Entertainment

ထွန်းအိန္ဒြာဗိုရဲ့ “သေခန်းပြတ်ပဲ သူငယ်ချင်း” သီချင်းကို ပြန်ဆိုထားတဲ့ ပိုးမီ

Want create site? Find Free WordPress Themes and plugins.

ပိုးမီနဲ့ သူ့ရဲ့ဂီတမောင်နှမ သူငယ်ချင်းများ စုပေါင်းကာ သီဆိုထားတဲ့ “FRIEND” ဆိုတဲ့ အခွေမှာ တချိန်က အောင်မြင် ကျော်ကြားခဲ့တဲ့ ထွန်းအိန္ဒြာဗိုရဲ့ “သေခန်းပြတ်ပဲ သူငယ်ချင်း” သီချင်းကို ပြန်သီဆိုထားတယ်လို့ သိရပါတယ်။

“ပိုးမီက  မခိုင်ကြီးရဲ့ ‘သေခန်းပြတ်ပဲ သူငယ်ချင်း’ သီချင်း ဆိုထားတယ်။ ခံစားလို့ကောင်းတဲ့ သီချင်းလေးပါပဲ။ ပိုးမီက ကံကောင်းပါတယ်။ ဒီသီချင်းလေးရဲ့ မူရင်း တေးရေးဆရာရဲ့သမီးနဲ့ တွေ့ခဲ့တယ်။ စကားပြောရတာလည်း အဆင်ပြေတယ်။ သူကိုယ်တိုင်ကလည်း သီချင်းကို တန်ဖိုးထားတယ်။ ကိုယ့်ကိုလည်း ယုံကြည်တဲ့အတွက် သင့်တော်တဲ့ နှုန်းထားနဲ့ အနုပညာကြေးကို လက်ခံယူပေးခဲ့တယ်။ အခက်အခဲ မရှိခဲ့ပါဘူး” လို့ ပိုးမီက ပြောပါတယ်။

ဒီသီချင်းကိုတော့ တေးရေး စစ်ငြိမ်းက ရေးသားထားတဲ့အတွက် သီချင်းကို ပြန်လည် သီဆိုရန်အတွက် ခွင့်တောင်းတဲ့အခါမှာလည်း ပိုးမီကို ယုံကြည်တဲ့အတွက် တေးရေးဆရာရဲ့သမီးဖြစ်သူက ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

အောင်မြင်ပြီးသား သီချင်းများကို ပြန်သီဆိုတဲ့အခါ သီချင်းဖျက်တယ်ဆိုပြီး အပြောခံရမှာကို အရမ်းကြောက် တဲ့အတွက် မပျက်စီးအောင် ကြိုးစားသီဆိုတယ်လို့ ပိုးမီက ဆိုပါတယ်။

“ဘယ်လို စိတ်ဖိစီးမှုဖြစ်လဲဆိုရင် တခုပဲ။ ငါ သီချင်းကို ဆိုနိုင်မလား ပြီးတော့ သီချင်းဖျက်တယ်ဆိုပြီး အပြောခံရမှာ အရမ်းကြောက်တယ်။ အဲ့တခုပါပဲ။ ကျန်တာက အဆင်ပြေတယ်။ အရင်ပုံစံကို မပြောင်းလဲတဲ့ ပုံစံနဲ့ ဆိုထားတယ်။ Music ကိုလည်း အရမ်းမပြောင်းထားဘူး။ ဒါပေမဲ့ Mood လေးပဲ နည်းနည်းလေး ကိုယ့် Mood လေးဖြစ်အောင် ဆိုထားပါတယ်” လို့ ပိုးမီက ပြောပါတယ်။

ပိုးမီက စိတ်ကိုတော့ အကောင်းရော၊ အဆိုးရော ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

“ကိုယ်လုပ်ချင်တာ လုပ်လိုက်တဲ့အတွက် ကိုယ်နဲ့ ထပ်တူကျတဲ့သူက လက်ခံမယ်။ အဲ့လိုမျိုးစိတ်ကို အကောင်းရော၊ အဆိုးရော ခံနိုင်အောင်လို့ ပြင်ဆင်ထားတယ်”လို့ ပိုးမီကပြောပါတယ်။

ပရိသတ် အများစုက ပိုးမီကို “အလိုက်တသိ” သီချင်းနဲ့ တွဲမြင်နေတဲ့အတွက် နောက်ထပ်သီချင်းတွေက မကျော်နိုင်သေးတဲ့အတွက် တခြားသီချင်းများကိုလည်း ကြိုက်ပေးကြပါလို့ ပြောပါတယ်။

“လူတွေက ပိုးမီကို အလိုက်တသိနဲ့ တွဲမြင်နေတော့ အလိုက်တသိကို မကျော်နိုင်သေးဘူး။ နောက်ထပ် သီချင်းလေးတွေလည်းကြိုက်ပါလို့။ အလိုက်တသိ တပုဒ်ပဲ မကြိုက်ပါနဲ့လို့”လို့ ပိုးမီက ပြောပါတယ်။

ထပ်မံပြီး တကိုယ်တော်အခွေအနေနဲ့ ၂၀၂၀ ခုနှစ်၊ လဆန်းပိုင်းလောက်မှာ ထွက်နိုင်အောင်ကြိုးစားနေပြီး အဆွေးသီချင်းများ၊ အသည်းကွဲသီချင်းများ ပါဝင်မယ်လို့ သိရပါတယ်။ ဒီကြားထဲမှာတော့ အဆိုတော် ရဲနောင်နဲ့ တွဲပြီး သီဆိုထားတဲ့ သီချင်းများ ထွက်လာဦးမယ်လို့ သိရပါတယ်။

You may also like these stories:

ဒုတိယမြောက် တကိုယ်တော် တေးစီးရီးအတွက် ပြင်ဆင်နေတဲ့ အဆိုတော် ပိုးမီ

“အသည်းကွဲသီချင်းတွေ ရေးရတာ လူကိုပိုထိလို့ ကြောက်တယ်”

အကယ်ဒမီ စင်မြင့်ထက်မှာ သီချင်း သီဆိုခွင့်ရတဲ့ Myanmar Idol အဆိုရှင်များ

Did you find apk for android? You can find new Free Android Games and apps.
Loading