မင်းသား Robert Downey Jr ဟာ “Black Widow” ရုပ်ရှင်မှာ Iron Man အဖြစ် ပြန်လည် ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ ၂၀၀၈ ခုနှစ်ကစလို့ ကမ္ဘာကျော် စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အသက် ၅၄ နှစ်အရွယ် မင်းသားဟာ လူအများ စိတ်ဝင်စားနေတဲ့ အဲ့ဒီရုပ်ရှင်မှာ မင်းသမီး စကားလက် ဂျိုဟန်ဆန် (Scarlett Johansson) နဲ့အတူ တွဲဖက် ပါဝင်လာမယ်လို့ Deadline မီဒီယာက ဆိုပါတယ်။
အရင်တုန်းကလည်း အဲ့ဒီရုပ်ရှင်မှာ မင်းသား Downey Jr ပြန်လည် ပါဝင်လာနိုင်ချေရှိတဲ့ ဆိုတဲ့ ထင်မြင်ချက်တွေက ထွက်ပေါ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာကျော် ဇာတ်ကောင်နေရာမှာ မင်းသား ပြန်သရုပ်ဆောင်မှာလား၊ သရုပ်မဆောင်ဘူးလား ဆိုတာကိုတော့ Marvel ကနေ အခုထိ အတည်မပြုသေးပါဘူး။
မင်းသမီး Florence Pugh က အခုရုပ်ရှင်မှာ ပါဝင်လာမယ်လို့ အတည်ပြုထားပြီး “Black Widow” ရုပ်ရှင်ဇာတ်ညွှန်းရဲ့ လေးနက်မှုကြောင့် စိတ်လှုပ်ရှားခဲ့ရတယ်လို့ မကြာသေးခင်က ပြောဆိုထားပါတယ်။ ဒါ့အပြင် ဇာတ်လမ်း အကြောင်းအရာရဲ့ တချို့ပြကွက်တွေကြောင့် စိတ်လှုပ်ရှားခဲ့ရတယ်လို့ ဝန်ခံထားပါတယ်။
“Civil War” ရုပ်ရှင်နဲ့ “Infinity War” ရုပ်ရှင်တို့ကြား အချိန်ကာလမှာ ဇာတ်အိမ်တည်မယ့် အခုရုပ်ရှင်အသစ်မှာ မင်းသား Downey Jr အနေနဲ့ ပြန်လည် မပါဝင်ဖြစ်ဘူးဆိုရင်တောင် Marvel ရုပ်ရှင် တခုခုမှာ ထပ်မြင်နိုင်ရချေ ရှိနေသေးတယ်လို့လည်း ဆိုကြပါတယ်။
Marvel သတင်းရင်းမြစ်တချို့ရဲ့ အဆိုအရ မင်းသားဟာ Tony Stark အနေနဲ့ ပြန်လာဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ အခု အသစ် မိတ်ဆက်လိုက်တဲ့ Disney+ ဆိုတဲ့ Streaming ဝန်ဆောင်မှုကနေ ထုတ်လွှင့်ပြသမယ့် ရုပ်ရှင် တကားကားမှာလည်း မင်းသားက ပုံစံတမျိုးနဲ့ ပါဝင်လာနိုင်ချေရှိတယ်လို့ ခန့်မှန်းပြောဆိုတာတွေ ရှိနေပါတယ်။
အခု ရုပ်ရှင်အသစ်မှာတော့ Black Widow ဖြစ်တဲ့ Natasha Romanoff ဟာ Captain America ကို ကူညီဖို့ Tony Stark ကို သစ္စာဖောက်ခဲ့ပြီးတဲ့နောက် ထွက်ပြေးနေခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီနောက်တော့ သူ့ရဲ့ တိုက်ခိုက်ရေး ကျွမ်းကျင်မှုတွေကို တိုးမြှင့်ပေးခဲ့တဲ့ Black Widow ပရိုဂရမ်နဲ့ ဆက်စပ်နေတဲ့ ခြိမ်းခြောက်မှုတွေ ရင်ဆိုင်ရပုံကို ရိုက်ကူးမယ်လို့ ဆိုပါတယ်။
Ref: asiaone
You may also like these stories:
“Avengers: Endgame” အတွက် သရုပ်ဆောင်ကြေး ဒေါ်လာ ၇၅ သန်းထက် ပိုရမယ့် Robert Downey Jr.
‘Black Widow’ ရုပ်ရှင်မှာ အဓိကဇာတ်ကောင်နေရာမှာပါဝင်ဖို့ Emma Watson စိတ်ဝင်စားနေ