ထိုင်းနိုင်ငံ အခြေစိုက် ထိုင်း – အိုင်းရစ် လူမျိုး ဒါရိုက်တာ Tom Waller ရိုက်ကူးထားတဲ့ “The Cave” လို့ နာမည်ပေးထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကား Trailer ဟာ စက်တင်ဘာလ ၄ ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။
၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံ၊ ထမ့်လုံ (Tham Luang) လှိုဏ်ဂူအတွင်း ပျော်ပွဲစားသွားရင်း ဂူထဲမှာ ပိတ်မိခဲ့တဲ့ တောဝက် ဘောလုံးအသင်းသားတွေရဲ့ ဖြစ်ရပ်မှန်ကို အခြားရှုထောင့်ကနေ ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ကားကို အောက်တိုဘာလမှာ ကျင်းပမယ့် ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပြပွဲမှာ ပြသသွားမယ်လို့ သိရပါတယ်။
အနောက်နိုင်ငံမှာ ကျင်းပမယ့် ရုပ်ရှင်ပွဲတော်တွေမှာလည်း ပြသဖို့ အတည်ပြုထားတာတွေ ရှိနေပြီး ထိုင်းနိုင်ငံက ရုပ်ရှင်ရုံတွေမှာတော့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ စတင်ပြသမှာ ဖြစ်ပါတယ်။ Netflix နဲ့ Ivanhoe Pictures ကုမ္ပဏီတို့ ပူးပေါင်းပြီး ဂူထဲမှာ ပိတ်မိနေတဲ့ ကလေးတွေအကြောင်းကို ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးသွားဖို့ ရှိနေပြီး ထိုင်းအစိုးရကလည်း ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
“The Cave” ရုပ်ရှင် Trailer
အခု ထွက်ရှိမယ့် “The Cave” ရုပ်ရှင်ကိုတော့ ဒါရိုက်တာက ကယ်ဆယ်ရေးသမားတွေဘက်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ရိုက်ပြထားပြီး Waller’s De Warrenne ကုမ္ပဏီက ထုတ်လုပ်ထားပါတယ်။ ထွက်ရှိလာတဲ့ Trailer မှာတော့ ကယ်ဆယ်ရေးသမားတွေဟာ နိုင်ငံတကာက ရုပ်သံလိုင်းတွေ စောင့်ကြည့်နေခြင်းကို ခံရပြီး ကလေးများကို ခက်ခဲစွာ ကယ်တင်ခဲ့ပုံကို အဓိကထားပြသသွားခဲ့တာကို တွေ့ရပါတယ်။
Ref. Variety.com
You may also like these stories:
ထိုင်းလှိုဏ်ဂူဖြစ်ရပ် တနှစ်ပြည့်အတွက် အပြေးပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ တောဝက်အသင်းသားများ
Netflix ရုပ်ရှင်မှာ တဦးကို ထိုင်းဘတ် ၃ သန်းစီ ရရှိကြမယ့် ထိုင်းတောဝက် အသင်းသားများ
ဂူထဲပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းသားများအကြောင်း ရုပ်ရှင်ရိုက်ကူးမည်
ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းချက် ၂၂ ခု ရရှိခဲ့တဲ့ တောဝက်အသင်းသားများ
တောဝက်အသင်းသားများကို ကယ်ဆယ်ခဲ့သူများ ဂုဏ်ပြုပွဲ တက်ရောက်ရန် ဘန်ကောက် ရောက်ရှိ