Entertainment

သီချင်းဆိုရတာ ဝါသနာပါလို့ ကြိုက်တဲ့ သီချင်းလေးတွေ Cover Song ပြန်ဆိုနေတဲ့ မေပန်းချီ

Want create site? Find Free WordPress Themes and plugins.

ဇာတ်ပို့ သရုပ်ဆောင် တယောက် ဖြစ်တဲ့ သရုပ်ဆောင် မေပန်းချီက အဆိုတော် ရှင်ဖုန်းရဲ့ နာမည်ကြီးလူကြိုက်များခဲ့တဲ့ “တယ်လီဖုန်း” သီချင်းကို Cover Song ပြန်ဆိုထားပြီး ဒီသီချင်းလေးကို အရမ်းကြိုက်လို့ ပြန်ဆိုဖြစ်တယ်လို့ ဆိုပါတယ်။

“ပန်းချီ “တယ်လီဖုန်း” သီချင်းကို အရင်ကတည်းက ကြိုက်တယ်။ မရှင်ဖုန်းကို “တယ်လီဖုန်း”သီချင်းလေး Cover ဆိုချင်တယ် ပေးဆိုပါဆိုပြီး ခွင့်တောင်းပြီး ဆိုဖြစ်သွားတယ်။ ဆိုဖြစ်တော့လည်း MTV ပါ ရိုက်ဖြစ်သွားတယ်။ တေးရေးကို ခွင့်မတောင်းပဲ မရှင်ဖုန်းကိုပဲ ခွင့်တောင်းမိတော့ ပြဿနာတော့ နည်းနည်းခဲ့ရှိတယ်”

“အခု တေးရေးဆရာဆီကိုလည်း ပန်းချီ ခွင့်တောင်းထား ပါတယ်။ သီချင်းက နှစ်ရက်နဲ့ အပြီးလုပ်ထားတော့ Mixing ကလည်း နည်းနည်းညံ့နေတယ်။ ကိုယ့် Fan တွေကတော့ ကောင်းတယ်ပြောတယ်။ သီချင်းနဲ့ ပတ်သက်တဲ့ သူတွေကတော့ လိုအပ်ချက်တွေ သိတာပေါ့” လို့ မေပန်းချီက ဆိုပါတယ်။

သီချင်းဆိုဖြစ်တာနဲ့ ပတ်သက်ပြီး ဆိုဖြစ်တဲ့အကြောင်းကိုလည်း အခုလိုပြောပြပါတယ်။

“အသက်အရွယ်တခုရောက်လာတော့ ကိုယ်လုပ်ချင်တာလေးတွေ လုပ်တာမျိုးပေါ့။ သီချင်းလေးလည်း ဆိုကြည့်ချင်တယ်။ မိသားစုအတွက် ရှင်သန်ရတာများတယ်။ အဲ့မှာမှကိုယ့်အတွက် အနုပညာနဲ့ ပတ်သက်တာတွေကို လုပ်ဖြစ်သွားတယ်ဆိုတဲ့ သဘောလေးပါပဲ။ အဲ့သီချင်းကိုကြိုက်လို့ ယူဆိုတာ။ အဲ့ခေတ်တုန်းက ဖုန်းမဝယ်နိုင်သေးဘူး။ အရင်တုန်းက ဖီလင်လည်း မဟုတ်ပါဘူး။ အခု ဖီလင်လည်း မဟုတ်ဘူး”လို့ မေပန်းချီကပြောပါတယ်။

အဆိုတော်လုပ်ဖို့ အစီအစဉ်မရှိဘူးလို့ဆိုတဲ့ မေပန်းချီက အနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်ကားရိုက်ကူးမှုတွေလည်း နည်းသွားတယ်လို့ဆိုပါတယ်။

“အဆိုတော်လုပ်ဖို့တော့ မရှိပါဘူး။ ပန်းချီအသံက အဆိုတော်တယောက်အသံမျိုးလည်း မဟုတ်ဘူး။ ဆိုတတ်ရုံနဲ့ အဆင်ပြေရုံလောက်ပဲရှိတာပါ။ အသံကောင်းတဲ့ ထဲ မပါပါဘူး။ အဲ့ဒါကြောင့် အဆိုတော်တော့ မလုပ်ပါဘူး။ လောလောဆယ်ကတော့ ပန်းချီသီချင်းရိုက်ဖို့ရှိတယ်။ နယ်မှာ သီချင်းဆိုဖို့ရှိတယ်။ ဇာတ်ကားရိုက်ဖို့ကတော့ မရှိသေးပါဘူး။ ပန်းချီတို့အတွက်က ကားရိုက်နည်းသွားတော့ ဝင်ငွေနည်းသွားတယ်”

“ပရိသတ်တွေ အတွက်ကတော့ အရမ်းကောင်းသွားတယ်။ ပရိသတ်တွေ အတွက် အရည်အသွေးကောင်းတဲ့ ကားတွေ ထွက်လာတယ်။ ကိုယ့်အတွက် မကောင်းပေမယ့် ပရိသတ်အတွက် ကောင်းတယ်။ အနုပညာသမားတွေကိုလည်း ပရိသတ်တွေက အပူသည်လို့ မြင်လာကြတယ်။ ပန်းချီတို့ အဆင်မပြေတာကိုလည်း မညည်းပြချင်တော့ဘူး”လို့ မေပန်းချီက ပြောပါတယ်။

မေပန်းချီ ကတော့ အနုပညာအလုပ်များ နည်းပါးနေသော်လည်း ကျရာ ဇာတ်ရုပ်ကိုတော့ လက်ခံ ရိုက်ကူးပြီး ကိုယ်ပိုင်စီးပွားရေးအနေနဲ့ “KATE Amazing” ဆိုတဲ့ ဖက်ရှင်ဆိုင် ဖွင့်ထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading