Entertainment

“ရောက်တဲ့ဘဝမှာ အမြဲတမ်း အဆင်ပြေအောင်နေတယ်”လို့ သရုပ်ဆောင် ခိုင်သင်းကြည် ပြော

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင်ခိုင်သင်းကြည်က မကြာခင်ရုံတင်ပြသမယ့် “ညစ်တွန်း” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင်ထားပြီး ဘဝမှာ စိတ်ညစ်စရာတွေရှိလာရင်လည်း ညစ်တွန်းမတွန်းမိစေဖို့ လိုတယ်လို့ ဒီကားနဲ့ပတ်သက်လို့ အမှတ်တရကိုဆိုပါတယ်။

“ဒီကားလေးက ပေးချင်တဲ့ Message က ဘဝမှာ စိတ်ညစ်စရာတွေ ရှိမယ်။ ရှိလည်း ညစ်တွန်း မတွန်းဖို့ စိတ်ညစ်စရာတွေ မကောင်းတာတွေပဲ တွေးမနေပဲ အကောင်းဘက်က လှည့်တွေးဖို့ပေါ့။ တကယ့် လူမှုဘဝပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာ တွေကိုရိုက်ထားတဲ့ ကားကောင်းတကားပါ။ လူဆိုတာကိုယ်ရောက်တဲ့နေရာမှာ ကိုယ့်ရဲ့ရတဲ့ အခွင့်အရေးအကျိုးအမြတ်နဲ့ အဆင်ပြေအောင်နေတတ်ရင် ပျော်စရာကြီးပါ။ လူဆိုတာပိုက်ဆံရှိတာမရှိတာနဲ့လည်း မဆိုင်ပါဘူး”

“လူတိုင်း တဲပေါ်က လူပဲဖြစ်ဖြစ် တိုက်ပေါ်ကလူပဲ ဖြစ်ဖြစ် သူ့ရဲ့ ပျော်ရွှင်စရာတွေ ရှိသလို စိတ်ညစ်နေရင်လည်း ညစ်တွန်းတွန်းစရာတွေ က အများကြီးပဲ။ မခိုင်ဆိုလည်း မခိုင်ထက်မြင့်တဲ့သူကို ကြည့်ရင် မခိုင်စိတ်ဆင်းရဲနေမှာပဲ။ မခိုင်ကတော့ ကိုယ်ရတဲ့နေရာ လေးမှာ အနုပညာနဲ့ ပဲဖြစ်ဖြစ်၊ အပြင်စီးပွားရေးပဲ ဖြစ်ဖြစ် ရောင့်ရဲရတယ်။အဲ့အတွက် ကိုယ့်ဘဝက သာယာတာပေါ့”

“ ကိုယ့်ဘဝနဲ့ကိုယ်နေတတ်ရင်တော့ ပျော်စရာကြီးပဲပေါ့။ စိတ်ညစ်စရာတွေ ရှိရင်လည်း တဖက်က ညစ်တွန်းတွန်းမိရင် အဆင်မပြေပြန်ဘူးလေ။ အဲ့ဒါကြောင့် ဒီကားလေးကြည့်ရင်တော့ Message ရမှာပါ။ ပရိသတ်တွေကို ကြည့်သင့်တဲ့ ဇာတ်ကားတကားပါ”လို့ ခိုင်သင်းကြည်က ပြောပါတယ်။

“ညစ်တွန်း”ဇာတ်ကားမှာ နန္ဒာ အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ခိုင်သင်းကြည်က ဒီဇာတ်ကားရိုက်ကူးတဲ့ ဒါရိုက်တာလူမင်းနဲ့ ပတ်သက်လို့လည်း သူရဲ့ အမြင်ကို အခုလိုဆိုပါတယ်။

“ပရိသတ်တယောက်အနေနဲ့ ပြန်ကြည့်ချိန်မှာ အရမ်းကိုကောင်းတဲ့ ဇာတ်ကားတကားပါ။ မင်းသား၂လက်ဇာတ်ပေါ့။ ဒီလို ကားမှာ တထောင့်တနေရာကနေပါဝင်ရလို့ ဝမ်းသာပါတယ်။ ညစ်တွန်းကိုရိုက်တဲ့ ကိုလူမင်းကို မခိုင်တော်တော်ကို ချီးကျူးပါတယ်။ မင်းသားထဲမှာ ဒါရိုက်တာလိုင်းကို သူအရမ်းကိုစိတ်လည်းဝင်စားသလို အရမ်းကောင်းကောင်းရိုက်နိုင် တယ်။ မခိုင်ကြည့်သလောက်လည်း တကားနဲ့ တကားမတူအောင်ရိုက်တယ်။ Message တွေလည်းပေးနိုင်တယ်”

“ ကွာလတီလည်း ကောင်းအောင်ရိုက်တယ်။ ဒီကားမှာဆိုရင်လည်း အသံတွေ အရမ်းကောင်းတယ်။ အဖက်ဖက်က ပြောစရာ မလိုတဲ့ ကားတကားပါ။ ဒီကားမှာ အမှတ်တရကတော့ အူဝဲနဲ့ မခိုင်လေး မဆုံဖြစ်ဘူး။ ဇာတ်ကားထဲမှာ မပါပေမယ့် ဓာတ်ပုံရိုက်ဖြစ်ကြတာကတော့ အမှတ်တရပါ”လို့ ခိုင်သင်းကြည်က ပြောပါတယ်။

တကယ့် လူမှုဘဝပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာ တွေကိုရိုက်ထားတဲ့ ကားကောင်းတကားမို့ ပရိသတ်တွေကို ကြည့်သင့်တဲ့ဇာတ်ကားတကားပါလို့ ခိုင်သင်းကြည်က ဆိုပါသေးတယ်။

ခိုင်သင်းကြည် ပါဝင်သရုပ်ဆောင်ထားတဲ့ “ညစ်တွန်း” ဇာတ်ကားကိုတော့ စက်တင်ဘာ ၁၉ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading