• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဂျိုလီနဲ့ ကွာရှင်းပြီးနောက် အရက်ဖြတ်ခဲ့တဲ့ မင်းသား ဘရက်ပစ်

by မစ်ကီ
6 September 2019
in Entertainment
A A
မင်းသမီး အန်ဂျလီနာဂျိုလီ၊ မင်းသား ဘရက်ပစ်

မင်းသမီး အန်ဂျလီနာဂျိုလီ၊ မင်းသား ဘရက်ပစ်

10.2k
VIEWS
Share on FacebookShare on Twitter

အမေရိကန်မင်းသား ဘရက်ပစ်ဟာ သူ့ရဲ့ အရက်စွဲခဲ့တဲ့ ကာလအကြောင်း မကြာသေးခင်တုန်းက ဖွင့်ဟခဲ့ပြီး အမျိုးသားတွေချည်း စုထားတဲ့ Alcoholics Anonymous အဖွဲ့မှာ တနှစ်ခွဲလောက် အချိန်ကုန်ဆုံးခဲ့ရပြီးနောက် ဘာတွေ သင်ယူရရှိခဲ့သလဲဆိုတာကို ပြောပြခဲ့ပါတယ်။

မင်းသားဟာ The New York Times သတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူ့ရဲ့ ဘဝအခြေအနေအသေးစိတ် အချက်အလက် အချို့ကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အသက် ၅၅ နှစ်အရွယ် မသ်းသားဟာ ဇနီးဟောင်း မင်းသမီး အန်ဂျလီနာဂျိုလီနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် အရက်ဖြတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
350
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
403
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
909

မင်းသားက “ကျနော် နိုင်သလောက် အရာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် အရက်စွဲနေတာကို ဖယ်ရှားခဲ့ပါတယ်”လို့ ပြောပါတယ်။ သူဟာ Alcoholics Anonymous အဖွဲ့ရဲ့ အစည်းအဝေးတွေကို စတင်တက်ရောက်ခဲ့ပြီး အဲ့ဒီအဖွဲ့ထဲမှာ သူ့ဘဝရဲ့ ကိုယ်ရေးကိုယ်တာ အဆန်ဆုံး အစိတ်အပိုင်းတွေကို မျှဝေခဲ့တယ်လို့လည်း သိရပါတယ်။

မင်းသားက “ကျနော် ဘယ်တုန်းကမှ မကြားခဲ့ဖူးတဲ့ ပုံစံနဲ့ ဘေးပတ်လည် ထိုင်နေတဲ့ အမျိုးသားတွေအားလုံးက ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ထုတ်ပြောကြတယ်။ ကိုယ့်ကို တင်းကျပ် ဆုံးဖြတ်မယ့်သူ နည်းနည်းပဲ ရှိတဲ့ လုံခြုံတဲ့နေရာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်နိုင်ပါတယ်။ တကယ့်ကိုပဲ ကိုယ့်ရဲ့ ဆိုးသွမ်းတဲ့ အခြမ်းကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြလို့ ရတယ်။ ဒါကြောင့် တော်တော်လေး တန်ဖိုးရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

ဖခင်ပျောက် ရှာပုံတော်ဖွင့်မယ့် အာကာသယာဉ်မှူး တယောက်အကြောင်း ရိုက်ကူးထားတဲ့ “Ad Astra” ရုပ်ရှင် ရိုက်ကူးနေချိန်မှာတောင် သူဟာ အဲ့ဒီအဖွဲ့ဆီကို သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ အဲ့ဒီရုပ်ရှင်ထဲမှာ Roy McBride ဇာတ်ကောင်အတွက် သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အခက်အခဲ အကျပ်အတည်းတချို့ကို အသုံးချခဲ့တယ်လို့လည်း ပြောပါတယ်။ ဂျိုလီနဲ့ ကွာရှင်းဖို့ ကိစ္စတွေကို တရားရုံးတင်ပြီး လအနည်းငယ် အကြာမှာပဲ အခုဇာတ်လမ်းကို ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

မင်းသမီး Gwyneth Paltrow နဲ့ စေ့စပ်ခဲ့တာ၊ မင်းသမီး Jennifer Aniston နဲ့လက်ထပ်ခဲ့တာဟာ သူ့အတွက်တော့ ပြီးပြည့်စုံတဲ့ဘဝမှာ နေထိုင်ခဲ့ရတာ ဖြစ်ပေမယ့် ထီပေါက်ခဲ့ရတဲ့ ပျော်ရွှင်မှုမျိုးတော့ မဟုတ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ မင်းသား ပစ် ပါဝင်ထားတဲ့ “Ad Astra” ရုပ်ရှင်ကိုလာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Ref: hindustantimes

You may also like these stories:

