Entertainment

အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးပြီး အနုပညာ လုပ်မယ့် ပိုင်တံခွန်

Want create site? Find Free WordPress Themes and plugins.

မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ဟာ မြန်မာနိုင်ငံက ပရိသတ်တွေတင်မကဘဲ ထိုင်းနိုင်ငံက ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိနေသူ တယောက်ဖြစ်ပြီး ထိုင်းနိုင်ငံမှာလည်း ဇာတ်ကား ရိုက်ကူးဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ကျနော် ထိုင်းမှာ ရုပ်ရှင်ရိုက်ကူးဖို့ ရှိတယ်။ ဒီဇင်ဘာလောက်မှာ ရိုက်ဖြစ်ဖို့ များတယ်။ သေချာတော့ မသိသေးဘူး။ ရိုက်ရင်တော့ အချိန် ၃ လ ပေးရမယ်။ ဇာတ်ကားရိုက်ဖို့ကတော့ အပြောင်းအလဲတွေလည်း ဖြစ်နိုင်တယ်။ သေချာတာတော့ ကြော်ငြာတွေ အများကြီးရိုက်ရဖို့ ရှိသေးတယ်”

“မြန်မာနိုင်ငံမှာတင် အလုပ်က များနေတာ၊ အခု နှစ်နိုင်ငံဖြစ်လာတော့ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးမှာပါ။ နောက်ပိုင်းတော့ အရေအတွက် များများကြီးတော့ မလုပ်ဖြစ်တော့ဘဲ ကွာလတီကောင်းပြီး အဆင်ပြေတာကိုပဲ ရွေးချယ်ပြီးလုပ်တော့မှာပါ။ အနုပညာအလုပ်ကတော့ ပြည်တွင်းပြည်ပ နှစ်ခုလုံးက ကျနော့် အတွက် ကောင်းတယ်”လို့ ပိုင်တံခွန်က ပြောပါတယ်။

ဆက်လက်ပြီး ပိုင်တံခွန်က ပြည်ပမှာ သွားရောက် ရိုက်ကူးရတဲ့ အတွေ့အကြုံပိုင်းနဲ့ ပတ်သက်လို့လည်း အခုလိုပဲ ဆိုပါတယ်။

“ပြည်ပမှာတော့ ပညာပိုရတဲ့ အပိုင်းတွေ ရှိတယ်။ ပြည်တွင်းက လိုအပ်ချက်တွေကို ပြည်ပက သယ်ယူလာတာတွေရှိသလို ပြည်တွင်းက သင်ပေးလိုက်တာတွေ ပြည်ပမှာ အသုံးချတယ်ပေါ့။ သူများနိုင်ငံသွားတော့ အားငယ်တာပေါ့။ ဒါပေမဲ့ ဦးစားပေးခံရတယ်။ အလေးပေးခံရတယ်။ အချိန်အခါလိုက်တော့ ကျနော် ကိုယ့်တန်ဖိုးကိုယ် မြှင့်ရတာပေါ့”

“အနေအထိုင် အပြောအဆိုကအစ ပြောင်းလဲရတယ်။ ဒါဘဝ မေ့တာ မဟုတ်ဘူး။ သူ့နေရာနဲ့ သူ့ဒေသ အလိုက် ပြောင်းလဲရတာပေါ့”လို့ ပိုင်တံခွန်က ပြောပါတယ်။

ပိုင်တံခွန်ကတော့ လတ်တလောမှာ ပြည်တွင်း အနုပညာ လှုပ်ရှားမှု အနေနဲ့ ဒါရိုက်တာ ချိုဝတ်ရည် ရိုက်ကူးမယ့် “မှောင်တိုက်” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ဒီဇာတ်ကားနဲ့ ပတ်သက်လို့လည်း အခုလိုပဲ ပြောပါတယ်။

“မှောင်တိုက် ဇာတ်ကားမှာ ကျနော်ရယ်၊ ကိုကျော်ကျော်ဗိုရယ်၊ ကိုမင်းမြတ်စိုးစံရယ်၊ မအိချောပိုရယ်ပေါ့။ ဇာတ်ကားလေးက ဆိုက်ကို ပုံစံလေးပေါ့။ ကျနော်ကို လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက ကမ်းလှမ်းထားတာ၊ ဇာတ်လမ်းလေး ကောင်းလို့ လက်ခံဖြစ်တာပါ။ ကာရိုက်တာတော့ ပြောပြလို့ မရသေးပါဘူး။ ထွက်ရင်ကြည့်ကြည့်ပါ။ မတူတဲ့ ပုံစံတော့ တွေ့ရမှာပါ”

“ဒီဇာတ်ကားအတွက် Pre Production တွေ အရင်ဝင်ရတယ်။ ကျနော်က ရုပ်ရှင်ဘက်မှာ အသစ်တယောက်ဖြစ်တော့ အကောင်းဆုံး ကြိုးစား ပြင်ဆင်သွားပါမယ်။ ကြားထဲမှာ ခရီးတွေ ထွက်ရတာကြောင့် Pre Production တွေ ပြတ်လို့ စိတ်ပူရတဲ့ အပိုင်းတွေလည်း ရှိတယ်။ စီနီယာတွေ၊ အစ်ကိုတွေကိုတော့ ရိုက်ကွင်းရောက်ရင် ကျနော် မသိတာတွေ မေးသွားရမှာပေါ့”လို့ ပိုင်တံခွန်က ပြောပါတယ်။

ပိုင်တံခွန်ဟာ မော်ဒယ်အလုပ်မှာ အောင်မြင်သလို သရုပ်ဆောင် အလုပ်မှာလည်း ကြိုးစားနေသူပါ။ မြန်မာနိုင်ငံက ပရိသတ်တွေတင်မက ထိုင်းနိုင်ငံက ပရိသတ်တွေရဲ့ အားပေးမှုကိုပါ ရရှိထားပြီး မကြာသေးခင်ကလည်း ထိုင်းနိုင်ငံမှာ အနုပညာ အလုပ်တွေ သွားရောက် လုပ်ကိုင်ခဲ့သလို ထိုင်းက ပရိသတ်တွေနဲ့လည်း Fan Meeting တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

You may also like these stories:

ထိုင်းမှာက မြန်မာနိုင်ငံထက် အနုပညာကြေး ပိုရတယ်လို့ ပြောတဲ့ ပိုင်တံခွန်

“လူငယ်တွေ ငွေကို ချစ်ပါ၊ စုဆောင်းပါ”လို့ ပြောတဲ့ မော်ဒယ် ပိုင်တံခွန်

“နယ်က ပရိသတ်တွေ ချစ်လို့ နမ်းကြတာကို ကျေးဇူးတင်တယ်”လို့ ပိုင်တံခွန် ပြော

ကိုယ်ပိုင် Brand တခု ထုတ်ဖို့ အကောင်အထည် ဖော်နေတဲ့ မော်ဒယ် ပိုင်တံခွန်

Did you find apk for android? You can find new Free Android Games and apps.
Loading