မတော်တဆမှုတခုကြောင့် ဒဏ်ရာ ရရှိခဲ့လို့ Kelly Clarkson Show အစီအစဉ်ကို မလာရောက်နိုင်ခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ဟာသသရုပ်ဆောင် Kevin Hart ကြောင့် မင်းသား Dwayne Johnson ဟာ သူ့ရဲ့ ဟန်နီးမွန်းခရီးစဉ်ကို အတိုချုံးပစ်ခဲ့ပါတယ်။
မင်းသား The Rock နဲ့ ဇနီး Lauren Hashian တို့ဟာ ဟာဝိုင်အီမှာ ဟန်းနီးမွန်းထွက်နေကြပေမယ့် Hart ရဲ့ မတော်တဆမှုကြောင့် ခရီးစဉ်ကို အတိုချုံ့ပစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ဟာသ သရုပ်ဆောင် Kevin Hart က နောက်ကျောမှာ ဒဏ်ရာကြီးကြီးမားမား ရရှိခဲ့တာကြောင့် သူ့ကို ဆေးရုံတင်ထားရပြီး ခွဲစိတ်ကုသပြီးနောက် လောလောဆယ် အနားယူနေတယ်လို့ သိရပါတယ်။
အဆိုတော် Kelly Clarkson ကတော့ သူတင်ဆက်နေတဲ့ အစီအစဉ်ရဲ့ တရားဝင် Twitter အကောင့်ကနေ မျှဝေခဲ့တဲ့ ဗီဒီယိုမှာ အခြေအနေတွေကို အခုလို သေချာရှင်းပြထားပါတယ်။
အဆိုတော် Clarkson က “ဒီနေ့အတွက် ကျမရဲ့ ပထမဆုံး ဧည့်သည်တော်က ဟာသ သရုပ်ဆောင် Kevin Hart ဖြစ်ပါတယ်။ ဒါကြောင့် ရှင်တို့တွေ သိတဲ့အတိုင်း Hart ဟာ ကားမတော်တဆမှုတခုမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပါတယ်။ သူ အဆင်ပြေပါတယ်။ ပြန်သက်သာနေပါပြီ။ ဒါပေမဲ့ သူဒီကို လာနိုင်မှာ မဟုတ်ပါဘူး။ သူ့သူငယ်ချင်း တယောက်ကတော့ သွားစောင့်ရှောက်နေပါပြီ။ ကျမက သူ့ကိုသဘောကျပါတယ်။ သူ့မိန်းမကတော့ ကျမကို မုန်းနေတော့မှာပဲ”လို့ ဗီဒီယိုထဲမှာ ပြောဆိုခဲ့ပါတယ်။
ကာလရှည်လက်တွဲခဲ့တဲ့ ချစ်သူနဲ့ သြဂုတ်လ ၁၈ ရက်နေ့မှာ လက်ထပ်ခဲ့တဲ့ မင်းသား Johnson က သူ့ရဲ့ အားလပ်ရက် အပန်းဖြေခရီးကို ဖျက်လိုက်ဖို့ ဆန္ဒရှိတဲ့အကြောင်း ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။
သူက “ကျနော့်သားလေး Kevin Hart က ဒဏ်ရာကြောင့် လဲကျနေချိန်မှာ သူ့ရဲ့ ဖေဖေကြီးက အားပေးရမှာပေါ့။ ကျနော့်ရဲ့ ဟန်းနီးမွန်းကနေ စောစောစီးစီး ထွက်ခွာလာခဲ့ပါပြီ။ Lauren ကလည်း Kelly ကို ချစ်လို့ ခွင့်ပြုပေးလိုက်တယ်။ အခု ကျနော်နဲ့ Kelly တို့က သူငယ်ချင်းကောင်း အသစ်တွေ ဖြစ်သွားကြပြီ” လို့ Instagram မှာ ရေးသားခဲ့ပါတယ်။
Ref: hindustantimes