အိမ်မှာ တိတ်တဆိတ် တွေ့ဆုံနေတဲ့ ဘရက်ပစ်နဲ့ ဂျိုလီ

တောင်ကိုရီးယားတက္ကသိုလ်မှာ စတင် တက်ရောက်နေပြီဖြစ်တဲ့ ဂျိုလီရဲ့သား Maddox

Marvel စူပါဟီးရိုးရုပ်ရှင်မှာ သရုပ်ဆောင်ရန် အန်ဂျလီနာဂျိုလီ ဆွေးနွေးနေ

Your Thoughts …
Tags: ဘရက်ပစ်အရက်ဖြတ်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မင်းသား ဘရက်ပစ်နဲ့ မင်းသမီး အန်ဂျလီနာဂျိုလီ

ဘရက်ပစ်နဲ့ လမ်းခွဲခဲ့တဲ့ အကြောင်းရင်းကို ထုတ်ပြောလာတဲ့ ဂျိုလီ

by မစ်ကီ
23 June 2020
19.8k

သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မင်းသမီးက “ကျမ မိသားစုရဲ့ ကျမ်းမာ၊ ချမ်းသာရေးကြောင့် လမ်းခွဲခဲ့တာပါ။ ဒါဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။

မင်းသမီး အန်ဂျလီနာဂျိုလီနဲ့  မင်းသား ဘရက်ပစ်တို့ စုံတွဲ

အိမ်မှာ တိတ်တဆိတ် တွေ့ဆုံနေတဲ့ ဘရက်ပစ်နဲ့ ဂျိုလီ

by မစ်ကီ
21 September 2018
9.1k

ဂျိုလီအနေနဲ့ အလုပ်ဖြစ်မယ့် အလုပ်တွေလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပြီး ဘရက်ပစ်ကလည်း အဲဒီကမ်းလှမ်းချက်အတွက် အဆင်သင့်ဖြစ်နေပြီလို့ဆိုပါတယ်။

သားဖြစ်သူ Maddox ၊ မင်းသား ဘရက်ပစ်

ဖခင်ဖြစ်သူ ဘရက်ပစ်နဲ့ အေးစက်သွားတဲ့ ဆက်ဆံရေးအကြောင်း ပြောပြတဲ့ Maddox

by မစ်ကီ
12 September 2019
12.5k

US Weekly မီဒီယာရဲ့ အဆိုအရ Maddox နဲ့ Pitt တို့ဟာ အဲ့ဒီလိုရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အချိန်နည်းနည်းပဲ အတူတူနေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုတော် လေဒီဂါဂါ ၊ မင်းသား ဘရက်ပစ်

ဘရက်ပစ်နဲ့အတူ သည်းထိတ်ရင်ဖို အက်ရှင်ကားမှာ ပါဝင်ဖို့ လေဒီဂါဂါ ဆွေးနွေးနေ

by မစ်ကီ
23 November 2020
4k

သတင်းရင်းမြစ်တွေရဲ့အဆိုအရ ဆွေးနွေးညှိနှိုင်းမှုတွေက ကနဦးအဆင့်သာ ရှိသေးတဲ့အတွက် သဘောတူညီချက် ရထားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

မင်းသား ဘရက်ပစ်နဲ့ မင်းသားလီယိုနာဒိုတို့နှစ်ဦး

ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပရိသတ်တခဲနက်အားပေးတာခံရတဲ့ လီယိုနာဒိုနဲ့ ဘရက်ပစ်တို့ရဲ့ ရုပ်ရှင်

by မစ်ကီ
22 May 2019
8.5k

“ဒါရိုက်တာကြီး Quentin Tarantino ရဲ့ ရုပ်ရှင်အသစ် "Once Upon a Time in Hollywood" ကို မေလ ၂၁ ရက်နေ့ ညနေပိုင်းတုန်းက ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ခုနှစ်မိနစ်ကြာ ပရိသတ်တွေရဲ့ မတ်တပ်ရပ်...

ဘရက်ပစ်၊ ဂျိုလီနဲ့ သားသမီးများ

ကလေးများကို အုပ်ထိန်းခွင့် သဘောတူညီချက် အသစ် ရခဲ့တဲ့ ဂျိုလီတို့ စုံတွဲ

by မစ်ကီ
13 June 2018
10.6k

မင်းသားကတော့ ကလေးတဦးချင်းစီနဲ့ စိတ်ပညာရှင်တဦးနဲ့အတူ ၁၀ ရက်တာကာလအတွင်းမှာ အနည်းဆုံး နှစ်ကြိမ် လောက်တွေ့ဆုံပြီး အချိန်ကုန်ဆုံးခွင့်ရမှာဖြစ်ပါတယ်။

Next Post
အဆိုတော်၊ သရုပ်ဆောင် ထွန်းထွန်း  / Tun Tun.Examplez's Facebook

"တန်ဖိုး"ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်အကြောင်း ပြောပြတဲ့ ထွန်းထွန်း

အင်ဒိုနီးရှားနိုင်ငံက ကိုမိုဒိုကျွန်း

ကိုမိုဒိုနဂါးတွေ မျိုးသုဉ်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကိုမိုဒိုကျွန်း

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

5 days ago
5.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate