ဒီနေ့ခေတ် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ လေကြောင်းခရီးစဉ်တွေဟာ အချိန်တိုတွင်း ကမ္ဘာအနှံ့၊ နေရာအနှံ့ကို သက်သောင့်သက်သာနဲ့ သွားရောက်နိုင်တာကြောင့် တကယ်ကို အရေးပါပါတယ်။
နေ့စဉ်နေ့တိုင်းလည်း လူ ၂ ဒဿမ ၅ သန်းလောက်ဟာ လေကြောင်းခရီးစဉ်တွေကို အသုံးပြုနေရသလို လေယာဉ် ၄၂,၀၀၀ ကျော် ကမ္ဘာတဝှမ်းမှာ နေ့စဉ်ပြေးဆွဲနေပါတယ်။ လူတွေရဲ့ နေ့စဉ်ဘဝမှာ လေကြောင်းခရီးကို အားထားနေရပေမယ့် အားလုံးကတော့ လေယာဉ် စီးရတာကို နှစ်သက်ကြတာ မဟုတ်ပါဘူး။
လေယာဉ်ခရီးကို အသုံးပြုကြတဲ့ ၃ ပုံ ၁ ပုံလောက်က “Aviophobia” လို့ခေါ်တဲ့ လေယာဉ်စီးရမှာ ကြောက်တဲ့ ရောဂါကို ခံစားရလေ့ ရှိပါတယ်။ အဲဒီလူတွေထဲမှာ ထင်ရှားတဲ့ ကမ္ဘာကျော် အနုပညာရှင်တွေလည်း အများကြီး ပါဝင်ပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ လေယာဉ်ကြောက်တဲ့ ရောဂါအကြောင်းကို အင်တာဗျူးတွေကနေတဆင့် ပြောဆိုကြသလို ဆိုရှယ်မီဒီယာတွေကနေလည်း ဖော်ပြလေ့ ရှိပါတယ်။
လေယာဉ် စီးရမှာ ကြောက်တဲ့ ကမ္ဘာကျော် အနုပညာရှင်တွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) Miley Cyrus
အသက် ၂၇ နှစ် ပြည့်တော့မယ့် Miley Cyrus က လေယာဉ် စီးရမှာ ကြောက်တဲ့ အနုပညာရှင် စာရင်းမှာ ထိပ်ဆုံးက ပါဝင်တယ်။ Pop အဆိုတော်တယောက်ဖြစ်တဲ့ Miley Cyrus ဟာ လေယာဉ် အကြာကြီး စီးရတဲ့အခါ တုန်လှုပ်နေလေ့ ရှိပါတယ်။
(၂) Ben Affleck
စွန့်စားခန်း ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ Ben Affleck တယောက်လည်း လေယာဉ် စီးရမှာ ကြောက်သူ တယောက်ပါ။ ဒီကြောက်စိတ်ကို သူ ငယ်ငယ်လေး ကတည်းက ရခဲ့တယ်လို့ ဆိုပါတယ်။ မကြာခဏ လေယာဉ်စီးရတဲ့ အခါမျိုးတွေမှာ လေယာဉ်ပေါ်က အလင်းရောင်က သူ့ကို ဒဏ်ခတ်နေသလို ခံစားရလေ့ ရှိပါတယ်။
(၃) Britney Spears
ကမ္ဘာကျော် အဆိုတော် Britney ကတော့ သူ့ရဲ့ သီချင်းဗီဒီယို “Toxic” မှာ လေယာဉ်မယ်အဖြစ် ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ လေယာဉ်စီးရမှာ ကြောက်သူတဦးပါ။ မတတ်သာလို့ လေယာဉ်စီးရပြီ ဆိုရင်လည်း လေယာဉ်ပေါ်မှာ ကြောက်စိတ်ကိုသာ ခံစားနေရတယ်လို့ ပြောပါတယ်။
(၄) Kate Winslet
