ရုပ်ရှင်ဗီဒီယို ဇာတ် ကားတွေ ရိုက်ကူးလာရတဲ့ Mister တယောက်လည်းဖြစ်တဲ့ မင်းမြတ်စိုးစံက လက်ရှိမှာ Gym Trainner တဦးလည်း ဖြစ်ပါတယ်။ Gym ကစားတာနဲ့ပတ်သက်လို့လည်း Gym ကစားတဲ့ အမျိုးသားတိုင်း ဂေးဖြစ်တာ မဟုတ်ဘူးလို့လည်း ဆိုလိုက်ပါတယ်။
“Gym ကစားတဲ့ အမျိုးသားတိုင်း ဂေးလို့ပြောလို့မရပါဘူး။ စိတ်နေစိတ်ထားပေါ်မှာပဲ မူတည်ပါတယ်။ လူတယောက်ကို Gym ဆော့လို့ ဂေးလို့ သတ်မှတ်လို့ မရဘူးလေ။ ဂေးတဲ့ သူလည်း Gym ကစားမှာပဲ။ ယောကျာ်းလည်းကစားမှာပဲ။ မိန်းမလည်းကစားမှာပဲ။ အဲ့ပေါ်မှာ နဂိုစိတ်ရင်းခံရှိထားတဲ့ သူပဲ ဂေးဖြစ်နိုင်မှာလေ”
“ စိတ်ရင်းခံမရှိပဲနဲ့တော့ ဘယ်သူမှ Gym ဆော့တိုင်းဂေး မဖြစ်ပါဘူး။ ကျနော်တို့ကတော့ Gym လာဆော့တဲ့ သူတိုင်းကို တပြေးညီတန်းတူပဲ ဆက်ဆံပါတယ်။ သူကတော့ ဂေးဖြစ်လို့ ဆိုတာမျိုးခွဲခြားပြီး မဆက်ဆံပါဘူး”လို့ မင်းမြတ်စိုးစံက ပြောပါတယ်။
မင်းမြတ်စိုးစံက လက်ရှိမှာ “မှောင်တိုက်” ဇာတ်ကား ရိုက်ကူးမှာ ဖြစ်ပြီး ဒီဇာတ်ကားမှာ ရဲအရာရှိစုံထောက် တယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ရမှာဖြစ်တာကြောင့် ခန္ဓာကိုယ် ပိုကြံ့ခိုင်အောင် ပိုကြိုးစားနေတယ်လို့ ဆိုပါတယ်။
“မှောင်တိုက်ဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်တခုက ကျနော်နဲ့လိုက်ဖက်တယ်လို့ လာကမ်းလှမ်းတဲ့အချိန်မှာ ကျနော်လည်း ဇာတ်ညွှန်းတွေ ဖတ်ကြည့်ချိန်မှာ စိတ်ဝင်စားတာနဲ့ ပါဝင်ရိုက်ကူးဖြစ်သွားတာပါ။ ဒီဇာတ်ကားမှာက ရဲအရာရှိစုံထောက်တယောက်ပေါ့။ အဝတ်အစားပိုင်းကတော့ သူတို့ ပြင်ဆင်ပေးတာကြောင့် ကျနော်တို့ပြင်ဆင်ရတာ တော့မရှိတော့ ကိုယ်ကာရိုက်တာအတွက် သေချာပြင်ဆင်လို့ရတာပေါ့”
“ ကာရိုက်တာထူးခြားအောင် Body ပြန်ထပ် တင်နေတယ်။ ကျနော် Gymကို ပုံမှန်တော့ ဆော့ဖြစ်တယ်။ အခုဒေါပုံမှာ ဆိုင်အသစ် ထပ်ဖွင့်လိုက်တော့ လူက ပင်ပန်းေနေတော့ ဆော့ဖြစ်လိုက်၊မဆော့ဖြစ်လိုက်တော့ ဖြစ်နေတယ်။ ကာရိုက်အတွက်တော့ အခု သေချာလေး ပြန်ဆော့တော့မှာပါ” လို့ ဆိုပါတယ်။
အနုပညာလှုပ်ရှားမှုအပိုင်းနဲ့ပတ်သက်လို့လည်း အခုလိုဆိုပါသေးတယ်။
“ဇာတ်လမ်းတွဲလေးတွေ ရိုက်ဖို့ရှိသေးတယ်။ ရိုက်ပြီးသားလည်းလွှင့်ဖို့ရှိတယ်။ ကျနော်ခေါင်းဆောင်မင်းသားအနေနဲ့ ရေခဲတောင်မှာ သွားရိုက်ခဲ့တဲ့ ဇာတ်ကားလည်း ထွက်ဖို့ရှိတယ်။ နောက်နှစ်ထဲမှာလည်း ခေါင်းဆောင်အနေနဲ့ ဒရာမာ ဇာတ်ကားတကားထပ်ရိုက်ဖို့ရှိတယ်”လို့ မင်းမြတ်စိုးစံက ပြောပါတယ်။
မင်းမြတ်စိုးစံပါဝင်သရုပ်ဆောင်မယ့် “မှောင်တိုက်” ဇာတ်ကားကိုတော့ ဒါရိုက်တာ ချိုဝတ်ရည်က ပုံဖော်ရိုက်ကူး သွားမှာဖြစ်ပြီး ကျော်ကျော်ဗို၊ ပိုင်တံခွန်၊အိချောပိုနှင့် အနုပညာရှင်များစွာကပါဝင်သွားမှာ ဖြစ်ပါတယ်။
You may also like these stories:
“အနှိမ်ခံရတဲ့စိတ်က တွန်းအားဖြစ်စေတယ်” လို့ မော်ဒယ်ထူးအောင် ပြော
အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးပြီး အနုပညာ လုပ်မယ့် ပိုင်တံခွန်
ခန္ဓာကိုယ်လှဖို့ ပုံမှန် လမ်းလျှောက်ပေးတဲ့ သရုပ်ဆောင် အိချောပို