Entertainment

အိမ်ထောင်ပြုရမယ့်အရွယ်မှာ စီးပွားရေးတွေ လုပ်နေလို့ အရွယ်လွန်သွားခဲ့တဲ့ ခင်လေးနွယ်

Want create site? Find Free WordPress Themes and plugins.

လီဆူးတိုင်းရင်းသူ တဦးဖြစ်တဲ့ သရုပ်ဆောင် ခင်လေးနွယ်ကတော့ သူငယ်ချင်းတွေကြားထဲမှာ အပျိုကြီး စာရင်းဝင် နေပြီဖြစ်ပြီး သူ့အနေနဲ့ အိမ်ထောင်ပြုရမယ့် အရွယ်မှာ စီးပွားရေးတွေ လုပ်နေခဲ့တာကြောင့် ပြုသင့်တဲ့အရွယ်ကို ကျော်လွန်သွားခဲ့တယ်လို့ ပြောပါတယ်။

“အိမ်ထောင်ပြုရမယ့် အရွယ်မှာ စီးပွားရေးတွေ လုပ်ခဲ့တယ်။ တကယ်ပြုသင့်တဲ့ အရွယ်ကို ကျော်သွားတာပေါ့။ ဒီအရွယ်ကျတော့လည်း အိမ်ထောင်ပြုဖို့ကို စဉ်းစားရတယ်။ ဘယ်အရွယ်ဖြစ်ဖြစ်တော့လည်း စဉ်းစားရတာပါပဲ။ အခုကျတော့ ပိုစဉ်းစားတတ်သွားတာပေါ့။ ကိုယ့်သူငယ်ချင်းတွေ တော်တော်များများကလည်း အိမ်ထောင်သည်တွေ များတာကို အိမ်ထောင်ပြုရင် ဘယ်လိုဖြစ်မယ်ဆိုတာကို သိနေတဲ့အခါကျတော့ စဉ်းစားရခက်တယ်”လို့ ခင်လေးနွယ် က ပြောပါတယ်။

လက်တွဲဖော်ကိုလည်း ဘုရားပေးတဲ့ တနေ့တော့ ဖူးစာပါရင် ဆုံမှာဖြစ်ပြီး အထီးကျန်တာတွေကလည်း ခဏပဲ ဖြစ်တာကြောင့် ဘဝကို ရင်ဆိုင်သွားရမှာက အရှည်ကြီးဖြစ်တယ်လို့ ပြောပါတယ်။

“ဒါကတော့ ဘုရားပေးတဲ့ တနေ့ပေါ့။ ဖူးစာပါရင် ဆုံမယ်ပေါ့။ အသက်အရွယ်အရဆိုရင် အိမ်ထောင်ပြုရမယ့်အရွယ် လွန်သွားပြီ။ စိတ်ကူးယဉ်ရမယ့်အရွယ် မဟုတ်ဘူးပေါ့။ အပျိုကြီးကတော့ ကောင်းတာပေါ့။ ကိုယ့်ဘာသာကိုယ် စဉ်းစား ဆုံးဖြတ်လို့ရတယ်။ အသက်ကြီးလာရင်တော့ အထီးကျန်တယ် ပြောကြပါတယ်။ ဒါပေမယ့် အထီးကျန်တာက ခဏပေါ့။ ဘဝကိုရင်ဆိုင်ပြီးတော့မှ သွားရမှာက အရှည်ကြီးပေါ့”လို့ ခင်လေးနွယ်က ပြောပါတယ်။

လက်ရှိမှာတော့ ရည်းစားရနေတဲ့ ခင်လေးနွယ်ကို သူငယ်ချင်းတွေက လက်ထပ်ဖို့ အပိုင်တွက်နေကြပြီဖြစ်ပြီး တသက်လုံး လက်တွဲဖြစ်၊ မဖြစ်ကိုတော့ စဉ်းစားရဦးမယ်လို့ ပြောပါတယ်။

