• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကားအက်ဆီးဒင့်ဖြစ်ပြီးနောက် ဆေးရုံကနေ ပြန်ဆင်းလာပြီဖြစ်တဲ့ သရုပ်ဆောင် Kevin Hart

by မစ်ကီ
12 September 2019
in Entertainment
A A
ကားအက်ဆီးဒင့်ဖြစ်ခဲ့တဲ့ ဟာသသရုပ်ဆောင် Kevin Hart

ကားအက်ဆီးဒင့်ဖြစ်ခဲ့တဲ့ ဟာသသရုပ်ဆောင် Kevin Hart

4.9k
VIEWS
Share on FacebookShare on Twitter

ဟာသသရုပ်ဆောင် Kevin Hart ဟာ အခုလ အစောပိုင်းတုန်းက ကားအက်ဆီးဒင့် တခုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် အခုတော့ ဆေးရုံကနေ ပြန်ဆင်းလာပြီလို့ သိရပါတယ်။ TMZ မီဒီယာရဲ့ အဆိုအရ သူဟာ လောလောဆယ်မှာ ပြန်လည်သန်စွမ်းရေးဌာနမှာ ရုပ်ပိုင်းဆိုင်ရာကုထုံး ကုသမှုခံယူရမှာဖြစ်ပြီး အိမ်မှာ ပြင်ပလူနာအဖြစ် ဆက်ရှိနေမယ်လို့ သိရပါတယ်။

Kevin Hart ဟာ ယာဉ်မတော်ဆမှုဖြစ်ပွားချိန်မှာ သူ့ရဲ့ကားပေါ်မှာ ရှိနေခဲ့ပြီး သူ့သူငယ်ချင်းတဦးက မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့စီးလာတဲ့ ကားဟာ စက်တင်ဘာလ ၁ ရက်နေ့တုန်းက လော့စ်အင်ဂျလိစ်မြို့မှာ ရှိတဲ့ လမ်းပေါ်ကနေ ချော်ထွက်ပြီး ဘေးနားမှရှိတဲ့ မြောင်းထဲကို ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

RelatedPosts

ဖားကန့်မြို့

ဖားကန့်မြို့

20 July 2025
52
ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

19 July 2025
307
အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.4k

အဲ့ဒီနောက် သူဟာ ဆေးရုံတက်ခဲ့ရပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ယာဉ်မတော်တဆမှုဖြစ်ပြီး ရက်အနည်းငယ်ကြာပြီးတဲ့နောက် ဇနီးဖြစ်သူ Eniko Parish က ခင်ပွန်းဖြစ်သူ Kevin ဟာ အခြေအနေကောင်းမွန်ကြောင်းနဲ့ မကြာခင် အပြည့်အဝ ပြန်သက်သာလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ Eniko က “သူ မကြာခင် လုံးဝ ကောင်းမှာပါ။ သူအခြေအနေ ကောင်းပါတယ်။ အားလုံး အဆင်ပြေပါတယ်” လို့ ပြောပါတယ်။

မင်းသား Kevin Hart ဟာ 1970 Plymouth Barracuda အမျိုးအစားဖြစ်တဲ့ သူ့ရဲ့ကားကို အသက် ၄၀ ပြည့် မွေးနေ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဝယ်ယူခဲ့တာဖြစ်ပြီး Menace လို့ နာမည်ပြောင်ပေးထားတဲ့ သူ့ရဲ့ ကားပုံကို Imstagram မှာ တင်ခဲ့ပါတယ်။

Jumanji မင်းသား Hart ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အဆိုတော် Kelly Clarkson ရဲ့ Talk Show အတွက် ပထမဆုံး ဧည့်သည်တော်အဖြစ် တက်ရောက်ရမှာ ဖြစ်ပေမယ့် သူ့အစား အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ မင်းသား Dwayne Johnson က သူ့ကိုယ်စား အစီအစဉ်မှာ ပါဝင်ပေးခဲ့ပါတယ်။

မင်းသား Johnson က အစီအစဉ်မှာ ပါဝင်ဖို့အတွက် ဟန်းနီးမွန်း ခရီးစဉ်ကနေတောင် စောစောစီးစီး ပြန်လာခဲ့ပြီး အဲ့ဒီအစီအစဉ်မှာ သူငယ်ချင်းဖြစ်သူ ကျန်းမာရေးကောင်းမွန်ကြောင်း ပြောဆိုခဲ့ပါတယ်။ သူက “အားလုံး အဆင်ပြေပါတယ်။ ကျနော် Kevin နဲ့ စကားပြောခဲ့ပါတယ်။ ကျနော့်က သူ့ကို ကျနော့်သားလို့တောင် သဘောထားတာပါ။ ဒီအရာတွေက ဘဝမှာ ဖြစ်ခဲ့ပါပြီ”

