မင်းသားကြီး ဆေဗက်စတာ စတားလုံးဟာ အမေရိကန် စစ်ပြန်ကြီး ဂျွန်ရမ်ဘိုအနေနဲ့ သရုပ်ဆောင်ခဲ့တာ ဆိုရင် နှစ်ပေါင်း ၃၇ နှစ်လောက် ရှိပြီဖြစ်ပါတယ်။ ဇာတ်ကား ၅ ကား ရိုက်ကူးခဲ့ပြီးတဲ့နောက် အဲ့ဒီဇာတ်ကားတွေ အားလုံးဟာ တော်တော်လေးကို နာမည်ကျော်ကြားပြီး အောင်မြင်ခဲ့ပါတယ်။
အခုတော့ နောက်ဆုံး အဆုံးသတ် ရုပ်ရှင် “Rambo: Last Blood” အထိ ရောက်ရှိလာပြီဖြစ်ပါတယ်။ အခုသီတင်းပတ်ထဲမှာ ရုပ်ရှင်ဖြန့်ချိတော့မှာကို ဂုဏ်ပြုတဲ့အနေနဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးသူတွေဟာ နောက်ဆုံးရုပ်ရှင်မှာ ဘာတွေ ထူးထူးခြားခြား ပါဝင်လာမလဲဆိုတာကို ဝေမျှပြောဆိုခဲ့ကြပါတယ်။
မင်းသားကြီး စတားလုံးက “ဒီတခုကတော့ အဆုံးသတ်ကို ရှာဖွေဖို့ တော်တော်လေးကို ကြိုးပမ်းထားရပါတယ်။ နောက်ဆုံးမှာ စစ်သည်တော်က ဘယ်ကိုသွားမလဲ။ သူကတော့ သူ့အလုပ်ဟာ ကာကွယ်ဖို့ဆိုတာနဲ့ အဲ့ဒါသာ သူ့အတွက် တခုတည်းသော အလုပ်ကောင်းဆိုတာကို သူသဘောပေါက်ပါတယ်။ သူ့ကို တွန်းပို့လိုက်ကြတယ်။ တော်တော်လေးကို စိတ်ဒဏ်ရာရစေမယ့် အရာတခုဆီကိုပေါ့။ အဲ့ဒီနောက် သူပြန်လာတယ်”
“သူဖြစ်ချင်တဲ့နောက်ဆုံးအရာကတော့ ကမ္ဘာပေါ်မှာ သူချစ်ရတဲ့ တခုတည်းသော အရာကို အလုယူမခံနိုင်တာပါပဲ။ ပြီးတော့ သူက ဒေါသတွေ ဖြေလျှော့ချင်တယ်။ သူကနာကျင်မှုတွေကို ယူဆောင်လာမယ့်၊ သေခြင်းတရားကို ယူဆောင်လာမယ်၊ မကောင်းတဲ့သူတွေကတော့ သူတို့လုပ်နိုင်တာ ဘာမှကို မရှိအောင် ရမ်ဘိုက သူ့ကိုယ်သူ ကြမ်းတမ်းပြမှာပါ”လို့ ပြောပါတယ်။
အခုနောက်ဆုံးရုပ်ရှင်မှာ တွေ့ရမယ့် ရမ်ဘိုဇာတ်ကောင်ရဲ့ မျက်နှာပုံစံနဲ့ ပတ်သက်လို့ ပြောဆိုနေတာတွေကို တုံ့ပြန်ပြောကြားခဲ့ပြီး Frankenstein မကောင်းဆိုးရွားရဲ့ မျက်နှာဆိုပြီးတော့ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။
“လူသားတွေကို တိုက်ခိုက်တဲ့ အဆိုးဆုံးရောဂါတခုကတော့ တကိုယ်တည်းဖြစ်မှု၊ အထီးကျန်မှု၊ ပစ်ပယ်ခံရမှုတို့ပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေ ဖြစ်လာပြီဆိုရင်တော့ မီးလောက်နေတဲ့ အဆောက်အဦထဲမှာ သင့်ရဲ့ ချစ်တဲ့သူတယောက် ရောက်နေမယ်ဆိုရင် သင့်ကိုယ်သင် စတေးခံဖို့ ဝန်လေးနေမှာ မဟုတ်တော့ပါဘူး”
“အဲ့ဒါ ကျနော် ပြသဖော်ပြချင်တာပါ။ ရမ်ဘိုဟာ တယောက်တည်း အထီးကျန်မနေတော့ပါဘူး။ ဆိုလိုတာက သူက လူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ တကယ်လိုပါတယ်။ သူဟာ အချစ်ကိုလိုအပ်ပါတယ်” လို့ မင်းသားကြီး စတားလုံးက ပြောပါတယ်။ “Rambo: Last Blood” ရုပ်ရှင်ကို လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပြသတော့မှာ ဖြစ်ပါတယ်။
Ref:etcanada