“သူငယ်ချင်းတွေကတော့အရင်က ရည်းစားတွေထားခဲ့တာ သိပ်မရှိတော့ အပိုင်တွက်နေကြတာ။ ဒီအသက်အရွယ် ရောက်လာတော့ ရည်းစားကတော့ ရှိမှာပေါ့။ အဲဒါကိုမှ ကိုယ်တသက်လုံး လက်တွဲလို့ဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာကို စဉ်းစားရမှာပေါ့”

“အားလုံးကတော့ ချစ်သူတွေဖြစ်တဲ့အခါမျိုးမှာ စိတ်ချမ်းသာအောင်ထားကြမှာပဲ။ အဲဒါကို တသက်လုံ းဒီလို ထားပေးနိုင်မလားဆိုတာကို မိန်းကလေးတွေအနေနဲ့ စဉ်းစားရမှာပေါ့” လို့ ခင်လေးနွယ်က ပြောပါတယ်။

အသက်အရွယ်တခု ရောက်လာတာကြောင့် စဉ်းစားရတာတွေ များလာတဲ့အတွက် အိမ်ထောင်ပြုဖို့ ခက်ခဲသွားတာလား ဆိုတာကိုတော့ ခင်လေးနွယ်က အခုလို ဆိုပါတယ်။

“ကိုယ်ကလည်း အခုအရွယ်အထိ တယောက်တည်း နေခဲ့တာဆိုတော့ အတ္တတွေ ကြီးတယ်။ ဖြစ်ချင်တာတွေ များတယ်။ ကိုယ့်ကိုရော စိတ်ရှည်နိုင်မလားဆိုပြီး စဉ်းစားတာပေါ့။ တယောက်တည်းက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ နေလာတော့ သူများကို မစဉ်းစားပေးတတ်ဘူးလည်း ဖြစ်နိုင်တာပဲ။ အဲဒါတွေလည်း ပါတာပေါ့” လို့ ပြောပါတယ်။

ကိုယ်ပိုင်စီးပွားရေးများ လုပ်နေတဲ့အတွက် ဇာတ်ကား ရိုက်ကူးမှုများကိုတော့ လောလောဆယ်မှာ လုပ်ဖို့မရှိသေးဘဲ အနုပညာ အသိုင်းအဝိုင်းနဲ့တော့ အမြဲတမ်း နီးစပ်နေတယ်လို့ သိရပါတယ်။

“လောလောဆယ်အထိတော့ ကားရိုက်ဖို့အတွက် အစီအစဉ် မရှိသေးဘူး။ အရမ်းလည်း ကြာသွားပြီဆိုတော့ ကိုယ့်သူငယ်ချင်းတွေကို အားပေးမယ်။ အသိုင်းအဝိုင်းနဲ့တော့ ဝေးမသွားဘူးပေါ့။ ကိုယ်လုပ်တဲ့ အလုပ်တွေက ဒါတွေနဲ့ အဆက်အစပ် ရှိတယ်ဆိုတော့ ဒီအသိုင်းအဝိုင်းထဲမှာ ရှိနေဦးမှာပါ” လို့ ခင်လေးနွယ်က ပြောပါတယ်။

သရုပ်ဆောင် ခင်လေးနွယ်ကတော့ အနုပညာအသိုင်းအဝိုင်းက အချစ်ဆုံးသူငယ်ချင်းများနဲ့လည်း စီးပွားရေးတခုလုပ်ဖို့ ရှိနေပြီး လက်ရှိမှာ တိုင်ပင်နေကြတယ်လို့ သိရပါတယ်။

You may also like these stories:

ဟက်ကက်နဲ့ ခင်လေးနွယ် ယုဒသန် ဇနီးမောင်နှံအဖြစ် သရုပ်ဆောင်ကပြမယ်

“အပျိုကြီး မလုပ်ပါဘူး၊ အိမ်ထောင်ပြုဖို့ ဆန္ဒ ရှိပါတယ်”လို့ ပြောတဲ့ အေးမြတ်သူ

“အသက်ဘယ်လောက်ကြီးကြီး အိမ်ထောင်ပြုဖို့က နီးမှာ မဟုတ်ဘူး”

Did you find apk for android? You can find new Free Android Games and apps.
Loading