Deadpool ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေကို သိမ်းပိုက်ခဲ့တဲ့ မင်းသား Ryan Reynolds တို့ ဇနီးမောင်နှံဟာ ရွှေ့ပြောင်း ကလေးလုပ်သားတွေအတွက် ရည်ရွယ်ပြီး NAACP (The National Association for the Advancement of Colored People) ရွှေ့ပြောင်း ကလေးလုပ်သား အခွင့်အရေး ရရှိရေး ကြိုးပမ်းနေတဲ့ လူငယ် စင်တာတခုကို အမေရိကန်ဒေါ်လာ ၂ သန်းခန့် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“ကျနော်တို့ အခုလို လှူဒါန်းခဲ့တာဟာ ဒီလူငယ်စင်တာမှာ ရှိတဲ့ အသက်မပြည့်သေးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လူ့အခွင့်အရေးအတွက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကျနော်တို့ အနေနဲ့ လူငယ်စင်တာတွေကို လှူဒါန်းဖို့ စိတ်ကူးရှိခဲ့တာ။ ကျနော်တို့ တက်နိုင်တဲ့ ဘက်က တတ်နိုင်သလောက် ကမ္ဘာကြီးမှာ ဖြစ်နေတဲ့ အရာတွေကို ကယ်တင်တာပါ”လို့ မင်းသား Ryan Reynolds က သတင်းထောက်တွေကို ပြောပါတယ်။
ရွှေ့ပြောင်း ကလေးလုပ်သားများဟာ ပြည်ပ နိုင်ငံတွေကနေ အမေရိကန်နိုင်ငံကို လာရောက် အလုပ်လုပ်ကိုင်သူတွေဖြစ်ပြီး အခြား ကလေးတွေလို တန်းတူ ဆက်ဆံခံရခြင်း သိပ်မရှိတဲ့အပြင် တန်ရာတန်ကြေးအတိုင်း လုပ်ခလစာ မရရှိသူတွေ ဖြစ်ပါတယ်။
လူ့အခွင့်အရေး တန်းတူရရှိဖို့အတွက် အခုလို လှူဒါန်းခဲ့တာဖြစ်ပြီး အခြားလူတွေလည်း စိတ်ပါဝင်စားလာအောင် တက်ကြွလှုပ်ရှားနေတာ ဖြစ်တယ်လို့ Ryan Reynolds တို့ ဇနီးမောင်နှံက ပြောပါတယ်။
“အခုလို လာရောက် လှူဒါန်းတဲ့အတွက် Ryan နဲ့ Blake တို့ကို ကျေးဇူးအရမ်းတင်တယ်။ ဒီအလှူငွေတွေဟာ ကလေးတွေအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ဖြစ်မှာပါ”လို့ လူငယ်စင်တာရဲ့ Executive Director ဖြစ်သူ Maria Woltjen က ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။
Ref. Variety.com
You may also like these stories:
အလုပ်မအားတဲ့ ဇနီးအတွက် ချစ်သူများနေ့မှာ အသည်းပုံကိတ် လုပ်ပေးခဲ့တဲ့ မင်းသား Ryan Reynolds
အမေဇုန် မီးဘေးအတွက် ဒေါ်လာ ၅ သန်း လှူဒါန်းလိုက်တဲ့ မင်းသား လီယိုနာဒို ဒီကာပရီယို
ကိုရီးယား ရုပ်သံ အစီအစဉ်တခုမှာ ပရိသတ်ကို အံ့အားသင့်စေခဲ့တဲ့ မင်းသား Ryan Reynolds