မကြာခင် ရုံတင်တော့မယ့် “Joker” ရုပ်ရှင်ရဲ့ Rating တွေက Rotten Tomatoes မှာ တဖြည်းဖြည်း ကျဆင်းလာတယ်လို့ သိရပါတယ်။ Review ပေါင်း ၇၇ ခုနဲ့ ၇၇ ရာခိုင်နှုန်းကို ရရှိထားတယ်ဆိုပေမယ့် အဆိုးဘက်က ဝေဖန်ချက်က ၁၈ ခုခန့် ရှိနေပါတယ်။
“ဒီကားက အမှိုက်သာသာပဲ။ ဒီလို ရုပ်ရှင်မျိုးက အချိန်ပေးပြီး ကြည့်ဖို့တောင် မတန်ဘူး။ ဒါရိုက်တာကလည်း ညံ့တယ်။ DC ကတော့ နောက်ထပ် အလွဲတွေကို ထပ်လုပ်ပြန်ပြီ”စတဲ့ ဝေဖန်ချက်တွေ ထွက်ရှိနေပါတယ်။ မင်းသားဖြစ်သူ Joaquin Phoenix ရဲ့ သရုပ်ဆောင်ချက်တွေကိုတော့ ချီးကျူးပြောဆိုနေကြီး တသက်တာ အမှတ်ရနေမယ့် ကြက်သီးထဖွယ် သရုပ်ဆောင်ချက်တွေကို တွေ့မြင်ခဲ့ရတယ်လို့လည်း ချီးမွမ်းထားပါတယ်။
“Joker ရုပ်ရှင်ရဲ့ Rating တွေ တဖြည်းဖြည်းချင်းကျနေတယ်။ ပရိသတ်တွေအနေနဲ့ စိတ်ရှည်လက်ရှည် ကြည့်မယ်ဆိုရင်တော့ ကောင်းတာကို တွေ့ရမှာပါ။ မင်းသားရဲ့ သရုပ်ဆောင်ချက်တွေကလည်း အရမ်းကို ကောင်းလွန်းတယ်”
“Joker ဇာတ်ကောင်ရဲ့ ဆိုးရွားတဲ့ စိတ်အခြေအနေ ဖြစ်ပျက်မှုတွေကို နားလည်အောင် ရိုက်ထားပေးတဲ့ ဇာတ်ကားပါ။ ကျနော်တို့ အတွက်တော့ အပြောင်မြောက်ဆုံး ရုပ်ရှင်တကားပါပဲ”လို့ Comicbook ဝက်ဘ်ဆိုက်ရဲ့ တရားဝင် Review မှာ ရေးထားတာကို တွေ့ရပါတယ်။
ရုပ်ရှင်တကယ် ကောင်း၊ မကောင်း ဆိုတာကိုတော့ ရုပ်ရှင်ထွက်လာမှပဲ ကိုယ်တိုင်ကြည့်ပြီး ဝေဖန်အကြံပြုဖို့ တိုက်တွန်းထားကို တွေ့ရပြီး ပရိသတ်တွေကတော့ စိတ်လှုပ်ရှားစွာနဲ့ စောင့်စားနေဆဲ ဖြစ်ပါတယ်။
Ref. Comicbook
You may also like these stories:
ဗင်းနစ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ရွှေခြင်္သေ့ဆုရခဲ့တဲ့ “Joker” ရုပ်ရှင်
ဗင်းနစ် နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ၈ မိနစ်ကြာ မတ်တပ်ရပ်ပြီး အားပေးခံခဲ့ရတဲ့ Joker ရုပ်ရှင်
ရုံဝင်ငွေ ၉၁ သန်းနဲ့ ပွဲဦးထွက်လာတဲ့ “IT Chapter Two” ရုပ်ရှင်