Entertainment

ပရိသတ်တွေ သိပ်မသိသေးတဲ့ IT ရုပ်ရှင် မင်းသား Bill Skarsgard အကြောင်း

Want create site? Find Free WordPress Themes and plugins.

၂၀၁၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ IT ရုပ်ရှင်ရဲ့Sequel ဖြစ်တဲ့ IT Chapter Two ဟာဆိုရင်တော့ သိပ်မကြာခင်မှာ ရုံတင်ပြသသွားတော့မှာပါ။ Stephen King ရဲ့ ဝတ္ထုကိုအခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ IT ဟာဆိုရင်တော့ Horror ပရိသတ်တွေကြား နာမည်ကြီးတဲ့ ရုပ်ရှင်ကားတကားလည်းဖြစ်ပါတယ်။

အခုဖော်ပြပေးမှာကတော့ ရုပ်ရှင်ဇာတ်ကားထဲက ရက်စက်ပြီးကြောက်စရာကောင်းတဲ့ Pennywise အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Bill Skarsgard ရဲ့လူသိနည်းတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

(၁) Pennywise မျက်နှာဖုံးနောက်ကွယ်က မင်းသား ဟာဆိုရင်တော့ နာမည်ကြီး ဆွီဒင်မင်းသားချောတဦးဖြစ်သလို မွေးချင်းညီအစ်ကိုတွေနဲ့ ဖခင်ဖြစ်သူကပါ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တာကြောင့် အနုပညာမျိုးရိုးကနေ ဆင်းသက်လာသူတဦး ဖြစ်ပါတယ်။

(၂) Pennywise ကိုကြည့်ပြီး လူအများက အသက်ကြီးကြီးမင်းသားတဦးလို့ ထင်ကြပေမယ့် Bill ဟာ အသက် ၂၉ နှစ်သာရှိပါသေးတယ်။ Bill ဟာ IT ဇာတ်ကားအပြင် Netflix ရဲ့original series တွေဖြစ်တဲ့ Hemlock Grove နဲ့ Castle Rock စီးရီးတွေမှာ အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားတာလည်း ဖြစ်ပါတယ်။

(၃) IT ဇာတ်ကားထဲမှာပါဝင်တဲ့ Peenywise ရဲ့ထူးခြားတဲ့ အပြုံးကို ဇာတ်ကားကြည့်သူတိုင်း သတိထားမိကြမှာပါ။ Bill ဟာ Pennywise ရဲ့ဒီအပြုံးကို သူ ၁၀ နှစ်သားလောက်ကတည်းက အစ်ကိုဖြစ်သူဆီကနေ တုပသင်ယူလာခဲ့တာ ဖြစ်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပြီး ဒီလိုမျိုးအပြုံးနဲ့ အိမ်နီးချင်းကလေးတွေကို ကြောက်လန့်အောင် ခြောက်လှန့်ခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။

(၄) Pennywise ဇာတ်ကောင်အတွက် မိတ်ကပ်နဲ့အဝတ်အစား ပြင်ဆင်မှုကို အချိန် ၂ နာရီကျော်ကြာ ပြင်ဆင်ပြုလုပ်ခဲ့ရပြီး ရိုက်ကွင်းမှာဆိုရင်လည်း လူအများနဲ့ရောရောနှောနှောမနေဘဲ ဇာတ်ကောင်စရိုက်အတွက် အာရုံစိုက်နေရတာကြောင့် Pennywise ဇာတ်ကောင်ဟာ သူ့အတွက် အပင်ပန်းဆုံးလို့ ဆိုပါတယ်။

(၅) Bill ဟာ တခြားသော အနုပညာရှင်တွေလို Social Media Account တွေသုံးလေ့ရှိသူမဟုတ်ဘဲ အင်တာဗျူးတွေကိုလည်း အများအားဖြင့် ရှောင်တတ်သူပါ။ သူဟာ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းချင်ပြီး သိုသိုသိပ်သိပ်နေချင်တာကြောင့် Social Media တွေ အသုံးမပြုတာလို့လည်း ဆိုပါတယ်။

Ref. www.tvovermind.com

You may also like these stories:

ရုံဝင်ငွေ ၉၁ သန်းနဲ့ ပွဲဦးထွက်လာတဲ့ “IT Chapter Two” ရုပ်ရှင်

ဟောလိုးဝင်းအမီ ထုတ်လုပ် ရောင်းချမယ့် Pennywise ရဲ့ ပူဖောင်းပုံ မီးအိမ်

နာမည်ကျော်ဗီလိန်တွေနဲ့ သူတို့ရဲ့ တကယ့်အပြင်က ပုံသဏ္ဍာန်များ

Did you find apk for android? You can find new Free Android Games and apps.
Loading