မြန်မာပရိသတ်တွေ ကိုရီးယားသရုပ်ဆောင်တွေကို သည်းသည်းလှုပ်အားပေးကြသလိုပဲ ကိုရီးယားမှာလည်း ဂျပန်သရုပ်ဆောင်မင်းသားတွေကို သည်းသည်းလှုပ်အားပေးတဲ့ ပရိသတ်တွေရှိပါတယ်။
ဂျပန်မဂ္ဂဇင်းတခုက နေ ကိုရီးယားအမျိုးသမီးပရိသတ် အယောက် ၁ သောင်းကျော်ကို စစ်တမ်းကောက်ယူလိုက်တဲ့အခါ စိတ်ကူးထဲ က ချစ်သူပုံစံမျိုးဖြစ်ချင်တဲ့ ဂျပန်မင်းသားတွေကို ရွေးချယ်ပေးခဲ့ကြပါတယ်။
Takeuchi Ryoma
ပရိသတ် အယောက် ၁ သောင်းကျော်ကပေးတဲ့ မဲအများဆုံး ရရှိသွားသူကတော့ ဖက်ရှင်မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့တဲ့ အရပ်ခပ်မြင့်မြင့် ကိုလူချောလေး Takeuchi Ryoma ပဲဖြစ်ပါတယ်။ သူပါ ဝင်သရုပ်ဆောင်ထားတဲ့ “The Girl Who Leapt Through Time” ဇာတ်လမ်းတွဲနဲ့ လူကြိုက်များလာတဲ့ မင်းသားပါ။
Yoshizawa Ryo
ကိုရီးယားမလေးတွေ သဘောကျတဲ့ နောက်ထပ် စိတ်ကူးထဲက ချစ်သူပုံစံ ဂျပန်မင်းသားကတော့ Yoshizawa Ryo ပဲဖြစ်ပါတယ်။ “Marmalade Boy” အပါဝင် သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတွေကိုကြည့် လိုက်ရင် ပရိသတ်အရည်ပျော်သွားမယ့် အမူအရာတွေနဲ့ ဖမ်းစားထားတဲ့ မင်းသားတလက်ပဲ ဖြစ်ပါတယ်။
Yamazaki Kento
ရုပ်ချောလွန်းလို့ လမ်းပေါ်သွားလာရင်း သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းခံလိုက်ရတဲ့ Yamazaki Kento ဟာ ပွဲ စထွက်တည်းက ဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံးမင်းသားစာရင်းဝင်ဖြစ်နေဆဲပါ။ ငယ်ရွယ်နုပျိုမှုနဲ့ နူးညံ့ပျော့ ပျောင်းတဲ့ရုပ်သွင်က မင်းသားထက် idol တယောက်နဲ့ ပိုတူပါတယ်။
Jun Shison
မျက်ဝန်းဝိုင်းဝိုင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ရုပ်ရည်ကြောင့် မမတို့အသည်းစွဲ မောင်လေးအဖြစ် အရွေးချယ်ခံရ သူပါ။ သူပါဝင်သရုပ်ဆောင်ထားတဲ့ “Tramps Like Us” ဇာတ်လမ်းတွဲမှာဆိုရင် အတူသရုပ်ဆောင်တဲ့ မင်း သမီးထက်တောင် ရုပ်ချောတယ်လို့ ပြောစမှတ်ပြုရတဲ့ထိပါ။
Chiba Yudai
Chiba Yudai ကို ပေါ်ပြူလာဖြစ်စေတဲ့အချက်ကတော့ သူ့ကိုယ်ပိုင်ဘလော့ဂ်မှာ တင်ပေးတဲ့ ပုံလေးတွေအပြင် အသက် ၂၉ နှစ်ရှိနေပေမယ့် ခုချိန်ထိ အသက် ၂၀ အရွယ် ကျောင်းသားတယောက်လို ထင်မှတ်ရတဲ့ ငယ်ရွယ် နုပျိုမှုပါပဲ။
Sota Fukushi
နောက်ထပ် ကိုရီးယားမလေးတွေ သဘောကျသူကတော့ Exo အဖွဲ့က Kai နဲ့ မင်းသား လီမင်ဟိုတိုနဲ့ တူတယ် ဆိုပြီး နာမည်ကြီးနေတဲ့ မင်းသား Sota Fukushi ပါ။ ရုပ်ရည်ချောမောတာကတော့ လုံးဝထိပ်တန်းစာရင်းဝင်အ ဖြစ် သတ်မှတ်ခံထားရသူတယောက်ပါ။
Sagaguchi Kentaro
မင်းသား Sagaguchi Kentaro ကတော့ ကိုရီးယားမင်းသား Seo Kang Joon နဲ့တူတယ်ဆိုပြီး ကိုရီးယားပရိ သတ် တွေကြားမှာ နာမည်ကြီးနေသူပါ။ နူးညံ့ပျော့ပျောင်းတဲ့ရုပ်သွင်ရော၊ ယောက်ျားဆန်ဆန်အမူအရာနှစ်မျိုး လုံး ပိုင်နိုင်တဲ့ မင်းသားတလက်ပါ။
Ref: Koreaboo
You may also like these stories:
ကော်ဖီ မအေးခင် အတိတ်ကို ပြန်သွားခွင့်ရမယ့် “Café Funiculi Funicula”
ပရိသတ်တွေ သဘောကျ နှစ်သက်လာတဲ့ တရုတ် ရုပ်သံဇာတ်လမ်းတွဲများ
ကုလသမဂ္ဂ ဝက်ဘ်ဆိုက် ပင်မစာမျက်နှာမှာ ဖော်ပြခံရတဲ့ BTS အဖွဲ့