Entertainment

ခင်ပွန်းလောင်းနဲ့ လျှို့ဝှက်လက်ထပ်လိုက်ပြီလို့ သတင်းထွက်လာတဲ့ မင်းသမီး Jennifer Lawrence

Want create site? Find Free WordPress Themes and plugins.

ဟောလိဝုဒ်မင်းသမီး Jennifer Lawrence နဲ့ သူ့ရဲ့ ခင်ပွန်းလောင်း Cooke Maroney တို့ဟာ နယူးယောက်မြို့မှာ ရှိတဲ့ လက်ထပ် မှတ်ပုံတင်ဌာနဆီ လာရောက်ခဲ့တာကို မြင်တွေ့ခဲ့ရပြီးတဲ့နောက် ပရိသတ်တွေက သူတို့နှစ်ဦး လက်ထပ်လိုက်ပြီလားဆိုတာကို ဆိုရှယ်မီဒီယာမှာ ဆွေးနွေးပြောဆိုတာတွေ ရှိလာခဲ့ပါတယ်။

မင်းသမီး Lawrence နဲ့ ခင်ပွန်းလောင်း Cooke Maroney တို့ဟာ သူငယ်ချင်းတဦး၊ ဓာတ်ပုံဆရာတဦး၊ ကိုယ်ရံတော် နှစ်ဦးနဲ့အတူ တရားရုံးထဲသို ဝင်သွားခဲ့တယ်လို့ Hollywoodlife မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

Page Six မီဒီယာကနေ ကိုးကားပြီး ဖော်ပြတဲ့ အဲ့ဒီသတင်းမှာဆိုရင် ကင်မရာသမားဟာ မင်းသမီး Lawrence နဲ့ အရင်က အလုပ်အတူ တွဲလုပ်ခဲ့တဲ့ ထိပ်တန်းဓာတ်ပုံဆရာ Mark Seliger ဖြစ်တယ်လို့ သိရပါတယ်။

ခင်ပွန်းလောင်း Maroney ဟာ သူ့ရဲ့ ဘယ်ဖက် လက်မှာရှိတဲ့ လက်စွပ်ကို ဖုံးကွယ်ခဲ့တာနဲ့ သူတို့စုံတွဲနှစ်ဦးဟာ တရားဝင် စာရွက်စာတမ်းတချို့ကို ကိုင်ဆောင်ပြီး လက်ချင်းချိတ် လမ်းလျှောက်လာခဲ့တာကြောင့် လျှို့ဝှက်လက်ထပ်လိုက်ပြီဆိုတဲ့ သံသယတွေကို ပိုပြီး ကြီးထွားလာစေခဲ့တာဖြစ်ပါတယ်။

မင်းသမီး Lawrence ရဲ့ ခင်ပွန်းလောင်း Maroney တို့ဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက စေ့စပ်ခဲ့ကြတာ ဖြစ်ပြီး လာမယ့်လထဲမှာ လက်ထပ်ပွဲ ပါတီကြီးတခုကို ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေလည်း ထွက်ထားပါတယ်။

စေ့စပ်ပြီးတဲ့နောက် မင်းသမီးနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်တခုက “Jennifer ဟာ Cooke ကို အရူးအမူးချစ်မိနေပြီး စေ့စပ်တာကိုလည်း တော်တော်လေး ပျော်ရွှင်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ တော်တော်လေးကို လိုက်ဖက်ညီပြီး ခင်ပွန်းလောင်း မရှိတဲ့ သူ့ရဲ့ဘဝကို စဉ်းစားလို့ မရအောင်ပဲ ဖြစ်နေပါတယ်။ သူ့ရဲ့ စိတ်ကူးအိပ်မက်ထဲက ဒီလိုအမျိုးသားမျိုးနဲ့ လက်ထပ်ရမှာ တော်တော်လေး ကံကောင်းတယ်လို့လည်း ခံစားနေရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ မင်းသမီးဟာ Maroney ကို ချစ်မြတ်နိုးတဲ့အကြောင်း ပြောပြခဲ့ဖူးပါတယ်။ သူက “ကျမ လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ နေရာတခုမှာတော့ ရှိမနေခဲ့ပါဘူး။ ကျမက Cooke နဲ့ ဆုံတွေ့ခဲ့ပြီး သူ့ကို လက်ထပ်ချင်ခဲ့တာပါ။

“Hunger Games” ရုပ်ရှင်မင်းသမီးက သူ့ထက်အသက် ၄ နှစ်ကြီးတဲ့ Maroney နဲ့ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ စတင်တွဲခဲ့ကြတာဖြစ်ပါတယ်။ Maroney ဟာ Manhattan အနုပညာပြခန်း တခုဖြစ်တဲ့ Gladstone 64 ရဲ့ ညွှန်ကြားရေးမှူးတဦးလည်း ဖြစ်ပါတယ်။

Ref: hindustantimes, CNN

Did you find apk for android? You can find new Free Android Games and apps.
Loading