နာမည်ကျော် မင်းသားနှစ်ဦးဖြစ်တဲ့ Leonardo နဲ့ Will Smith တို့ဟာ လက်ရှိ အချိန်မှာတော့ ပြုန်းတီးပျက်စီးလာတဲ့ အမေဇုန်မိုးသစ်တောကို ကာကွယ်ဖို့အတွက် Sneaker ဖိနပ်တွေ ထုတ်လုပ်ရောင်းချကာ ရန်ပုံငွေရှာဖွေတော့မှာ ဖြစ်ပါတယ်။
Will Smith ပိုင်ဆိုင်တဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်မှု ဆိုင်ရာ JUST Water ကုမ္ပဏီနဲ့ အလားတူ ဖိနပ် ကုမ္ပဏီတခုဖြစ်တဲ့ Allbirds တို့ဟာ အမေဇုန်မိုးသစ်တော ပြုန်းတီးမှု ကာကွယ်ရေးအတွက် ရည်ရွယ်တဲ့ ပရောဂျက်တခုကို စတင် ဆောင်ရွက်ကြတော့မှာ ဖြစ်ပါတယ်။
Leonardo ဟာ Allbirds ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှုတချို့ ပြုလုပ်ထားတယ်လို့ သိရပြီး JUST Water နဲ့ Allbirds တို့ ပူးပေါင်းကာ အရေအတွက် ကန့်သတ် ထုတ်လုပ်ထားတဲ့ Sneaker ဖိနပ်တွေ ရောင်းချခြင်းကနေ ရရှိလာမယ့် ရန်ပုံငွေကို Leonardo ရဲ့ အမေဇုန်ကာကွယ်ရေးအတွက် လှူဒါန်းသွားမှာလည်း ဖြစ်ပါတယ်။
Sneaker ဖိနပ်တွေကို ဒီဇိုင်းနှစ်မျိုး ထုတ်လုပ်မှာဖြစ်ပြီး Tree Runners နဲ့ Tree Troopers ဖြစ်တယ်လို့ သိရှိရပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက အမေဇုန်တော မီးလောင်မှုနဲ့ ပတ်သက်ပြီး Allbirds ကုမ္ပဏီဟာ အရေးပေါ်ရန်ပုံငွေ တည်ထောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကမ္ဘာကြီးရဲ့ အဆုတ်တခြမ်းလို့ တင်စားခေါ်ဝေါ်ကြတဲ့ အမေဇုန်သစ်တောဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ အောက်ဆီဂျင် ၆ ရာခိုင်နှုန်းကို ထုတ်လွှတ်ပေးနေတာ ဖြစ်တဲ့အပြင် သစ်တောအနှံ့ နေထိုင်နေကြတဲ့ ၁ သန်းကျော် အရေအတွက်ရှိ တိုင်းရင်းသားတွေ၊ တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၀ သန်းကျော်၊ အပင်နဲ့ အင်းဆက်တွေအတွက် အိမ်တခုဆိုလည်း မမှားပါဘူး။
ဒီဇိုင်းနှစ်မျိုးနဲ့ ထုတ်လုပ်ထားတဲ့ Tree Runners နဲ့ Tree Troopers ဖိနပ်တွေကို Allbirds ကုမ္ပဏီကနေ ဝယ်ယူ ရရှိနိုင်မှာဖြစ်ပြီး တန်ဖိုးအနေနဲ့ ပျမ်းမျှအားဖြင့် ၉၅ပေါင်ကနေ ၁၁၅ ပေါင်အထိ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
ဘိုင်ကယ်ရေကန်ကို ကယ်တင်ဖို့ မင်းသား လီယိုနာဒိုအား ရုရှားနိုင်ငံသားများ တောင်းဆိုနေကြ
အလှူအတန်းတွေ ပြုလုပ်ရာမှာ လျှို့ဝှက်သိုသိပ်စွာ လှူဒါန်းကြတဲ့ ကမ္ဘာကျော်များ
သက်ကြီးရွယ်အိုတွေအတွက် နှစ်စဉ် ဝမ် ၁၀ သန်းလှူဒါန်းနေတဲ့ မင်းသမီး IU
အာသံ ရေဘေး ဒုက္ခသည်များအတွက် မင်းသားကြီး အမီတာဘဂျမ်း ရူပီး ၅၁ သိန်း လှူဒါန်း