မင်းသားကြီး Will Smith သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ “Suicide Squad” နဲ့ “Aladdin” ရုပ်ရှင်တု့ိဟာ Box Office မှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာပါ။ အခုဖော်ပြပေးမှာကတော့ Rotten Tomatoes ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ Will Smith ရဲ့ အကောင်းဆုံး ဇာတ်ကားများ စာရင်းပဲ ဖြစ်ပါတယ်။
(၁) Ali
၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Biography, Drama, Sport အမျိုးအစား ရုပ်ရှင်ဇာတ်ကားတကားဖြစ်ပြီး ကမ္ဘာ့ကျော် လက်ဝှေ့အားကစားသမား မိုဟာမက်အလီအဖြစ် Will Smith ကို တွေ့မြင်ကြရမှာပါ။ ပြသချိန် ၁၅၇ မိနစ်အထိ ရှိပြီး လက်ဝှေ့ အားကစားသမားတယောက်ရဲ့ ပြိုင်ပွဲပေါ် အာရုံစိုက်မှုနဲ့ စိတ်ဆန္ဒတွေကို ဒီရုပ်ရှင်မှာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
(၂) The Pursuit of Happyness
ရုပ်ရှင်ချစ် ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ ရုပ်ရှင်တကားဖြစ်ပြီး ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်တဲ့ ရုပ်ရှင်တကားလည်းဖြစ်ပါတယ်။ Will Smith တို့ သားအဖ နှစ်ယောက်လုံးကို ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာဖြစ်ပြီး Chris Gardner ရဲ့ ဘဝဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
(၃) I Am Legend
ပျက်စီးသွားတဲ့ ကမ္ဘာရဲ့ ခေတ်တခုမှာ နယူးယောက်မြို့ နောက်ခံနဲ့ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတကား ဖြစ်ပြီး သက်ရှိဆိုလို့ Will Smith တယောက်တည်းသာ ကျန်ရစ်တော့တာပါ။ နေ့အလင်းရောင် မရှိတော့ချိန်မှာ သတ္တဝါဆန်းတွေနဲ့ ရင်ဆိုင်ရတာကို ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။
(၄) Enemy of the State
၁၉၉၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Action, Thriller အမျိုးအစား ရုပ်ရှင်တကားဖြစ်ပြီး အကျင့်ပျက် ခြစားနေတဲ့ နိုင်ငံရေးသမားတယောက်ရဲ့ ပစ်မှတ်အဖြစ် တိုက်ခိုက်ခံရတဲ့ ရှေ့နေအကြောင်းကို ရိုက်ကူး တင်ဆက်ထားတာပါ။
(၅) Men In Black
မင်းသားကြီး Tommy Lee Jones နဲ့ Will Smith တို့ အတွဲညီညီ သရုပ်ဆောင်ခဲ့ကြတဲ့ “Men In Black” ရုပ်ရှင်ကားတွေဟာလည်း သိပ္ပံအက်ရှင် ကြိုက်နှစ်သက်သူတွေအတွက် မမေ့နိုင်စရာပဲ ဖြစ်ပါတယ်။
Ref. screenrant.com