Entertainment

ဖခင်ဖြစ်သူ ဘရက်ပစ်နဲ့ အေးစက်သွားတဲ့ ဆက်ဆံရေးအကြောင်း ပြောပြတဲ့ Maddox

Want create site? Find Free WordPress Themes and plugins.

မင်းသား ဘရက်ပစ်နဲ့ မင်းသမီး အင်ဂျလီနာဂျိုလီတို့ရဲ့ သား Maddox ဟာ In Touch မီဒီယာကနေ ရရှိခဲ့တဲ့ ရှားရှားပါးပါး အင်တာဗျူးတခုမှာ ဖခင်ဖြစ်သူနဲ့ အေးစက်သွားတဲ့ ဆက်ဆံရေးအကြောင်းကို ပြောပြခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုထဲမှာ Maddox က အဆင့်မြင့်ပညာ စာသင်ကြားဖို့ တောင်ကိုရီးယားနိုင်ငံကို ပြောင်းရွှေ့လာခဲ့တဲ့ အကြောင်း၊ အဆုံးသတ်သွားပြီဆိုတဲ့ ဖခင်ဖြစ်သူ ဘရက်ပစ်နဲ့ သူ့ရဲ့ ကြားက ဆက်ဆံရေးအကြောင်းတွေကို ပြောပြခဲ့ပါတယ်။ ကြာချိန် တမိနစ်ခွဲ လောက်ပဲရှိတဲ့ အဲ့ဒီဗီဒီယိုမှာ ကျောင်းဝန်းလို့ ယူဆရတဲ့ နေရာတခုမှ လမ်းလျှောက်နေတဲ့ Maddox ကို အမျိုးသားတဦးက မေးခွန်းတွေ မေးမြန်းနေခဲ့တာ ဖြစ်ပါတယ်။

သူအခုလိုမျိုးလို ရေခြားမြေခြားကို ပြောင်းရွှေ့လာတာနဲ့ ပတ်သတ်လို့ မောင်နှမတွေရဲ့ ပျော်ရဲ့လား ဆိုတဲ့ မေးခွန်းကိုတော့ သူက “ဟုတ်တယ် ပျော်နေမယ်လို့ ထင်တယ်” လို့ ပြန်ဖြေခဲ့ပါတယ်။ အဲ့ဒီနောက် မေးခွန်းမေးမြန်းသူက တကယ်လို့ ဖခင်(ဘရက်ပစ်) လာလည်မယ်ဆိုရင်ရော လို့ မေးခဲ့ပါတယ်။ သူက “အဲ့ဒါနဲ့ပတ်သက်လို့တော့ ကျနော် မသိဘူး။ ဘာဖြစ်မယ် ဆိုတာကိုလည်း မသိဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။

အဲ့ဒီနောက်မေးမြန်းသူ Maddox ကို “မင်းရဲ့ မင်းအဖေရဲ့ ဆက်ဆံရေးက ပြီးဆုံးသွားပြီလား” လို့ မေးခဲ့ပါတယ်။ အဲ့ဒီအခါ “အင်း ဖြစ်ချိန်တန်လို့ ဖြစ်ကြတာပဲလေ” လို့ ပြန်ဖြေခဲ့ပါတယ်။ မင်းသမီး ဂျိုလီက ကွာရှင်းဖို့ တရားရုံးမှာ လျှောက်ထားခဲ့ပြီးတဲ့နောက် Maddox နဲ့ ဖခင် ပစ်တို့ရဲ့ကြားမှာ ခိုက်ရန်ဖြစ်ပွားမှု ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အဲ့ဒါကြောင့် မင်းသားပစ်ဟာ ကလေးသူငယ် နှိပ်စက် ညှင်းပန်းမှုနဲ့ စုံစမ်းစစ်ဆေးခံခဲ့ရပြီး အပြစ် မရှိကြောင်း ရှင်းလင်းခဲ့ရပါတယ်။ အရက်မူးနေတဲ့ မင်းသား ပစ်က လေယာဉ်ပေါ်မှာ Maddox ကို ရိုက်နှက်ခဲ့ပြီး လော့စ်အင်ဂျလိစ်မြို့ကို လေယာဉ်ဆင်းသက်ချိန်မှာ အဲ့ဒီမိသားစုကို လက်ခံပေးဖို့ မြေပြင်မှာရှိတဲ့ အာဏာပိုင်တွေထံကိုလည်း အကြောင်းကြားခဲ့ရတယ်လို့် ဆိုပါတယ်။

US Weekly မီဒီယာရဲ့ အဆိုအရ Maddox နဲ့ Pitt တို့ဟာ အဲ့ဒီလိုရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အချိန်နည်းနည်းပဲ အတူတူနေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

မင်းသား ပစ်ကတော့ အရက်စွဲခဲ့တဲ့ ပြဿနာတွေ ကြုံခဲ့ရတဲ့အကြောင်းနဲ့ အရက်ဖြတ်လိုက်ပြီ ဖြစ်တဲ့အကြောင်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့အင်တာဗျူးတခုမှာ ပြောဆိုထားပါတယ်။ Maddox ကိုယ်တိုင်ကတည်း မင်းသား ပစ်ရဲ့ သားတယောက်လို့ သူ့ကိုယ်သူ မသတ်မှတ်ထားဘူးလို့ US Weekly က ပြောဆိုခဲ့ဖူးပါတယ်။

တောင်ကိုရီးယားမှာ တက္ကသိုလ်တက်နေတဲ့ Maddox ကို မိခင်ဖြစ်သူ ဂျိုလီက ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်တုန်းက ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ခဲ့တာလည်း ဖြစ်ပါတယ်။

Ref: hindustantimes

You may also like these stories:

နောက်ထပ် ကလေးတယောက် မွေးစားဖို့ ပြင်နေတဲ့ မင်းသမီး အင်ဂျလီနာဂျိုလီ

တောင်ကိုရီးယားတက္ကသိုလ်မှာ စတင် တက်ရောက်နေပြီဖြစ်တဲ့ ဂျိုလီရဲ့သား Maddox

သားဖြစ်သူ တက်ရောက်မယ့် Yonsei တက္ကသိုလ်ကို အန်ဂျလီနာဂျိုလီ လာရောက် လည်ပတ်

ဂျိုလီရဲ့သား ဝင်ခွင့်လျှောက်ထားခြင်း မရှိကြောင်း ယွန်းဆေးတက္ကသိုလ်မှ အတည်ပြု

Did you find apk for android? You can find new Free Android Games and apps.
Loading