ကမ္ဘာ့ဘောလုံး အကျော်အမော်ဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့ တရုတ် အဆိုတော်၊ မင်းသမီး အန်ဂျလာဘေဘီတို့ဟာ ဒီနေ့ စက်တင်ဘာလ ၁၀ ရက်နေ့၊ လန်ဒန်မြို့မှာ လက်ထပ်ကြတော့မှာပါ။ ဒါပေမဲ့ ဘက်ခမ်းရဲ့ ဇနီးဖြစ်တဲ့ ဗစ်တိုးရီးယားကတော့ အဲ့ဒီကိစ္စအတွက် စိတ်ပူဖို့တော့ မလိုပါဘူး။ အကြောင်းအရင်းကတော့ သူတို့နှစ်ဦးဟာ ကြော်ငြာ အစီအစဉ်တခုမှာ လက်ထပ်မှာ ဖြစ်ပါတယ်။
ဘက်ခမ်းနဲ့ အန်ဂျလာတို့ဟာ “The Londoner Macao” လို့ နာမည်ရတဲ့ ဗြိတိသျှ အငွေ့အသက် လွှမ်းတဲ့ ဇိမ်ခံ ဟိုတယ်အတွက် ကြော်ငြာတခုကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဘက်ခမ်းကတော့ The Venetian Macao နဲ့ ပိုင်ရှင်ဖြစ်တဲ့ Sands China Limited အတွက် ကမ္ဘာလုံးဆိုင်ရာ Brand သံတမန် ဖြစ်ပါတယ်။
အဲ့ဒီကြော်ငြာထဲမှာဆိုရင် “ဖိတ်ကြားထားသော ဧည့်သည်တော်များသာ” လို့ ရေးသားပြီး စာတန်း ကပ်ထားတဲ့ အနီရောင် နှစ်ထပ်ဘတ်စ်ကားဘေးမှာ သူတို့နှစ်ဦးရဲ့ ပုံရိပ်ကို မြင်တွေ့ရပါတယ်။
ကနဦးမှာတော့ ဘက်ခမ်းဟာ အန်ဂျလာနဲ့အတူ ကြော်ငြာရိုက်ကူးနေစဉ် အင်္ဂလိပ် Fast Food၊ ငါးနဲ့ အားလူးချောင်းတွေကို စားနေတဲ့ ပုံရိပ်တွေပါတဲ့ ဗီဒီယိုကို Instagram မှာ ဝေမျှခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာ ဘက်ခမ်းဟာ သောကြာနေ့တိုင်းမှာ အခုလိုမျိုး အစားအစာတွေကို အပြင်ထွက် စားဖြစ်တယ်လို့ ရှင်းပြနေခဲ့တာ ဖြစ်ပါတယ်။
ဘက်ခမ်းက “ဒါက လုပ်နေကျ အစဉ်အလာပဲ။ သတင်းစာအသစ်၊ သတင်းစာအဟောင်းနဲ့ ထုတ်ထားတာတွေ ဝယ်ကြမယ်။ ပြီးတော့ အဲ့ဒါတွေနဲ့ပဲ ထုတ်ထားတဲ့ အားလူချောင်းကြော်နဲ့ ငါးတွေကို ဝယ်ကြမယ်” လို့ ပြောဆိုခဲ့ပါတယ်။
အန်ဂျလာက “ရှင်က သတင်းစာတွေကို တော်တော်ကြိုက်တာလား”လို့ ပြန်မေးခဲ့ပါတယ်။ အဲ့ဒီနောက် ဘက်ခမ်းက တရုတ်ဘာသာနဲ့ ငါးနဲ့ အားလူးချောင်းကြော်တွေကို ခက်ခက်ခဲခဲ အသံထွက်ပြခဲ့ပါတယ်။
Ref: CNA Lifestyle
You may also like these stories:
ကားမောင်းရင်း ဖုန်းသုံးခဲ့တဲ့အတွက် ယာဉ်မောင်းခွင့် ၆ လ အပိတ်ခံရတဲ့ ဒေးဗစ်ဘက်ခမ်း
ဗစ်တိုးရီးယားနဲ့ အိမ်ထောင်ရေးဟာ ခက်ခဲတဲ့ အလုပ်တခုဖြစ်ကြောင်း ဒေးဗစ်ဘက်ခမ်း ဝန်ခံ
မီဒီယာကုမ္ပဏီ ထူထောင်လိုက်တဲ့ ဒေးဗစ်ဘက်ခမ်း