“The Deathly Hallows – Part 2” ရုပ်ရှင်နဲ့အတူ Harry, Ron နဲ့ Hermione တို့ဟာ Voldemort ကို အနိုင်ယူရင်း စွန့်စားခန်းတွေ ပြီးဆုံးခဲ့တာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ “The Deathly Hallows – Part 2” အပြင် တခြား Harry Potter ရုပ်ရှင်တွေထဲမှာ အဓိကဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ခဲ့ကြတဲ့ Daniel Radcliffe, Rupert Grint နဲ့ Emma Watson တို့ဟာ Warner Bros. ကုမ္ပဏီကနေ ထုတ်လုပ်တော့မယ့် Harry Potter ရုပ်ရှင်အသစ်မှာ ပြန်လည် ပါဝင်လာကြတော့မှာ ဖြစ်ပါတယ်။
ဒီသတင်းဟာ Harry Potter ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ သတင်းကောင်းတခု ဖြစ်ပြီး Harry Potter နောက်ဆက်တွဲ ရုပ်ရှင်တွေနဲ့ “Fantastic Beast” ရုပ်ရှင်တွေကိုပါ တဝကြီး ကြည့်ရှု ခံစားကြရတော့မှာလည်း ဖြစ်ပါတယ်။
Harry Potter ရုပ်ရှင်အသစ်နာမည်ကတော့ “The Cursed Child” လို့သိရပြီး ထုတ်လုပ်ရေးအပိုင်းမှာ နှစ်ပိုင်း ခွဲထားတာကြောင့် ရုပ်ရှင်အနေနဲ့ နှစ်ပိုင်း ထွက်လာနိုင်ဖွယ်ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
“The Cursed Child” ဟာ Harry နဲ့ Draco တို့ရဲ့ မျိုးဆက်တွေဖြစ်တဲ့ Albus Potter နဲ့ Scorpius Malfoy တို့ဟာ အဖွဲ့တဖွဲ့အဖြစ် Cedric Diggory ကို သူ့ရဲ့ ကံကြမ္မာတခုကနေ ပူးပေါင်း ကယ်တင်ကြရမယ့်အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။
“Fantastic Beast” ရုပ်ရှင်ဇာတ်ကားတွေကို ဇာတ်ကားပေါင်း ၅ ကားအထိ ထုတ်လုပ်ပြသမှာဖြစ်တဲ့အကြောင်း Warner Bros. ကုမ္ပဏီအနေနဲ့ အတိအလင်း ကြေညာခဲ့ဖူးပြီး ထွက်ရှိထားခဲ့တဲ့ Fantastic Beast ရုပ်ရှင် ၂ ကားဟာဆိုရင်လည်း အထိုက်အလျောက် အောင်မြင်မှုတွေ ရရှိနေပါတယ်။
ဒါကြောင့်ပဲ Warner Bros. ကုမ္ပဏီအနေနဲ့ အသစ်ထွက်ရှိလာမယ့် Harry Potter ရုပ်ရှင်အသစ်ကို ဘယ်လို အသက်သွင်း ထုတ်လုပ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။
ဘာပဲဖြစ်ဖြစ် ၂၀၀၁ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ Harry Potter ရုပ်ရှင်တွေဟာ ပရိသတ်တွေနဲ့ အလှမ်းဝေးခဲ့ရာကနေ အမှတ်ရစရာတွေနဲ့ အတူ ရုပ်ရှင်ပိတ်ကားပေါ်မှာ ပြန်လည် တွေ့မြင်နိုင်ရမှာ ဖြစ်တာကြောင့် Harry Potter ပရိသတ်တွေအတွက်တော့ ဝမ်းသာစရာ သတင်းတခုပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
ကျိန်စာနှင့်မန္တန် အစစ်များ ပါဝင်တာကြောင့် ဟယ်ရီပေါ်တာ စာအုပ်များ တားမြစ် ပိတ်ပင်ခံရ
Tom Felton နဲ့တွဲနေတယ်လို့ သတင်းထွက်လာတဲ့ မင်းသမီး Emma Watson
ကြောင်နဲ့ကြွက် ကာတွန်းကို Warner Bros. က ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးမည်
၂၀၂၁ ခုနှစ်ရောက်မှသာ ရုံတင်ပြသနိုင်တော့မယ့် “Fantastic Beasts 3”