် အသက် ၁၉ နှစ်အရွယ်မှာ မူးယစ်ဆေး တော်တော်များများ သုံးခဲ့ပြီး တွဲခဲ့တဲ့ ချစ်သူတွေအားလုံးအပေါ်ကိုလည်း အနိုင်ကျင့်ခဲ့ပါတယ်။ ကျနော်က မိန်းကလေးတွေအပေါ် မကျေမချမ်းတွေဖြစ်၊ မလေးမစားတွေလုပ်ပြီး ဒေါသတွေကြီးလာပါတယ်။ ကျနော့်ကို ချစ်တဲ့ လူတိုင်းနဲ့ ဝေးလာခဲ့ပြီး ကျနော် ပုန်းအောင်းနေခဲ့ရတယ်။ ကျနော် ဘယ်တော့မှ လှည့်ပြန်လို့မရတော့ဘူးလို့ ခံစားလာခဲ့ရတယ်”လို့ ဘီဘာက ဆိုထားပါတယ်။

ဆက်ပြီး ဘီဘာက အခုလိုမျိုး ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ အားလုံးကနေ လှည့်ထွက်လာဖို့ နှစ်နဲ့ချီပြီး အချိန်ယူခဲ့ရတယ်လို့လည်း ဆိုပါတယ်။ “ပြိုကွဲသွားတဲ့ ဆက်ဆံရေးတွေကို ပြန်ပြင်တယ်၊ အမူအကျင့်တွေကို ပြောင်းလဲမယ်။ ကျနော့်ကိုချစ်ကြတဲ့ ထူးခြားတဲ့လူတွေနဲ့ ဘုရားသခင်က ကျနော့်ကို ကံကောင်းအောင် ကောင်းချီးပေးပါစေ”လို့ ဘီဘာက ဆိုပါတယ်။

ဂျက်စတင်ဘီဘာဟာ အသက် ၁၃ နှစ်အရွယ်နဲ့ YouTube မှာ သီချင်းတွေ ဖျော်ဖြေရာကနေ ပရိသတ် သန်းနဲ့ချီပြီး ရခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ ဂီတထက် ဥပဒေချိုးဖောက်တာတွေနဲ့ အငြင်းပွားဖွယ် အပြုအမူသတင်းတွေသာ ပရိသတ်တွေကြားမှာ ကြီးစိုးခဲ့တာ ဖြစ်ပါတယ်။

Ref: hindustantimes

You may also like these stories:

ဂီတလောက ကနေ ခေတ္တ အနားယူမယ့် ဂျက်စတင်ဘီဘာ

စိတ်ကျရောဂါ ခံစားခဲ့ရကြောင်း အဆိုတော် ဂျက်စတင်ဘီဘာ ဖွင့်ဟ

ပုလင်းအဖုံးဖွင့်တဲ့ Challenge လုပ်ဖို့ မင်းသား Tom Cruise ကို စိန်ခေါ်လိုက်တဲ့ Justin Bieber

Tom Cruise နဲ့ ယှဉ်ပြိုင်ထိုးဖို့ စိန်ခေါ်ခဲ့တာဟာ စနောက်ခဲ့တာလို့ Justin Bieber ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading