အဆိုတော် တယောက်ဖြစ်သလို အလှမယ် တယောက်လည်းဖြစ်တဲ့ ဝိုင်းလေးက သူဖြတ်သန်းလာတဲ့ ဘဝတလျှောက်မှာ ကိုယ့်ကိုယ်ကို သတ်သေဖို့အတွက် ၄ ကြိမ် ပြုလုပ်ခဲ့ဖူးတယ်လို့ ပြောပါတယ်။
“ဝိုင်းလေးက ပွင့်ပွင့်လင်းလင်းပြောရရင် Suicide ၄ ခါ လုပ်ဖူးတယ်။ ဒါဟာ ဖြစ်ခဲ့ရင် တရားဥပဒေနဲ့လည်း မညီညွှတ်ဘူး။ မသေခဲ့ရင်တောင်မှ ထောင်ကျနိုင်တယ်။ ဒါပေမဲ့ လုပ်တယ်ဆိုတာ သေလောက်အောင်ထိတော့ မဟုတ်ပါဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ထွက်ပေါက် ရှာခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ဝိုင်းလေး ပြန်ဖြစ်နေတာပဲလေ”လို့ အဆိုတော် ဝိုင်းလေးက ပြောပါတယ်။
ကိုယ့်ကိုယ်ကို သတ်သေဖို့အတွက် ကြိုးစားခဲ့တဲ့အချိန်က တွေးလိုက်မိတဲ့ အတွေးတချို့ကိုလည်း ဝိုင်းလေးက အခုလို ပြောပါတယ်။
“အဲ့တုန်းက တွေးလိုက်တဲ့အတွေးက ဒီဟာသည် သေလောက်အောင် ဖြစ်တဲ့ကိစ္စမှ မဟုတ်တာ။ မိုးထဲလေထဲမှာ မိုးရေထဲမှာ ဒုက္ခရောက်ရတဲ့သူတွေ အများကြီးပဲ။ ကိုယ်တွေထက် အများကြီး မပြည့်စုံဘဲ မွေးဖွားလာတဲ့သူတွေ အများကြီး ရှိတယ်။ သူတို့တွေကို ပြန်တွေးလိုက်ရင် ကိုယ့်ရဲ့ကိစ္စက ဘာမှမဟုတ်ဘူးပေါ့နော်။ အဲ့လိုနဲ့ပဲ ဖြေဖျောက်တယ်။ ခံစားနေရတဲ့သူတွေကိုလည်း ဝိုင်းလေးက စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးချင်တယ်”လို့ ဝိုင်းလေးက ဆိုပါတယ်။
အဓိက အကြောင်းအရာများကတော့ ဘဝအတွက်လည်းပါသလို အရမ်းချစ်တတ်တဲ့ သူတယောက် ဖြစ်တာကြောင့် အချစ်ရေးကိစ္စများမှာ လူငယ်သဘာဝ ဖြစ်ခဲ့ဖူးတာတွေလည်း ပါတယ်လို့ ဆိုပါတယ်။
“ဘဝအတွက်လည်း ရှိတယ်။ နောက်ပြီး ဝိုင်းလေးကျတော့ ချစ်တတ်တယ်လေ။ ကိုယ့်ချစ်တဲ့သူနဲ့ ပတ်သက်တဲ့ဟာပေါ့။ လူငယ် သဘာဝပေါ့။ ဖြစ်ဖူးတယ်။ အခုအချိန်မှာ ပြန်စဉ်းစားလိုက်ရင် သစ္စာ မရှိလို့ ကိုယ်ကအရမ်းချစ်လို့ သူ့ကြောင့်ပဲ ကိုယ်ရဲ့ဘဝကြီးက မရှိတော့သလိုလို နောက်ရည်းစားထားတော့လည်း သူငယ်ချင်းတွေက ရည်းစားများတယ်ပြောမှာတွေ၊ Official တွဲတာတွေ၊ အဲ့လိုတွေ ကြုံခဲ့ဖူးတဲ့အချိန်က ဖြစ်ခဲ့ဖူးတယ်”လို့ ဝိုင်းလေးက ပြောပါတယ်။
အခုအချိန်မှာဆိုရင်တော့ အရင်လို မလုပ်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် ပိုလှအောင် ပိုအောင်မြင်အောင် နေဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီလိုတွေ ပြောနေရင် တဖက်လူက ဂုဏ်ယူနေမှာလေ။ ဂုဏ်ယူတယ်ဆိုတာထက် ဝိုင်းလေးတို့က ချစ်တတ်လို့ ဒီလိုမျိုးကို အရှုံးပေးလိုက်တာပေါ့နော်။ တကယ်တော့ အခုအချိန်မှာ အောင်မြင်အောင် နေရမယ်။ ပိုပြီး ကြိုးစား၊ ပိုလှအောင်နေပေါ့” လို့ ဝိုင်းလေးက ပြောပါတယ်။
အဆိုပါကိစ္စတွေ ကြုံခဲ့ဖူးတဲ့အတွက် ဝိုင်းလေးက သူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ သူငယ်ချင် းမိတ်ဆွေများ၊ ပရိသတ်များကိုလည်း တခုခု ခံစားနေရတဲ့အချိန်များမှာ အမြဲတမ်း အားပေးပြီး ထွက်ပေါက် မဟုတ်တဲ့ အကြောင်းကို ပြောပြဖြစ်တယ်လို့ သိရပါတယ်။
“Suicide ကိစ္စနဲ့ပတ်သက်ပြီးတော့ ဝိုင်းလေးက Sensitive အရမ်းဖြစ်တာ။ ကိုယ့်နားက လူတခုခု ဖြစ်နေပြီဆိုရင် မနေဘူး သွားပြောတယ်။ အဲ့ကောင်လေးတုန်းကလည်း အဲ့လိုပဲ ဒါဟာထွက်ပေါက် မဟုတ်ဘူး။ ဆိုရှယ်မီဒီယာမှာ တယောက် Suicide လုပ်တာ တွေ့လိုက်တယ်။ Share ကြတယ်”
“အဲ့လို Share တဲ့သူတွေကလည်း စိတ်ဓာတ်ကျနေတဲ့သူတွေ အဲ့လိုကိစ္စတွေဆို ချက်ချင်းပြောသင့်တယ် ထင်လို့ သွားအားပေးလိုက်တယ်။ ဒါဟာ ထွက်ပေါက် မဟုတ်ဘူးဆိုတဲ့ အကြောင်းကို ပြောပြဖြစ်တယ်” လို့ ဝိုင်းလေးက ပြောပါတယ်။
အခုအချိန်မှာတော့ ဝိုင်းလေးက စိတ်ဓာတ် သန်မာနေပြီဖြစ်ပြီး သူ့ရဲ့အနုပညာအလုပ်များကိုလည်း လုပ်ကိုင်လျက် ရှိပါတယ်။ မကြာခင်မှာလည်း ဝိုင်းလေးရဲ့ တကိုယ်တော်အခွေ ထပ်မံ ထွက်ရှိဖို့ရှိပြီး ရိုက်ကူးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။
You may also like these stories:
ဒုတိယစီးရီးမှာ ကိုယ်တိုင်ရေးတွေပါမယ်ဆိုတဲ့ အဆိုတော် ဝိုင်းလေး
“ရိုးသားပြီး စိတ်ဓာတ်ကောင်းမွန်သူကို ချစ်သူရွေးချယ်ထားတယ်”ဆိုတဲ့ ဝိုင်းလေး
“အချစ်ရေးမှာ ဖောက်ပြန်တာမျိုးကို ခွင့်လွှတ်လို့ မရဘူး”လို့ ပြောတဲ့ ဝိုင်းလေး