Entertainment

"PLAYERS" ရုပ်ရှင်မှာ Miss တယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်မယ့် မေမီကိုကို

Want create site? Find Free WordPress Themes and plugins.

“ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ “မြိုင်” ဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ အထူး အားပေးမှုကို ရရှိခဲ့တဲ့ သရုပ်ဆောင် မေမီကိုကိုက “PLAYERS” ရုပ်ရှင်ကားကြီးမှာ Miss တယောက်အနေနဲ့ ပါဝင်သွားမယ်လို့ ဆိုပါတယ်။

“ဒီ PLAYERS ဆိုတဲ့ ဇာတ်ကားမှာ မေမီက မြတ်စန္ဒီဦးပေါ့နော်။ Miss တယောက်ဖြစ်ချင်တဲ့ ပြိုင်ပွဲဝင် ကောင်မလေး တယောက်ပေါ့။ ပြီးတော့ ကိုထွန်းထွန်းနဲ့ လူကြီးချင်း သဘောတူထားတယ်။ လူကြီးချင်း သဘောတူပေမယ့် လက်ထပ်ဖို့ အချိန်ဆွဲနေတာပေါ့နော်”

“Miss အလုပ်ကိုလည်း လုပ်ချင်သေးတယ်။ ကိုထွန်းထွန်းကိုလည်း တခြား ကောင်မလေး လက်ထဲ ပါသွားမှာစိုးတော့ သူတို့ရဲ့ ကစားကြတဲ့ ကစားကွက်ထဲမှာ ကိုယ်က ရောယောင်ပြီး ပါနေတာပေါ့။ အဲ့လို ပုံစံလေးပေါ့။ ဒီကားလေးက ရယ်ရမယ်။ အက်ရှင်လေးလည်း ပါမှာပေါ့”လို့ မေမီကိုကိုက ပြောပါတယ်။

Miss ကာရိုက်တာ ပီပြင်အောင် ဝိတ်ချနေတဲ့ မေမီကိုကိုက ဒီဇာတ်ကားမှာ Two-Pieces ဝတ်ရဖို့ ယုံကြည်မှု မရှိဘူးလို့ ဆိုပါတယ်။

“Miss ကာရိုက်တာဆိုတော့ မေမီက မလှရင်တောင် ကြည့်ကောင်းအောင် အခု ခန္ဓာကိုယ်ကလည်း ပြည့်နေတော့ ဝိတ်လေး နည်းနည်းချနေပါတယ်။ ဒီကားထဲမှာ ရေကူးကန် ဇာတ်ဝင်ခန်း ပါတယ်။ Two-Pieces ဝတ်ရမယ်။ မေမီက အဲ့လိုမျိုး မဝတ်ရဲဘူး။ ကိုယ့် ခန္ဓာကိုယ်လည်း မလှတော့ ဝတ်ဖို့ ယုံကြည်ချက်မရှိဘူး။ အဲ့အပေါ်မှာ ဒါရိုက်တာကလည်း အရမ်း မလုံခြုံတာမျိုး မဝတ်ရဘူးလို့ ပြောတယ်”

“အဲ့အတွက် မေမီက မပေါ်အပ်တဲ့ နေရာတွေ မပေါ်အောင်တော့ ဝတ်စုံတွေ ပြင်ဆင်သွားမှာပေါ့။ မေမီ အရဲစွန့်ပြီး ရိုက်ရမှာပေါ့၊ မေမီကိုကို မဟုတ်ဘဲနဲ့။ ကာရိုက်တာအတွက် ကြိုးစားနေတာကြောင့် ပရိသတ်တွေလည်း နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ကာရိုက်တာအတွက် ကာရိုက်တာ မပီပြင်မှာတော့ စိုးရိမ် နေတယ်”လို့ မေမီကိုကိုက ပြောပါတယ်။

ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်နေတဲ့ မေမီကိုကိုက ရုပ်ရှင်ကားကြီးနဲ့ ဇာတ်လမ်းတွဲ ကွာခြားပုံတွေကိုလည်း အခုလိုပဲ ပြောပါတယ်။

“ဇာတ်လမ်းတွဲ ရိုက်ကူးရတာနဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးရတာကတော့ ဘာတွေ ကွာခြားလဲဆိုရင် ဇာတ်လမ်းတွဲကျတော့ လပေါင်းများစွာ ရိုက်ကူးပြီးတော့ Mood မဝင်ရင်တောင် ကြားညှပ်ပြီး စီးမျောလို့ ရတယ်။ ရုပ်ရှင်ကားကြီးကျတော့ ရက်တိုတယ်။ မရိုက်ခင်ကတည်းက ကာရိုက်တာကို စီးမျောနိုင်မှ ကွက်တိဖြစ်မှာပေါ့နော်။ အဲဒါတွေတော့ ကွာခြားသွားတယ်”

“နောက် ရုပ်ရှင်ကားကြီး အတွက်ကျတော့ ကိုယ်တိုင်ပဲ ဝတ်စုံ၊ မိတ်ကပ်တွေ ပြင်ဆင်ရတာပေါ့။ မိသားစုလည်း ဒုက္ခပေးရတာပေါ့။ ဇာတ်လမ်းတွဲကျတော့ ပြင်ဆင်ပေးပြီးသားဆိုတော့ ကာရိုက်တာအတွက် Mood သွင်းနေရုံပဲ”လို့ မေမီကိုကိုက ပြောပါတယ်။

မေမီကိုကို ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲ “တတိယမြောက် ဆုံမှတ်”ကို MRTV-4 မှာ ပြသနေပြီး နောက်ထပ်အနေနဲ့ “လိပ်ပြာနှောင်ကြိုး” ဇာတ်လမ်းတွဲလည်း ပြသသွားမယ်လို့ သိရပါတယ်။

“PLAYERS” ရုပ်ရှင်ဇာတ်ကားကြီးကို Bo Bo ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် မြင့်မြတ်၊ ထွန်းထွန်း၊ တိုင်ရွန်၊ အေးချမ်းမောင်၊ စိုးမြတ်သူဇာ၊ အိချောပို၊ မေမီကိုကိုနဲ့ ဆောင်းဝတ်ရည်မေတို့ ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

You may also like these stories:

ဇာတ်လမ်းတွဲများစွာ ရိုက်ကူးဖို့ရှိနေတဲ့ သရုပ်ဆောင် မေမီကိုကို

“ဂျီဟောသူ” ဇာတ်လမ်းတွဲအတွက် ကာရိုက်တာ လေ့လာမှုတွေ လုပ်နေတဲ့ မေမီကိုကို

Did you find apk for android? You can find new Free Android Games and apps.
Loading