ကမ္ဘာကျော် အဆိုတော် Rihanna ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ Fenty Beauty ပွဲအခမ်းအနားတခုကို နာရီနဲ့ချီပြီး နောက်ကျခဲ့တာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။
သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ “Artistry and Beauty Talk” အစီအစဉ်အတွက် ညနေ ၅ နာရီမှာ လာရောက်ဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပေမယ့် ညနေ ၇ နာရီအထိ ရောက်မလာခဲ့ဘူးလု့ိ ဆိုပါတယ်။
ပရိသတ် တော်တော်များများကတော့ အကြာကြီး စောင့်ဆိုင်းခဲ့ရတဲ့အတွက် ပြန်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။ Rihanna ဟာ ပွဲကို တက်ရောက်ရမယ့်အချိန်မှာ Instagram တိုက်ရိုက်ဗီဒီယို ထုတ်လွှင့်ခဲ့ပြီး သီချင်းဆိုနေခဲ့တာကို အင်တာနက် အသုံးပြုသူတွေ တွေ့မြင်ခဲ့ရပြီးတဲ့နောက် ဝေဖန်မှုတွေက တော်တော်လေး မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ သူဟာ စီစဉ်ထားတဲ့အချိန်ထက် ၂ နာရီခွဲလောက်ကြာပြီးတဲ့ ညနေ ၇ နာရီ ၃၀ မိနစ်လောက်မှ ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး ပွဲတခုကို သူနောက်ကျတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။
သူဟာ ၂၀၁၀ ခုနှစ်တုန်းကလည်း ကိုရီးယားမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုကို မိနစ် ၅၀ လောက် နောက်ကျခဲ့ဖူးတာကြောင့် ကိုရီးယားပြည်သူတွေအပေါ် လေးစားမှု မရှိဘူးလားဆိုပြီး အင်တာနက် အသုံးပြုတွေက ပြောဆိုနေကြပါတယ်။
အင်တာနက် အသုံးပြုသူတချို့ရဲ့ မှတ်ချက်တွေထဲမှာ “အာရှကို အထင်သေးတဲ့ လူတယောက်က ကိုရီးယားကို ရောက်လာတာ ထူးဆန်တယ်လို့ ထင်တယ်။”၊ “သူ့နာမည်ပါတဲ့ ပွဲလေ။ သူ့ရဲ့ ပွဲကို ၂ နာရီတောင်နောက်ကျပြီး Instagram မှာ Live လွှင့်ဖို့ နားနေခန်းထဲမှာ ရှိနေခဲ့တာလား” ၊ “လုံး မပြန်ဘဲ သူ့ကို တချိန်လုံးစောင့်နေတဲ့ ရူးကြောင်ကြောင်လူတွေလည်း ရှိသေးတာပဲ” စသဖြင့် ရေးသားထားကြပါတယ်။
Ref. Allkpop