Entertainment

မင်းသမီး ဖန်ပင်းပင်းကို အွန်လိုင်းမှာ အသရေဖျက်သူ ဒေါ်လာ ၃၁,၀၀၀ နစ်နာကြေး ပေးခဲ့ရ

Want create site? Find Free WordPress Themes and plugins.

တရုတ်မင်းသမီး ဖန်ပင်းပင်းဟာ ဆိုရှယ်မီဒီယာပေါ်မှာ လိင်ပိုင်းဆိုင်ရာ မလျော်မကန်မှုတွေ လုပ်ဆောင်တယ်လို့ သူ့ကိုစွပ်စွဲခဲ့တဲ့ အမျိုးသားတဦးအပေါ် တရားစွဲဆိုခဲ့တဲ့ အမှုမှာ အနိုင်ရရှိခဲ့ပြီး နစ်နာကြေးအဖြစ် ယွမ် ၁၆၁,၅၀၀ (ဒေါ်လာ ၃၁,၀၀၀) ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က အခွန်ရှောင်မှု အရှုပ်တော်ပုံ ကြောင့် ဒဏ်ကြေးနဲ့ အခွန်ငွေ ယွမ် ၈၈၄ သန်းနီးပါး ပေးဆောင်ခဲ့ရတဲ့ အသက် ၃၇ နှစ်အရွယ် မင်းသမီး ဖန်ဟာ မသင့်လျော်တဲ့ လိင်ပိုင်းဆိုင်ရာ အချစ်ရေးကိစ္စတွေမှာ ပါဝင်ခဲ့တဲ့အကြောင်း သူ့ကို Weibo မှာ ထပ်ခါတလဲလဲ စွပ်စွဲခဲ့တဲ့ Chen Yongpeng ဆိုသူကို တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ မင်းသမီးရဲ့ကိုယ်စားပြု ဥပဒေကုမ္ပဏီ Beijing Xingquan Law Firm က ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဘေကျင်းမြို့ရဲ့ Chaoyang ခရိုင်ပြည်သူ့တရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့မှာ မင်းသမီး ဖန်ကို အနိုင်ပေးလိုက်ခြင်းဖြစ်ပြီး Qinling Eryue ဆိုတဲ့အကောင့်ပိုင်ရှင် Chen ကို နစ်နာကြေးပေးဖို့နဲ့ သူ့ရဲ့ Weibo အကောင့်မှာ မင်းသမီးအတွက် တောင်းပန်စာကို ၇ ရက်ကြာ တင်ပေးထားဖို့ အမိန့်ချမှတ်ခဲ့တာ လည်း ဖြစ်ပါတယ်။

တရားရုံးရဲ့ အဆိုအရ မင်းသမီး ဖန်ကို နာမည်တပ်ဖော်ပြထားတဲ့အပြင် သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေနဲ့ ဓာတ်ပုံတွေပါဝင်တဲ့ ပို့စ်တွေကနေ မင်းသမီးဟာ ကိုယ်ကျင့်တရား ပျက်ယွင်းနေတဲ့သူလို့ ဖော်ပြပြောဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တရားရုံးက “အဲ့ဒီပို့စ်တွေဟာ ဖန်ပင်ပင်းရဲ့ ဂုဏ်သိက္ခာကို မှားမှားယွင်းယွင်း ဝေဖန်ခဲ့ပြီး သူ့ရဲ့ လူမှုရေးအဆင့်အတန်းကို ကျဆင်းစေခဲ့ပါတယ်” လို့ ဆိုပါတယ်။

မင်းသမီး ဖန်အပေါ် အသရေဖျက်မှုမှာ ရှုံးနိမ့်ခဲ့ရတာ Chen အတွက်တော့ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်မှာ တရားရုံးတခုက ၂၀၁၇ ခုနှစ်မှာ မင်းသမီးရဲ့ အချစ်ရေးအကြောင်း လိမ်ဆင် သတင်းအချက်အလက်တွေ ထုတ်ပြန်ခဲ့မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီးတဲ့နောက် နစ်နာကြေးအနေနဲ့ မင်းသမီးကို ယွမ် ၆၂,၅၀၀ ပေးဖို့နဲ့ တောင်းပန်တာ ၁၅ ရက်ကြာ ထုတ်ပြန်ပေးဖို့ ချမှတ်ခံခဲ့ရဖူးပါတယ်။

ဒါ့အပြင် မင်းသမီးဟာ သူ့ရဲ့ နာမည် ဂုဏ်သတင်းကို ပျက်စီးအောင် ဖျက်ဆီးခဲ့တဲ့ လူတွေအပေါ် တရားစွဲဆိုမှု တော်တော်များများမှာလည်း အနိုင်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းက တခြားမင်းသားတွေနဲ့ အချစ်ရေးအကြောင်း အသရေဖျက်တဲ့ သတင်းတွေ ထုတ်ပြန်ခဲ့တဲ့အတွက် ယွမ် ၄ သိန်းပေးဆောင်ဖို့ လူ ၅ ဦးအမိန့်ချမှတ်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာလည်း ယွမ် ၈ သောင်းပေးဖို့နဲ့ မင်းသမီးရဲ့ ကိုယ်ရေးကိုယ်တာ ဘဝနဲ့ပတ်သက်တဲ့ မှတ်ချက်တွေအတွက် တောင်းပန်ဖို့ Weibo အသုံးပြုသူတဦးက အမိန့်ချမှတ်ခံခဲ့ရပါသေးတယ်။

မင်းသမီး ဖန်ဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ ထွက်ရှိမယ့် လျှို့ဝှက်ထောက်လှမ်းရေး သည်းထိတ်ရင်ဖို ရုပ်ရှင် “355” မှာ ပါဝင်လာဖို့ရှိနေပါတယ်။

Ref:asiaone

You May Also Like These Stories:

စေ့စပ်ထားတဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ တရုတ်မင်းသမီး ဖန်ပင်းပင်း

ကိန်းစ်ရုပ်ရှင်ပွဲတော် ကော်ဇောနီပေါ်မှာ အချိန်ကြာကြာ ကိုယ်ဟန်ပြလို့ ဝေဖန်ခံနေရတဲ့ တရုတ်မင်းသမီး

Did you find apk for android? You can find new Free Android Games and apps.
Loading