“Titanic” ဇာတ်ကားနဲ့ ကမ္ဘာကျော်ခဲ့တဲ့ မင်းသမီး ကိတ်ဝင်းစလက်ဟာလည်း လေယာဉ်စီးရမှာ ကြောက်တဲ့ Aviophobia ရောဂါ ခံစားနေရသူ တယောက်ပါ။ ဒါကြောင့်လည်း သူနဲ့ ခင်ပွန်းဟောင်းဖြစ်သူ Sam Mendes တို့ဟာ သူတို့ ကလေးတွေ မိဘမဲ့ဖြစ်မှာ ကြောက်တဲ့အတွက် လေယာဉ်စီးပြီး ဘယ်တုန်းကမှ ခရီးမသွားဘူးလို့ ဆိုပါတယ်။
(၅) Sandra Bullock
သူကလည်း လေယာဉ်စီးရမှာ ကြောက်သူပါပဲ။ ၂၀၀၀ ခုနှစ်မှာလည်း သေးငယ်တဲ့ လေယာဉ် မတော်တဆ ဖြစ်မှုကို ကြုံခဲ့ပါသေးတယ်။
(၆) Travis Barker
Blink-182 အဖွဲ့ရဲ့ ဒရမ်သမားဖြစ်တဲ့ Travis Barker ကလည်း ၂၀၀၈ ခုနှစ်မှာ လေယာဉ် မတော်တဆမှု ကြုံတွေ့ ပြီးတဲ့နောက်ပိုင်း လေယာဉ်စီးရမှာ ကြောက်သူတယောက် ဖြစ်လာခဲ့ပါတယ်။
(၇) Wes Anderson
အမေရိကန် ရုပ်ရှင် ဒါရိုက်တာ တယောက်ဖြစ်တဲ့ Wes ကတော့ လေယာဉ်ကြောက်ရောဂါ ရပြီးနောက်ပိုင်း သင်္ဘော ဒါမှမဟုတ် မီးရထားနဲ့သာ ခရီးသွားလေ့ ရှိပါတယ်။
(၈) Kirsten Dunst
မင်းသမီး Kirsten Dunst ကတော့ “လေထုထဲရောက်ရင် ကျမ အမြဲကြောက်နေလေ့ ရှိတတ်တယ်။ မသွား မဖြစ် သွားရမယ်ဆိုရင်လည်း နားကြပ်တပ်ပြီး သီချင်းအကျယ်ကြီး ဖွင့်ထားလိုက်ပါတယ်။ ဒါမှလည်း လေယာဉ် ပျံသန်းနေတဲ့ အသံကို ကျမ မကြားရတော့မှာ”လို့ ပြောလေ့ ရှိပါတယ်။
(၉) Jennifer Connelly
သူကတော့ လေယာဉ်စီးရတဲ့ အတွေ့အကြုံအကြောင်း ပြန်ပြောပြရင်တောင် မျက်ရည် ကျတတ်တဲ့ သူမျိုးပါ။ အဲဒီလောက်အထိ လေယာဉ်စီးရမှာ ကြောက်ပါတယ်။
(၁၀) Billy Bob Thornton
အမေရိကန် မင်းသားကြီး Billy Bob Thornton ကတော့ သူ့မှာ ကြောက်တတ်တဲ့ အရာတွေ အတော် များပါတယ်။ သူက ဆပ်ကပ်ပွဲတွေ ကြည့်ရမှာကြောက်သလို၊ အရောင်တောက်တောက်တွေကိုလည်း ကြောက်တတ်ပါတယ်။ နောက်တခုကတော့ သူက လေယာဉ်စီးရမှာလည်း ကြောက်တတ်သူ ဖြစ်ပါတယ်။
Ref. Ranker.com
You may also like these stories:
ကမ္ဘာကျော်တွေရဲ့ စတိတ်စင်အောက်က ဘဝနေထိုင်မှုများ
ကမ္ဘာကျော် အနုပညာရှင်တွေရဲ့ ထူးထူးဆန်းဆန်း တက်တူးများ
ထူးဆန်းတဲ့ အကြောက်လွန်ရောဂါတွေ ရှိကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ
မမှတ်မိလောက်အောင်ပြောင်းလဲလာကြတဲ့ ကမ္ဘာကျော် ကလေးသရုပ်ဆောင်များ