Entertainment

"အနုပညာကို တန်ဖိုးထားတာကြောင့် အားနာလို့ ရိုက်တဲ့ ဇာတ်ကား မရှိဘူး"လို့ ခင်သဇင် ပြော

ဒါရိုက်တာ Emma ရိုက်ကူးတဲ့ “ခရီးသွားကောက်ကြောင်း” အပိုင်း ၇ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ သရုပ်ဆောင် ခင်သဇင်က ကယားပြည်နယ်ဘက်မှာ သွားရောက် ရိုက်ကူးနေတယ်လို့ သိရပါတယ်။

“ခရီးသွားကောက်ကြောင်း” အပိုင်း ၇ ရုပ်သံဇာတ်လမ်းတွဲမှာ ဇင်ရယ်၊ ရွှေသမီးရယ်၊ မမြနှင်းရည်လွင်ရယ်ပါပါမယ်။ ၃ ယောက်လုံးက ဆရာမတွေပေါ့နော်။ ကယားပြည်နယ်ဘက်ကို ဇာတ်လမ်းလေးဖွဲ့ပြီးတော့ သူငယ်ချင်းသုံးယောက် ခရီးသွားတဲ့ ပုံစံလေးမျိုးပေါ့”

“ဇာတ်လမ်းလေးကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကယားပြည်ဘက်တော့ မရောက်ဖူးဘူး။ ကယားပြည်နယ်ဘက်ကို သွားရမယ့် အခါကျတော့ ပျော်တာပေါ့နော်။ တခါမှလည်း မရောက်ဖူးဘူး။ ကိုယ်လည်း သွားချင်တယ်။ ကယားပြည်နယ် အကြောင်းကတော့ ငယ်ငယ်က စာတွေအများကြီး သင်ဖူးတယ်”

“ကယားပြည်နယ်အရမ်းလှ တယ်လို့လည်း ကြားဖူးတယ်။ သွားဖို့အတွက် အခွင့်အခါမကြုံတော့ မသွားဖြစ်သေးဘူး။ အဓိကတော့ ဂူတွေသွားမယ်လို့ ပြောတယ်။ ဇင်က ဂူတွေဆို အရမ်းသဘောကျတယ်။ ဟိုးအရင်ကတည်းက ရှိနေတဲ့နေရာတွေ အရမ်းစိတ်ဝင်စားတယ်။ အဲ့နေရာဆိုတော့ အရမ်းကို ရင်ခုန်နေတယ်”လို့ ခင်သဇင်က ပြောပါတယ်။

အနုပညာကို တန်ဖိုးထားတာကြောင့် အားနာပြီး မရိုက်ဘူးဆိုတဲ့ ခင်သဇင်က ရုံတင်မယ့် ကားတွေလည်း ရှိသေးတယ်လို့ ဆိုပါတယ်။

“ခရီးသွားရတာ ဇင်ရဲ့ အကြိုက်ဆုံး ဝါသနာတွေထဲက တခုပေါ့နော်။ ကယားပြည်နယ်က ကိုယ်လည်း အရမ်း သွားချင်နေတာဆိုတော့ ကိုယ်ဘာတွေများ တွေ့ရမလဲ၊ ဘာတွေများ လုပ်ရမလဲဆိုတာကို အရမ်းကို ရင်ခုန်နေတယ်။ ခရီးအတွက်လည်း သေချာလေး ပြင်ဆင်ထားပါတယ်။ ဇင်ရိုက်ဖို့ ရုပ်ရှင်ကားကြီးတွေရှိတယ်။ Sky Net နဲ့ ရိုက်မယ့်ကားတွေလည်း ထပ်ပြီးတော့ ပြောထားတာတွေ ရှိပါတယ်”

“ဇင်က ကာရိုက်တာ ထပ်တယ်ဆိုရင်တော့ ဇင်မရိုက်ဘူးပေါ့နော်။ ဇင် ဇာတ်လမ်းတခုကို ကိုယ်တိုင်ကြိုက်မှပဲ ကာရိုက်တာကို ရွေးချယ်ပြီး ရိုက်မယ်။ လက်ရှိရုံတင်မယ့် ကားတွေလည်းရှိတော့ ပရိသတ်ရဲ့ အသံကို နားထောင်ချင်တယ်။ တကယ် အရည်အသွေး ရှိတာကိုပဲ ဇင် ရိုက်ချင်ပါတယ်။ ဇင်အနုပညာကို အားနာလို့တော့ မရိုက်ဘူး။ အနုပညာကို တန်ဖိုးထားတယ်။ အနုပညာကို တန်ဖိုးထားတာကြောင့် အားနာလို့ ရိုက်ရတယ်ဆိုတာ မရှိပါဘူး”လို့ ခင်သဇင်က ပြောပါတယ်။

ခင်သဇင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတဲ့ သရုပ်ဆောင်တယောက်ပါ။ ခင်သဇင်ဟာ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း ရာသက်ပန် လှူဒါန်းမှု ပြုလုပ်ထားသလို ကစ်ကစ်ရဲ့ ကျန်းမာရေးကို စောင့်ရှောက်နေသူလည်း ဖြစ်ပါတယ်။

You may also like these stories:

Celebrity နဲ့ Artist ဆိုရင် Artist ကိုပဲရွေးမယ့် သရုပ်ဆောင် ခင်သဇင်

လောကကြီးမှာ အဆိုးနဲ့ကြုံလာလေ ပိုပြီးတောက်ပလေ ဆိုတဲ့ ခင်သဇင်

Loading