Entertainment

နောက်ထပ် ကလေးတယောက် မွေးစားဖို့ ပြင်နေတဲ့ မင်းသမီး အင်ဂျလီနာဂျိုလီ

Want create site? Find Free WordPress Themes and plugins.

မင်းသမီး အင်ဂျလီနာဂျိုလီရဲ့ အကြီးဆုံးသားဖြစ်တဲ့ Maddox ဟာ တောင်ကိုရီးယားမှာ တက္ကသိုလ်တက်ဖို့ ရွှေ့ပြောင်းသွားပြီးတဲ့နောက် မင်းသမီးဟာ နောက်ထပ် ကလေးတယောက် မွေးစားဖို့ ပြင်နေတယ်လို့လည်း သိရပါတယ်။

ကလေး ၆ ယောက်မိခင် ဂျိုလီဟာ ၇ ယောက်မြောက် ဖြစ်လာမယ့် ကလေးတယောက်ကို မွေးစားဖို့ စီစဉ်ထားပြီလို့ ဆိုပါတယ်။သတင်းရင်းမြစ်တခုက အသက် ၄၄ နှစ်အရွယ် မင်းသမီးဟာ ကလေးမွေးစားဖို့ အစီအစဉ်ရှိခဲ့တာဖြစ်ပြီး လာမယ့်လ အနည်းငယ်အတွင်းမှာ ဖြစ်လာနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Maddox ဟာ အိမ်ကနေ ထွက်သွားပြီးတဲ့အချိန်အထိ သူက ခေတ္တခဏ ဆိုင်းငံ့ထားခဲ့တာသာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ၇ ယောက်မြောက်ကလေးကို ဘယ်ကနေ မွေးစားမယ်ဆိုတာနဲ့ ပတ်သက်လို့တော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

အဲ့ဒီသတင်းရင်းမြစ်က “မင်းသမီးဟာ တခြားနိုင်ငံတွေ တော်တော်များများနဲ့ ဆက်ဆံရေး ရှိတာကြောင့် အခုလိုမျိုး မွေးစားဖို့ရာ အတားအဆီးတွေ မရှိတဲ့နေရာကို ရွေးချယ်ဖု့ိ နည်းလမ်းတွေ တော်တော်များများလည်း ရှိပါတယ်။ သူဟာ တကယ့်ကို နည်းလမ်းတကျ လုပ်နေပါတယ်။ ဆီးရီးယားလိုမျိုး၊ အရှေ့အလယ်ပိုင်းတနေရာရာကဖြစ်ဖြစ် သူနဲ့ ရင်းနှီးတဲ့ ဆင်းရဲချို့တဲ့တဲ့ ဒေသတခုက ကလေးကို ရွေးချယ်ဖို့ စိတ်ဆန္ဒရှိနေဆဲပါ”လို့ ရှင်းပြပါတယ်။

အော်စကာဆုရ မင်းသမီး ဂျိုလီဟာ လာမယ့်လ အနည်းငယ်အတွင်းမှာ Marvel ရဲ့ ရုပ်ရှင်ဖြစ်တဲ့ “The Eternals” အတွက် ရိုက်ကူးရေးနဲ့ အလုပ်များတော့မှာပါ။ တခြား သတင်းရင်းမြစ် တခုကတော့ လာမယ့်နှစ်ကုန် ကာလ နောက်ဆုံးထားပြီး မွေးစားဖု့ိ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

သားလေး Maddox အိမ်ကနေ ထွက်သွားပြီးတဲ့နော်က ဂျိုလီဟာ စိတ်အားငယ်နေရတယ်လို့လည်း Radar မီဒီယာက ဆိုပါတယ်။ နောက်ပြီး ဂျိုလီဟာ အဲ့ဒီစိတ်ခံစားချက်ကို ဖြည့်ဆည်းဖို့ နောက်ထပ် ရည်းစားထားချင်နေတယ်လို့လည်း ဆိုပါတယ်။

ဂျိုလီဟာ ပြီးခဲ့တဲ့လတုန်းက ဆိုးလ်မြို့မှာရှိတဲ့ Yonsei တက္ကသိုလ်မှာ Maddox ကို လိုက်ပို့ပေးခဲ့တာပါ။ အဲ့ဒီနောက် သားဖြစ်သူကို တက္ကသိုလ်မှာ ချန်ထားခဲ့ရတော့မယ့်အချိန်မှာ တော်တော်လေးကို ထိခိုက်ခံစားခဲ့ရတယ်လို့လည်း ဝန်ခံပြောကြားထားပါတယ်။ သားလေးကို အရမ်းလွမ်းနေရပြီး လေယာဉ်လက်မှတ် မဝယ်ရသေးတာတောင် ကိုရီးယားကို သွားချင်တယ်လို့ ဆိုပါတယ်။

Ref: aceshowbiz

You may also like these stories:

Marvel စူပါဟီးရိုးရုပ်ရှင်မှာ သရုပ်ဆောင်ရန် အန်ဂျလီနာဂျိုလီ ဆွေးနွေးနေ

“Maleficent 2” ရုပ်ရှင်မှာ ဗီလိန်အဖြစ် မြင်တွေ့ရဦးမယ့် အန်ဂျလီနာဂျိုလီ

အိမ်မှာ တိတ်တဆိတ် တွေ့ဆုံနေတဲ့ ဘရက်ပစ်နဲ့ ဂျိုလီ

ရန်ငြိုးကြီးတဲ့ သားဖွားဆရာမအဖြစ် သရုပ်ဆောင်မယ့် မင်းသမီး အန်ဂျလီနာဂျိုလီ

တောင်ကိုရီးယားတက္ကသိုလ်မှာ စတင် တက်ရောက်နေပြီဖြစ်တဲ့ ဂျိုလီရဲ့သား Maddox

သားဖြစ်သူ တက်ရောက်မယ့် Yonsei တက္ကသိုလ်ကို အန်ဂျလီနာဂျိုလီ လာရောက် လည်ပတ်

အင်တာနက်ကို ကောင်းကောင်း အသုံးမပြုတတ်ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

မင်းသမီး Charlize Theron နဲ့ တွဲနေတယ်လို့ သတင်းထွက်လာတဲ့ မင်းသား Brad Pitt

Did you find apk for android? You can find new Free Android Games and apps.
Loading