Entertainment

မြေးလေး Liam က အဘိုးထက် အောင်မြင်နေလို့ မနာလိုဖြစ်နေရတယ်လို့ လွင်မိုး ပြော

Want create site? Find Free WordPress Themes and plugins.

စီးပွားရေးကို ဦးစားပေး လုပ်ကိုင်နေတာကြောင့် ဇာတ်ကား ရိုက်ကူးမှုများနဲ့ အချိန်အတော်ကြာ ဝေးကွာနေတဲ့ သရုပ်ဆောင် အကယ်ဒမီ လွင်မိုးက တနှစ်ကျော် အရွယ်ရှိပြီဖြစ်တဲ့ မြေးဖြစ်သူ Liam လေးကို ပရိသတ်တွေ ချစ်ပေးကြလို့ ဝမ်းသာနေပြီး၊ အဘိုးထက် အောင်မြင်နေလို့ မနာလိုဖြစ်နေတယ်လို့ ဆိုပါတယ်။

“Liam က ကျနော်နဲ့ပဲ အတူတူ အိပ်တယ်။ ဘာလို့လဲဆို သူ့မိဘက အဝေးရောက်နေတာကြောင့် ကျနော်နဲ့ တူတူ အိပ်တယ်။ ကျနော်လည်း အရမ်းချစ်တယ်။ လူလည်း မကြောက်ဘူး။ သူ့က လမ်းတောင် မလျှောက်တတ်သေးဘူး။ စကားတောင် မပြောတတ်သေးဘူး”

“သူ့ Fan တွေက အရမ်းများနေပြီ။ သူ့ကို ဝိုင်းချစ်ပေးကြတော့ ကျနော်လည်း ဝမ်းသာပါတယ်။ အဘိုးထက်တောင် ပိုပြီး အောင်မြင်နေတာ ပြန်ပြီး မနာလိုတောင် ဖြစ်လာပြီ။ ကိုယ့်မြေးကို မနာလို ဖြစ်နေတာပေါ့။ ဒါပေမဲ့ ကလေးက အဘိုးနဲ့တူတယ်ပြောတော့ မနာလိုတော့ မဖြစ်တော့ပါဘူး”လို့ လွင်မိုးက ပြောပါတယ်။

ယွန်းဝတီလွင်မိုးရဲ့သားလေး လွင်ထက်(ခ) Liam လေးကို အနုပညာအလုပ်တွေ လုပ်ကိုင်ခိုင်းဖို့ လိုသေးတယ်လို့ လွင်မိုးက ဆိုပါတယ်။

“Liam လေးက အခုဆိုရင် ကြော်ငြာလေးတွေ ရိုက်ကူးနေတယ်။ ကင်မရာလည်း မကြောက်ဘူး။ အနုပညာ ဗီဇပါတယ် ပြောရမယ်။ ဒါပေမဲ့လည်း ကလေးကို အနုပညာအလုပ်တွေ ဆက်လုပ်ခိုင်းဖို့ကတော့ အများကြီး လိုပါသေးတယ်”

“အနုပညာဆိုတာ အရမ်းကြီးလောလို့ မရတာကြောင့် အချိန်အခါနဲ့ နေရာနဲ့ ကိုက်ညီမှ ရတာပါ။ အနုပညာက ပြောရတာ ခက်ပါတယ်။ လုပ်ဖို့လည်း မလွယ်သလို အောင်မြင်ဖို့လည်း မလွယ်ပါဘူး။ အနုပညာ အလုပ်ဆိုတာ ကံတွေ ဉာဏ်တွေ စန်းတွေ အခြေအနေ၊ အချိန်အခါတွေနဲ့လည်း ဆိုင်ပါတယ်”လို့ လွင်မိုးက ပြောပါတယ်။

အနုပညာသက်တမ်း နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီး အောင်မြင်တဲ့ အနုပညာရှင်တယောက်ဖြစ်တဲ့ လွင်မိုးဟာ အကယ်ဒမီ ၃ ဆု ရရှိထားသူလည်း ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်လုပ်ကိုင်နေသူ တယောက် ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading