အက်ရှင်ရုပ်ရှင်ဇာတ်ကားတွေဟာ ဇာတ်ဝင်ခန်းတိုင်းလိုလိုမှာ အန္တရာယ်ရှိတဲ့အခြေအနေတွေနဲ့ ဇာတ်အိမ်ကို တည်ဆောက်ထားတာဖြစ်ပြီး တချို့ဇာတ်ဝင်ခန်းတွေ ရိုက်ကူးရာမှာတော့ လူစားထိုးကြရတာမျိုးရှိပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် ကမ္ဘာကျော်သရုပ်ဆောင်တွေဟာဆိုရင်တော့ အန္တရာယ်ရှိတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေမှာ လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ကြသူတွေပဲဖြစ်ပါတယ်။
(၁) Jackie Chan
လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ရတဲ့ မင်းသား Jackie Chan ဟာဆိုရင်တော့ အက်ရှင်စတန့်တွေနဲ့ ပတ်သက်လာရင် ပြောစမှတ်တွင်လောက်အောင် ကျွမ်းကျင်သူတဦးဖြစ်တဲ့အပြင် အန္တရာယ်ရှိတဲ့ ဇာတ်ဝင်ခန်း တွေမှာတောင်မှ လူစားမထိုးဘဲ သရုပ်ဆောင်ခဲ့တာကြောင့် မကြာခဏ ထိခိုက်ဒဏ်ရာရရှိလေ့ရှိသူလည်း ဖြစ်ပါတယ်။
(၂) Keanu Reeves
၁၉၉၀ ပြည့်နှစ်တွေမှာ Keanu Reeves နဲ့ သူ့ရဲ့ အက်ရှင်တွေဟာ ရုပ်ရှင်ချစ်ပရိသတ်တွေကြား ရေပန်းစား ခဲ့ဖူးတာဖြစ်ပြီး အခုအချိန်မှာဆိုရင်လည်း John Wick ရုပ်ရှင်တွေနဲ့အတူ သူ့ရဲ့ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်း ထားနိုင်ဆဲဖြစ်တဲ့ နာမည်ကျော် မင်းသားတဦးပဲဖြစ်ပါတယ်။
(၃) Angelina Jolie
Mr. and Mrs. Smith အပါအဝင် တခြားသော နာမည်ကျော်အက်ရှင်ဇာတ်ကား အများစုမှာ မင်းသမီး Jolie ဟာ လူစားမထိုးဘဲ သရုပ်ဆောင်ခဲ့သလို ကိုယ်ပိုင်ဟန်ရှိတဲ့ စတန့်တွေကိုလည်း တီထွင်သရုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။
(၄) Sandra Bullock
မင်းသမီးချော Sandra Bullock ဟာဆိုရင်တော့ အက်ရှင်ဇာတ်ဝင်ခန်းတွေမှာ လူစားမထိုးဘဲ သရုပ်ဆောင်ခဲ့တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ဖူးသူပါ။
(၅) Tom Cruise
လေယာဉ်ပေါ်က ခုန်ချတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေအပါအဝင် တခြားသော အန္တရာယ်ရှိတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေမှာ မင်းသား Tom Cuise ဟာ ကိုယ်တိုင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။
Ref. screenrant.com
You may also like these stories:
စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ဖို့ Marvel ရဲ့ စိတ်ဝင်စားမှုကိုခံနေရတဲ့ Keanu Reeves
ကိုကာကိုလာ ကြော်ငြာအတွက် ခြေသလုံးမွှေးတွေ ရိတ်ပစ်ခဲ့ရတဲ့ မင်းသား Keanu Reeves
အထီးကျန်သူ ဖြစ်ကြောင်း Keanu Reeves ဖြေခဲ့တဲ့ အင်တာဗျူးဟာ လုပ်ကြံဇာတ်လမ်း တခုသာဖြစ်
အသက် ၅၇ နှစ်ပြည့် Tom Cruise ရဲ့ အသက်အန္တရာယ် အများဆုံး အက်ရှင် ဇာတ်ဝင်ခန်း ၅ ခန်း
‘The Matrix’ ရုပ်ရှင်တွင် ခေါင်းဆောင်အဖြစ်ပါဝင်ရန် မင်းသမီး Sandra Bullock ကမ်းလှမ်းခံရ
သားဖြစ်သူ တက်ရောက်မယ့် Yonsei တက္ကသိုလ်ကို အန်ဂျလီနာဂျိုလီ လာရောက် လည်ပတ်