“သူ့ရဲ့ကားထိုင်ခုံမှာ ညပ်မိနေခဲ့တာကို ဘုရားသခင်ထံ ကျေးဇူးတင်ရမှာပါ။ ဆရာဝန်နဲ့လည်း ကျနော်တို့ စကားပြောပြီးပါပြီ။ သူအခြေအနေ ကောင်းပါတယ်။ သူဒီနေရာမှာ မရှိနိုင်လို့ ကျနော် စိတ်မကောင်းဖြစ်ပေမယ့် ကျနော့် သူ့ကိုချစ်ပါတယ်” လို့ မင်းသား Dwayne Johnson က ပြောဆိုခဲ့ပါတယ်။

Ref: CNA Lifestyle

You may also like these stories:

သူငယ်ချင်း Kevin Hart ဒဏ်ရာရခဲ့လို့ ဟန်နီးမွန်းကို အတိုချုံ့ခဲ့တဲ့ မင်းသား Dwayne Johnson

Twitter မှာ LGBTQ အသိုင်းအဝန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် Kevin Hart တောင်းပန်

အော်စကာဆုပေးပွဲ တင်ဆက်သူအဖြစ်မှ Kevin Hart နုတ်ထွက်

Your Thoughts …
Tags: Kevin Hartကားအက်ဆီးဒင့်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

အမေရိကန်ဟာသ သရုပ်ဆောင် Kevin Hart

Twitter မှာ LGBTQ အသိုင်းအဝန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် Kevin Hart တောင်းပန်

by မစ်ကီ
8 January 2019
15.9k

LGBTQ အသိုင်းအဝန်းကလည်း သူ ၂၀၀၈ ခုနှစ်တုန်းကပြောဆိုခဲ့တာတွေကို ပြောင်းလဲလိုက်ပြီဆိုတာကို လက်ခံမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။

သရုပ်ဆောင် ဖွေးဖွေး  / ယုဖြူဟန် / ဧရာဝတီ

ကားအက်ဆီးဒင့်ကြောင့် အနားယူရာကနေ အလုပ်တွေ ပြန်လုပ်တော့မယ့် ဖွေးဖွေး

by ယုဖြူဟန်
3 June 2019
3.5k

ဖွေး ကားအက်ဆီးဒင့်ဖြစ်ပြီး လက်ကျန်းမာရေးအတွက် ရုပ်ရှင်ကားကြီးနားထားတယ်ဆိုပေမယ့် ဇွန်လကစပြီးတော့ ပွဲတက်တွေ ပြန်တက်မယ်။ ဓာတ်ပုံတွေ ပြန်ရိုက်မယ်။ ကြေငြာတွေလည်း ပြန်ရိုက်ပါမယ်။

မင်းသား Dwayne Johnson နဲ့ ဟာသ သရုပ်ဆောင် Kevin Hart

သူငယ်ချင်း Kevin Hart ဒဏ်ရာရခဲ့လို့ ဟန်နီးမွန်းကို အတိုချုံ့ခဲ့တဲ့ မင်းသား Dwayne Johnson

by မစ်ကီ
6 September 2019
33.7k

Kelly Clarkson Show အစီအစဉ်ကို မလာရောက်နိုင်ခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ဟာသသရုပ်ဆောင် Kevin Hart ကြောင့် မင်းသား Dwayne Johnson ဟာ သူ့ရဲ့ ဟန်နီးမွန်းခရီးစဉ်ကို အတိုချုံးပစ်ခဲ့ပါတယ်။

ဟာသမင်းသား Kevin Hart

အော်စကာဆုပေးပွဲ တင်ဆက်သူအဖြစ်မှ Kevin Hart နုတ်ထွက်

by မစ်ကီ
7 December 2018
7.7k

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက် ညသန်းခေါင်ယံအချိန်မှာ မင်းသား Hart က ရှုပ်ထွေးမှုတွေ မရှိစေလိုတဲ့အတွက် အော်စကာ အစီအစဉ် တင်ဆက်သူအဖြစ်မှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

Next Post
နီပေါနိုင်ငံမှာ ရှိတဲ့ ကြယ် ၅ ပွင့်အဆင့် ဟိုတယ်

၂၀၂၀ ခရီးသွားနှစ်အတွက် ကြယ် ၅ ပွင့် ဟိုတယ်တွေ တိုးချဲ့ဆောက်လုပ်နေတဲ့ နီပေါနိုင်ငံ

K2-18b ဟာ ကမ္ဘာမြေပြင်ကနေ အကွာအဝေး အလင်းနှစ် ၁၀၀ ကျော် ဝေးကွာတဲ့ ဂြိုဟ်တလုံးပါ

ကမ္ဘာနဲ့ ဝေးလံလွန်းတဲ့ ဂြိုဟ်တလုံးပေါ်မှာ မိုးရွာနိုင်ချေရှိကြောင်း တွေ့ရှိခဲ့

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
3.8k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
3.7k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate