အိန္ဒိယက အဆိုတော်၊ မင်းသား Himesh Reshammiya ဟာ အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ အဘွား Ranu Mondal ပါဝင်သီဆိုထားတဲ့ သီချင်းရဲ့ ပထမဆုံးအမြည်းဗီဒီယိုကို ချပြလိုက်ပါတယ်။ သူ့ရဲ့ ရုပ်ရှင်သစ် “Happy Hardy and Heer” အတွက် Teri Meri Kahani လို့အမည်ရတဲ့ သီချင်းကို Shabbir Ahmed နဲ့အတူ ရေးသားထားတာပါ။
အခုဗီဒီယိုထဲမှာတော့ ပန်ဂျပ်မင်းသမီး Sonia Mann ၊ မင်းသား Himesh နဲ့အတူ အဖွား Ranu ကို အကျော်အမော် အဆိုတော်တဦးအနေနဲ့ စတင်မိတ်ဆက်ထားတာလည်း ဖြစ်ပါတယ်။
ဂီတချစ်သူတော်တော်များများက တော့ အဲ့ဒီသီချင်းအမြည်းဗီဒီယိုလေးကို သဘောကျခဲ့ကြပါတယ်။ သီချင်းထွက်လာမယ့် ရက်ကို မစောင့်နိုင်တော့တဲ့အကြောင်း ပြောဆိုရေးသားမှုတွေလည်း ရှိနေခဲ့တာပါ။
အဆိုတော် Himesh ရဲ့ Twitter အကောင့်မှာတော့ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက အဲ့ဒီသီချင်းကို အသံသွင်းနေတဲ့ အဘွား Ranu ပါဝင်တဲ့ ဗီဒီယိုကို မျှဝေခဲ့ပြီး ဖြစ်ပါတယ်။
အသက် ၅၈ နှစ်အရွယ် အဘွား Ranu ဟာ ကိုးလ်ကတ္တားမြို့ ရထားသံလမ်းဘေးမှာ နာမည်ကျော်အဆိုတော် Lata Mangeshkar ရဲ့ “Ek Pyaar Ka Nagma Hai” သီချင်းဆိုနေခဲ့ တာကို လမ်းသွားလမ်းလာ တဦးက ဗီဒီယို ရိုက်ကူးခဲ့ပြီး အွန်လိုင်းေ ပါ်တင်ခဲ့ရာကနေ အခုလို နေ့ချင်းညချင်း နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် Superstar Singer လို့အမည်ရတဲ့ အစီအစဉ်ကို ဖိတ်ကြားခံခဲ့ရပြီးတဲ့နောက် အဆိုတော်၊ မင်းသား Himesh က သူ့ရဲ့ရုပ်ရှင်မှာ ဇာတ်ဝင်တေးသီချင်း သီဆိုပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ အနောက်ဘင်္ဂလား ပြည်နယ်က ဆင်းရဲချို့တဲ့တဲ့ မိသားစုကနေ မွေးဖွားခဲ့တဲ့ Ranu ဟာ အသက် ၁၉ နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့ပါတယ်။ လောလောဆယ်တော့ Himash ရဲ့ ရုပ်ရှင်မှာ သီချင်းအသစ် ၃ ပုဒ်ကို ဝင်ရောက်သီဆို ပေးမှာဖြစ်ပါတယ်။
ဒါပေမယ့် အဘွား Ranu ရဲ့ သမီးကတော့ သူ့ရဲ့ အမေကို အသုံးချပြီး အဆိုတော်တွေဟာ ငွေရှာနေကြတယ်လို့ စွပ်စွဲထားပါတယ်။
အဘွား Ranu ကတော့ “အနုပညာရှင်တဦးအနေနဲ့ ငွေရေးကြေးရေးက ကျမကို စိုးရိမ်စေတဲ့ ကိစ္စမဟုတ်ပါဘူး။ သီချင်းဆိုဖို့ အခွင့်အရေးရရင်သာ လုံလောက်ပါပြီ။ အသက်ရှင်ရပ်တည်ဖို့ ကျမတို့အားလုံး အစားအစာ၊ သင့်လျော်တဲ့ အဝတ်အစားနဲ့ နေထိုင်ဖို့ နေရာကောင်းတခုပဲ လိုတာပါ”
“ သူတို့က ရူပီး ၁ သောင်း ယူသွားခဲ့ပြီး အိမ်သုံးပစ္စည်းတွေ၊ အဝတ်အစားတွေ၊ ဂတ်စ်အိုးတွေနဲ့ သွားလာရေးစရိတ်တွေ အတွက် သုံးခဲ့ပါတယ်။ လူတွေကို ယုံကြည်ဖို့က အရမ်းအရေးကြီးပါတယ်။ ကျမ ယုံကြည်ပါတယ်” လို့ဆိုပါတယ်။
Ref: hindustantimes
You may also like these stories:
အာဖရိကမှာ ရှိတဲ့ အမြင့်ဆုံးတောင်ကို တက်နိုင်ခဲ့တဲ့ အသက် ၉ နှစ်အရွယ် ကောင်လေး
သမုဒ္ဒရာအားလုံးရဲ့ အနက်ရှိုင်းဆုံးနေရာကို ရေငုပ်ပြီး ရောက်ရှိခဲ့တဲ့ အမျိုးသား
တနေ့ကို ဘီယာ တခွက်သောက်ပြီး အသက်ရှည်ခြင်း လျှို့ဝှက်ချက်ကို ပြောပြတဲ့ အဘွားအို
အသက် ၁၀၀ ကျော်အရွယ်မှာ လက်ထပ်လိုက်ကြတဲ့ အဘိုးနဲ့ အဘွား