အခုတခါ မိတ်ဆက်ပေးမယ့် ရုပ်ရှင်ဇာတ်ကားကတော့ ဒါရိုက်တာ Ashwin Saravanan ရိုက်ကူးထားတဲ့ Drama, Thriller အမျိုးအစား ဘောလိဝုဒ် ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်အဖြစ် မင်းသမီး Taapsee Pannu က ပါဝင် သရုပ်ဆောင်ထားပြီး အခြားသရုပ်ဆောင်တွေအနေနဲ့ Vinodhini Vaidynathan နဲ့ Pravathi T. တို့ ပါဝင်ထားပါတယ်။
ဇာတ်လမ်းရဲ့ အစမှာ အမျိုးသမီးငယ် တဦးက သူ မှာယူထားတဲ့ အစားအစာအတွက် Delivery သမားကို ကျသင့်ငွေ ရှင်းပေးပြီး အိမ်ထဲ ပြန်ဝင်သွားတာကို လက်ကိုင် ကင်မရာကနေ ရိုက်ကူးထားတဲ့ ပုံစံမျိုးနဲ့ စတင်ထားပါတယ်။
အဲဒီ အမျိုးသမီးငယ်ရဲ့ အိမ်ထဲကို တစုံတယောက်က ဖောက်ထွင်း ဝင်ရောက်ကာ သူ့ကို ချုပ်နှောင်ထားတဲ့အပြင် သူ့ရဲ့ ဦးခေါင်းမှာတော့ ပလတ်စတစ် အိတ်တလုံး စွပ်လျက် အနေအထားနဲ့ အသက်ရှူဖို့ ရုန်းကန်ရင်း သေဆုံးသွားပါတယ်။ အမျိုးသမီးငယ်အား ရက်စက်စွာ သတ်ဖြတ်ခံရတဲ့ အမှုဟာ တနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် တရားခံ ဘယ်သူလဲ ဆိုတာကိုတော့ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။
Swapna ဆိုတဲ့ အမျိုးသမီးရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကတော့ ဂိမ်းဖန်တီးသူတဦးဖြစ်ပြီး သူနဲ့အတူ အိမ်အကူ တယောက်၊ လုံခြုံရေး ဝန်ထမ်းတဦးတို့ လုံးချင်းအိမ် တလုံးမှာ နေထိုင်ကြပါတယ်။ Swapna ဟာ လွန်ခဲ့တဲ့ တနှစ်ကျော်က သူ ကြုံတွေ့ခဲ့ရတဲ့ အကြမ်းဖက်ခံရမှုကြောင့် အမှောင်ခန်းတွေထဲမှာ အသက်ရှူ မဝတာ၊ အလွန်အကျွံ ကြောက်ရွံ့ထိတ်လန့်တာ၊ စကားမပြောနိုင်တာ စတဲ့ စိတ်ဝေဒနာကို ခံစားနေရသူ ဖြစ်ပါတယ်။
ဂိမ်းဖန်တီးတဲ့ အလုပ်ကို လုပ်ကိုင်နေပေမယ့် ခံစားနေရတဲ့ စိတ်ဝေဒနာကြောင့် အလုပ်အပေါ်မှာ အာရုံစိုက်နိုင်ခြင်း မရှိတော့ဘဲ စိတ်ရောဂါကု ဆရာဝန်နဲ့ ဆွေးနွေး ကုသနေရပါတယ်။ တနေ့မှာတော့ သူ့ရဲ့ လက်ကောက်ဝတ်မှာ ထိုးထားတဲ့ တက်တူးဟာ အကြောင်းမဲ့ နာကျင်လာခဲ့ပြီး အမှောင်ခန်းထဲ ရောက်သွားတဲ့ ခံစားချက်မျိုးကိုပါ အလူးအလဲ ခံစားရပါတော့တယ်။
Swapna ဖြစ်နေတဲ့ စိတ်ရောဂါ ဝေဒနာဟာ သူ့ကို ဘယ်လို အနှောင့်အယှက်တွေ ပေးမလဲ။ သူ ထိုးထားတဲ့ လက်ကောက်ဝတ်က တက်တူးကရော အကြောင်းမဲ့ ဘာကြောင့် နာကျင်နေရတာလဲ။ သူက ဘယ်လို အကြမ်းဖက်ခံရမှုမျိုးကို တွေ့ကြုံခဲ့ရတာလဲ စတဲ့ အကြောင်းအရာတွေကို ရုပ်ရှင်မှာ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ။
ဒီဇာတ်ကားက စက္ကန့်တိုင်းကို ရင်တထိတ်ထိတ်နဲ့ ရင်မောရအောင် ကြည့်ရှုရမယ့် Thriller ဇာတ်ကားကောင်း ဖြစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။
You may also like these stories:
မေးခွန်းပေါင်းများစွာနဲ့ ကြည့်ရှုရမယ့် The Wedding Guest (2018)
Netflix က ထွက်ရှိလာမယ့် Thriller ရုပ်ရှင်တခုမှာ ပါဝင်လာမယ့် Jason Momoa
မေးခွန်းပေါင်းများစွာ ကျန်နေစေမယ့် Psychological ရုပ်ရှင် ဇာတ်ကားကောင်းများ